အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၀ မေ ၂၀၂၁

၁၉:၂၆:၃၃
1139727

စူရဟ် အလက် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် အလက်အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် အလက် အကြောင်း သိကောင်းစရာ

အမည် - အလက်

အဓိပ္ပာယ် - သွေး ၊ သွေးခဲ

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁ နှင့်၂

အလက် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

အလက် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၇ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁

အာယသ်တော်ပေါင်း - ၁၉

စကားလုံးတော်ပေါင်း - ၇၂

အက္ခရာတော်ပေါင်း - ၂၈၈

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၁

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - မည်သည့် စူရဟ် မျှ မရှိချေ။

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ကလမ်

 

ဤစူရဟ်၏ အခြားအမည်များ - ၁။ အလက်   ၂။ အေက်ရာအ် ၃။ အေက်ရာအ်ဗစ်မေရဗ်ဗေက်

 

အမည့်ထွင်ရသည့်အကြောင်း - ဤ စူရဟ် ၏ ဒုတိယ အာယသ်တွင် အလက် ဆိုသည့် စကားလုံး ဖြင့် စထားသည့် အတွက် ကြောင့် ဖြစ်ပါသည်။

ထူးခြားသည့်ကြင်အင်လက္ခဏာ - ၁။ ဝဟီ ဤစူရဟ် မှ စတင်ခဲ့ပါသည်။ ၂။ နောက်ဆုံး ဝဂျစ်ဗ် စဂ်ျဒဟ် ဤ စူရဟ် တွင် ရှိပါသည်။

 

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။

 

“အကြင်မည်သူမဆို စူရဟ် အလက် အား နေ့ သို့မဟုတ် ည သေလာဝသ် ပြုမည်ဆိုလျှင် ၎င်း ၏ သေဆုံး ခြင်းသည် ရှဟီးဒ် အဖြစ် သေဆုံးခြင်းဖြစ်မည်။ ရှဟီးဒ် များ၏ အဆင့်အတန်း ကို ရရှိမည် ဖြစ်ပြီး တမန်တော်မြတ် (ဆွ) နှင့် အတူ စစ်တိုက်ခဲ့သည့် ပမာ ဖြစ်ပေမည်။”

(မဂ်ျမအိုလ်ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၃၉၂ )

 

 

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

*****************************************************************

END / 251