အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၈ ဧပြီ ၂၀၂၁

၁၉:၃၀:၀၆
1135921

စူရဟ် ဂါရှေယဟ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဂါရှေယဟ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် ဂါရှေယဟ် အကြောင်း သိကောင်းစရာ

အမည် - ဂါရှေယဟ်

အဓိပ္ပာယ် - غشاوهဆိုသည့် မူရင်းစကားလုံး မှ ဖြစ်ပြီး ၊ အဓိပ္ပာယ် မှာ ဖုံးကွယ်ပေးသူ ၊ ဆိုလိုချက်မှာ ကေယာမသ် ဖြစ်ပါသည်။

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

ဂါရှေယဟ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ဂါရှေယဟ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁

အာယသ်တော်ပေါင်း - ၂၆

စကားလုံးတော်ပေါင်း - ၉၂

အက္ခရာတော်ပေါင်း - ၃၈၂    

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၆၈

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဇာရီယာသ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ကဟ်ဖ်

 

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ ပထမ အာယသ်ပါ စကားလုံး ကြောင့် ဖြစ်ပါသည်။ ။

 

အကျိုးအာနိသင် -အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။

 

“ အကြင်မည်သူ မဆို နမာဇ် အား စူရဟ် ဂါရှေယဟ် နှင့် အမြဲ တစေဖတ်မည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ၎င်းအား လောကီ လောကုတ္တရာ တွင် (မိမိ၏) အရိပ် အောက်တွင် ထားတော် မူမည်။ ပြီးနောက် လောကုတ္တရာ (အာခေရသ်) တွင် ၎င်း အား ဂျဟန္နမ် ငရဲမီး မှ လုံခြုံ စေမည်။ ”

 

(မဂ်ျမအိုလ်ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၃၃၃ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

*****************************************************************

END / 251