အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၀ မေ ၂၀၂၁

၁၉:၁၄:၃၂
1139722

စူရဟ် အလာမ်နရှ်ရာဟ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် အလာမ်နရှ်ရာဟ်အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


စူရဟ် အလာမ်နရှ်ရာဟ် အကြောင်း သိကောင်းစရာ

အမည် - အလာမ်နရှ်ရာဟ်

အဓိပ္ပာယ် - ကျယ်ပြန့်သည့် ရင်တော် ( သည်းခံနိုင်သည့်ရင် ၊ ဇွဲရှိသည့် ရင်)

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

အလာမ်နရှ်ရာဟဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

အလာမ်နရှ်ရာဟ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၅ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁အာယသ်တော်ပေါင်း -၈

စကားလုံးတော်ပေါင်း - ၂၇

အက္ခရာတော်ပေါင်း - ၁၀၂

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၀ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - ဒဖ်အီ (တစ်ခါတည်း)

ကျရောက်သည့်အမှတ်စဉ် - ၁၂

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဇိုဟာ

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် အဆွရ်

 

ဤစူရဟ်၏ အခြားအမည်များ - ၁။ အင်န်ရှေရာဟ်  ၂။ ရှရ်ဟ် ၃။ အလာမ်နရှ်ရာဟ်

 

အမည့်ထွင်ရသည့်အကြောင်း - ဤ စူရဟ် ၏ ပထမ အစ အာယသ်သည် နရှ်ရ် ဆိုသည့် စကားလုံး ဖြင့် စထားသည့် အတွက် ကြောင့် ဖြစ်ပါသည်။ ။

 

အကျိုးအာနိသင် - တမန်တော်မြတ်ကြီး မိုဟမ္မဒ် (صلّی الله علیه وآله ) မိန့်တော်မူသည်။

 

“အကြင်မည်သူမဆို စူရဟ် အလာမ်နရှ်ရာဟ် ၏ သေလာဝသ် ပြုမည် ဆိုလျှင် တမန်တော်မြတ် (ဆွ) အား ဖူးတွေ့ရမည် ။အကယ်၍ ဝမ်းနည်းပြီး စိတ်ပျက်နေမည်ဆိုလျှင် ပြေပျောက် စေ တော်မူမည်။”

 

(မဂ်ျမအိုလ်ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၃၈၇ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

 

*****************************************************************

END / 251