အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၅ အောက်တိုဘာ ၂၀၂၀

၂၀:၂၈:၁၈
1080884

စူရဟ် ဆွာဖါသ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဆွာဖါသ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


စူရဟ် ဆွာဖါသ် အကြောင်း သိကောင်းစရာအမည် -ဆွာဖါသ် (တန်းဝင်စီသူများ)

အဓိပ္ပာယ် - ဆွာဖေဟ်၏ အများ ကိန်း

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် - ၁

နူးရ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၂ ကြိမ်

နူးရ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၇ ကြိမ်

အစောင် - ၂၃

ရကူအပိုဒ်တော်ပေါင်း - ၅အာယသ်တော်ပေါင်း - ၁၈၂

စကားလုံးတော်ပေါင်း - ၈၆၆

အက္ခရာတော်ပေါင်း - ၃၉၀၃ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁၅ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မဒီနာ ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၅၆

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် အန်အါမ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် လွတ်က်မန်

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ ပထမ အာယသ် တော် တွင် ဆွာဖါသ် ဆိုသည့် စကားလုံး ပါဝင်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

 

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။

“ အကြင်မည်သူမဆို သောကြာနေ့ တိုင်း စူရဟ် ဆွာဖါသ် ၏ သေလာဝသ် ပြုမည် ဆိုလျှင် လောကီ ဆိုင်ရာဘေးအန္တရာယ် တိုင်း မှ အကာကွယ် ရမည် ဖြစ်ပါသည်။ အလ္လာဟ် ဟို အရှင်မြတ် သခင် ၎င်း ၏ ရိုဇီ အား ပေါများ စေတော်မူမည်။ ၎င်း၏ ကိုယ်ခန္ဓာ ၊ ပစ္စည်း ၊ဥစ္စာ၊သားသမီး ထံ ရှိင် တွာန် ရဂျီးမ်ရောက်မည် မဟုတ်ချေ။ ပြီး၎င်း ၈ျန္နသ် တွင် ဝင်ရောက် စံမြန်း ရမည် ဖြစ်ပါသည်။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၈ ၊ စာမျက်နှာ ၂၉၃ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

******************************************

END / 251