အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၈ အောက်တိုဘာ ၂၀၂၀

၂၀:၂၇:၀၄
1081774

စူရဟ် ဂါဖေရ် (မိုအ်မင်) အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဂါဖေရ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် ဂါဖေရ် အကြောင်း သိကောင်းစရာအမည် -ဂါဖေရ်

အဓိပ္ပာယ် - ခွင့်လွှတ် ပေးသူ

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် - ၃

ဂါဖေရ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ဂါဖေရ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁ ကြိမ်

အစောင် - ၂၄ ရကူအပိုဒ်တော်ပေါင်း - ၉အာယသ်တော်ပေါင်း - ၈၅

စကားလုံးတော်ပေါင်း - ၁၂၂၅

အက္ခရာတော်ပေါင်း - ၅၁၀၉

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၅၃ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၆၀ ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဇိုမိုရ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဖိုစေလသ်

ဤစူရဟ်၏ အခြားအမည်များ - ၁။ ဂါဖေရ် ၂။ မိုအ်မင် ၃။ သောင်လ် ၄။ ဟာမီးမ် အူလာ

 

အမည့်ထွင်ရသည့်အကြောင်း - ကျမ်းတော်မြတ်ကုရ်အာန် တစ်အုပ်လုံးတွင် ဂါဖေရ် ဆိုသည့် စကားလုံး ဤ စူရဟ် တစ်ခုတည်းတွင်ပါသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

 

အကျိုးအာနိသင် - အေမာမ် မိုဟမ္မဒ် ဘာကဲရ် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို ၃ ရက်တိုင်း စူရဟ် ဂါဖေရ် ၏ သေလာဝသ် ပြုမည် ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ၎င်း ၏ အတိတ် နှင့်အနာဂတ် ၏ ဂိုနာ များ ကို ခွင့်လွှတ်တော်မူပေမည် ။ ၎င်းအား သီလ သမာဓိ ရှိသူ ဖြစ်စေတော် မူမည် ။ ၎င်း အား လောကီ ထက် လောကုတ္တရာ တွင် ကောင်းကျိုးများပိုမို၍ ပေးသနားတော်မူမည်။ ။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၈ ၊ စာမျက်နှာ ၄၂၃ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

******************************************

END / 251