အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၄ အောက်တိုဘာ ၂၀၂၀

၂၀:၂၄:၄၂
1080798

စူရဟ် ယာစင်န် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ယာစင်န် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


စူရဟ် ယာစင်န် အကြောင်း သိကောင်းစရာအမည် - ယာစင်န်

အဓိပ္ပာယ် - မဟာတမန်တော်မြတ် ဟဇရသ် မိုဟမ္မဒ် (صلی الله علیه وآله) ၏ အမည်

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် - ၁

နူးရ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

နူးရ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁ ကြိမ်အစောင် - ၂၂ နှင့် ၂၃

ရကူအပိုဒ်တော်ပေါင်း - ၅အာယသ်တော်ပေါင်း - ၈၃

စကားလုံးတော်ပေါင်း - ၇၃၀

အက္ခရာတော်ပေါင်း - ၃၀၆၈ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၃ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၄၁ ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဂျင်န်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဖိုရ်ကန်

ဤစူရဟ်၏ အခြားအမည်များ - ၁။ ယာစင်န် ၂။ ဟဘီးဗ် နဂျာရ် ၃။ ဒါဖေအဟ် ၄။ မိုအမ်မမဟ်

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ ပထမ အာယသ် တော် တွင် ယာစင်န် ဆိုသည့် စကားလုံး ပါဝင်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

ထူးခြားသည့်ကြင်အင်လက္ခဏာ - ကျမ်းတော်မြတ်ကုရ်အာန် ၏ နှလုံးသား ဖြစ်ပါတယ်

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။

“အရာရာ တိုင်း အတွက် နှလုံးသား ရှိပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် ၏ နှလုံးသားသည် စူရဟ် ယာစင်န် ဖြစ်ပါသည်။ အကြင်မည်သူ မဆို ည (သို့မဟုတ်) နေ့ စူရဟ် ယာစင်န်အား သေလာဝသ် ပြုမည်ဆိုလျှင် ဘေးအန္တရာယ် များ မှ ကာကွယ်မှု ရရှိပေမည် ။ စားနပ်ရိက္ခာ ရရှိမည် ။ အကြင်မည်သူမဆို အိပ်ယာ မဝင်မည် အလျှင် ဤ စူရဟ် ယာစင်န် အား သေလာဝသ် ပြုမည် ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ၎င်းအား ရှိုင်တွန် ရဂျီးမ် ၏ အန္တရာယ်များ မှ ကာကွယ် ပေးရန် ကောင်းကင်တမန် အပါး ၁၀၀၀ အား စေလွတ်တော်မူမည်။ အကယ်၍ နေ့ တွင် အလ္လာဟ် အမိန့် ခံသွား မည်ဆိုလျှင် ဂျန္နသ် အတွင်း ဝင်ရောက် စံမြန်းရပေမည်။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၈ ၊ စာမျက်နှာ ၂၅၅ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

******************************************

END / 251