အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၁ အောက်တိုဘာ ၂၀၂၀

၂၀:၂၁:၃၂
1080093

စူရဟ် စဗါအ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် စဗါအ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် စဗါအ် အကြောင်း သိကောင်းစရာအမည် - စဗါအ်

အဓိပ္ပာယ် - ယီမင်နိုင်ငံ ရှိ လှပသည့် မြို့ တစ်မြို့ ၏ အမည်

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် - ၁၅

စဗါအ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

စဗါအ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂ ကြိမ်

အစောင် -၂၂ရကူအပိုဒ်တော်ပေါင်း - ၆အာယသ်တော်ပေါင်း - ၅၄

စကားလုံးတော်ပေါင်း - ၈၈၅

အက္ခရာတော်ပေါင်း - ၃၅၉၂

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၈ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၅၈

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် လွတ်က်မန်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဇိုမိုရ်

ဤစူရဟ်၏ အခြားအမည်များ - ၁။ စဗါအ် ၂။ ဒါဝတ်ဒ်

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ်တွင် စဗါအ် မြို့ နှင့်ပတ်သက်သည့် ဖြစ်ရပ်မှန် တစ်ခု ကို တင်ပြထားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို နေတွင် ဟမ်ဒ် ၂ ခု ကို ပြုမည် တစ်နည်းအားဖြင့် စူရဟ် စဗါအ် နှင့် စူရဟ် ဖွာသွေရ် သေလာဝသ် ပြုမည်ဆိုလျှင် မနက်မိုးလင်းချိန်အထိထို သူသည် အလ္လာဟ် ဟို အရှင်မြတ် နှင့် ကောင်းကင်တမန်များ ၏ ကာကွယ်စောင်ရှောက်ပေးမှု တွင် ရှိနေမည် ဖြစ်ပြီး မနက်ကို သေလာဝသ် ပြုမည်ဆိုလျှင် မကရူတိုင်း နှင့် ဝေးကွာ မည် ဖြစ်ပါသည်။ ၎င်းအား လောကီကောင်းကျိုး လောကုတ္တရာ ကောင်းကျိုး ကို ပေးသနားတော် မူမည်။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၈ ၊ စာမျက်နှာ ၁၉၀ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

******************************************

END / 251