အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂ မေ ၂၀၂၁

၁၉:၂၇:၃၄
1137122

စူရဟ် ဖဂ်ျရ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဖဂ်ျရ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် ဖဂ်ျရ် အကြောင်း သိကောင်းစရာ

အမည် - ဖဂ်ျရ်

အဓိပ္ပာယ် - မနက်

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

ဖဂ်ျရ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ဖဂ်ျရ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၆ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁

အာယသ်တော်ပေါင်း - ၃၀

စကားလုံးတော်ပေါင်း - ၁၃၉

အက္ခရာတော်ပေါင်း - ၅၈၄    

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၀ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၁၀

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် လိုင်းလ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဇိုဟာ

ဤစူရဟ်၏ အခြားအမည်များ - ၁။ ဖဂ်ျရ် ၂။ အင်န်ကေလာဗ် ၃။ ဟိုစိုင်းန် (အ.စ)

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ ပထမ အာယသ်ပါ ဖဂ်ျရ် ဆိုသည့် စကားလုံး ကြောင့် ဖြစ်ပါသည်။ ။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - ဤစူရဟ် သည် အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ကျရောက် လာခြင်း ဖြစ်ပါသည်။ အကြောင်းမှာ နဖ်စေမွတ်သွမအန် ဆိုသည်မှာ အေမာမ် ဟိုစိုင်းန် (အယစ) ဖြစ်သည့် အတွက် ကြောင့် ဖြစ်ပါသည်။

 

အကျိုးအာနိသင် - တမန်တော်မြတ်ကြီး မိုဟမ္မဒ် (صلّی الله علیه وآله ) မိန့်တော်မူသည်။

 

“ အကြင်မည်သူ မဆို ဇေလ်ဟစ်ဂျာဟ် လမြတ် ၏ ဆယ်ည တွင် စူရဟ် ဖဂ်ျရ် ၏ သေလာဝသ် ပြုမည် ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ၎င်း သေလာဝသ် ပြု သူ၏ အပြစ်များကို ခွင့်လွတ်ပါလပ်ပေးသနားတော် မူမည်။ထိုပြင် အခြား နေ့များတွင်လည်း သေလာဝသ် ပြုမည်ဆိုလျှင် ကေယာမသ် နေ့ တွင် လင်းဝင်း တောက်ပ နေမည် ။ ”

 

(မဂ်ျမအိုလ်ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၃၄၁ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

*****************************************************************

END / 251