အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၈ အောက်တိုဘာ ၂၀၂၀

၂၀:၂၅:၅၄
1081772

စူရဟ် ဇိုမိုရ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဇိုမိုရ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် ဇိုမိုရ် အကြောင်း သိကောင်းစရာအမည် - ဇိုမိုရ်

အဓိပ္ပာယ် - ဇိုမ်ရဟ်၏ အများကိန်း ဖြစ်ပြီး ၊ဤနေရာတွင် ကေယာမသ် ကို ဆိုလိုပါတယ်

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် - ၇၁

ဇိုမိုရ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၂ ကြိမ်

ဇိုမိုရ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂ ကြိမ်

အစောင် - ၂၃ နှင့် ၂၄ ရကူအပိုဒ်တော်ပေါင်း - ၈အာယသ်တော်ပေါင်း - ၇၅

စကားလုံးတော်ပေါင်း - ၁၁၇၅

အက္ခရာတော်ပေါင်း - ၄၈၇၁

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၅၉ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် -၅၉ ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် စဗါအ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် မိုအ်မင် (ဂါဖေရ်)

ဤစူရဟ်၏ အခြားအမည်များ - ၁။ ဇိုမိုရ် ၂။ ဂရ်ဖ် ၃။ စူရဟ်လ်အရပ်

အမည့်ထွင်ရသည့်အကြောင်း - ဇိုမိုရ်ဆိုသည့် စကားလုံးသည် ကျမ်းတော်မြတ် ကုရ်အာန် တွင် ၂ ကြိမ်သာ ပါရှိပါတယ်။ ၂ကြိမ် လုံး ဤ စူရဟ် တွင် ပါဝင်ပါသည်။ ဤ အတွက်ကြောင့် အမည့်ထွင် ခြင်းဖြစ်ပါတယ်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို ဇိုမိုရ် အား သေလာဝသ် ပြုမည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ၎င်းအား လောကီလောကုတ္တရာ ဂုဏ် သိက္ခာ ကို ပေးသနားတော် မူမည် ၊ ပစ္စည်းဥစ္စာ ကြောင့် ဆွေမျိုးများ ကြောင့် မဟုတ်ဘဲ ဂုဏ်သိက္ခာ ရှင် ဖြစ်ပေမည်။ ဤ ကို ကြည့်သူများ မြင်သူ များ ဂုဏ်ယူ ကြပေမည်။ ၎င်း အတွက် ဂျဟ္နနမ် မီး ဟရာမ် ဖြစ်ပါသည်။ ။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၈ ၊ စာမျက်နှာ ၃၈၁ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M