အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၉ မေ ၂၀၂၁

၁၉:၂၈:၁၅
1139336

စူရဟ် ရှမ်စ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ရှမ်စ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် ရှမ်စ် အကြောင်း သိကောင်းစရာ

အမည် - ရှမ်စ်

အဓိပ္ပာယ် - သူရိယနေမင်း

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

ရှမ်စ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ရှမ်စ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၃၃ ကြိမ်

အစောင် - ၃၀ရကူအပိုဒ်တော်ပေါင်း - ၁

အာယသ်တော်ပေါင်း - ၁၅

စကားလုံးတော်ပေါင်း - ၅၄

အက္ခရာတော်ပေါင်း - ၂၅၃  

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၂ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၂၆

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ကဒဲရ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဗရူဂ်ျ

ဤစူရဟ်၏ အခြားအမည်များ - ၁။ ရှမ်စ် ၂။ နာအေဟ်ဟေ ဆွာလေဟ် ၃။ သဲဟ်ဇီးဗေနဖ်စ် ၄။ သသွဟီးရ် ကိုလူဗ်

အမည့်ထွင်ရသည့်အကြောင်း - ဤ စူရဟ် ၏ ပထမ အစ အာယသ်သည် ရှမ်စ် ဆိုသည့် စကားလုံး ဖြင့် စထားသည့် အတွက် ကြောင့် ဖြစ်ပါသည်။ ။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - ကျိန်ဆိုထားမှု အများဆုံး ပါသည့် စူရဟ် ဖြစ်ပါသည်။

အကျိုးအာနိသင် - တမန်တော်မြတ်ကြီး မိုဟမ္မဒ် (صلّی الله علیه وآله ) မိန့်တော်မူသည်။

 

“အကြင်မည်သူမဆို စူရဟ် ရှမ်စ် ၏ သေလာဝသ် ပြုမည် ဆိုလျှင် တစ်နည်းအား ဖြင့် ၎င်းသေလာဝသ်ပြုသူသည် နေရောင်ခြည် ကျရောက်သည့် အရာများ နှင့် အညီ အလ္လာဟ် ဟို အရှင်မြတ် ၏ လမ်းတွင် ဆဒ်ကာ ပေးကမ်း ခြင်း နှင့် အတူတူ ဖြစ်ပေမည်။ ”

 

(မဂ်ျမအိုလ်ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၃၅၇ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

*****************************************************************

END / 251