အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၈ မေ ၂၀၂၁

၁၉:၂၅:၂၂
1138952

စူရဟ် ဗလဒ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဗလဒ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် ဗလဒ် အကြောင်း သိကောင်းစရာ

အမည် - ဗလဒ်အဓိပ္ပာယ် - မြို့

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

ဗလဒ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၂ ကြိမ်

ဗလဒ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁၉ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁

အာယသ်တော်ပေါင်း - ၂၀

စကားလုံးတော်ပေါင်း - ၈၂

အက္ခရာတော်ပေါင်း - ၃၄၂    

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၀ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၃၅

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ကာဖ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် သွာရေက်

 

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ ပထမ အာယသ်ပါ ဗလာဒ် ဆိုသည့် စကားလုံး ကြောင့် ဖြစ်ပါသည်။ ။

 

 

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။

 

 

“ အကြင်မည်သူ မဆို ဝါဂျစ်ဗ် နမာဇ် တွင် စူရဟ် ဗလာဒ် ၏ သေလာဝသ် ပြုမည် ဆိုလျှင် ၎င်း သေလာဝသ် ပြုသူလောကီ တွင် သီလ၊သမာဓိရှိသူ အဖြစ်ကျော်ကြားမည် ။လောကုတ္တရာ တွင် အလ္လာဟ် ဟို အရှင်မြတ် နေရာ ပေးသူအဖြစ် ရှင်ပြန်ထမြောက်မည်။ ပြီးနောက် ကေယာမသ်နေ့ တွင် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၊ သာသနာ့ အာဇာနည်များ ၊ သီလ၊သမာဓိရှိ သူများ ဓမ္မသတ်ပညာရှင်များ နှင့် အတူ ရှိနေပေမည် ။”

 

(မဂ်ျမအိုလ်ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၃၅၇ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

*****************************************************************

END / 251