အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၀ မေ ၂၀၂၁

၁၉:၂၈:၀၃
1139728

စူရဟ် ကဒ်ရ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ကဒ်ရ်အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် ကဒ်ရ် အကြောင်း သိကောင်းစရာအမည် - ကဒ်ရ်

အဓိပ္ပာယ် - အရွယ်အစား ၊ အရေအတွက်

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

ကဒ်ရ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၃ ကြိမ်

ကဒ်ရ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၃ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁အာယသ်တော်ပေါင်း - ၅

စကားလုံးတော်ပေါင်း - ၃၀

အက္ခရာတော်ပေါင်း - ၁၁၅

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၀ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၂၅

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် အဗစ

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ရှမ်စ်

အမည့်ထွင်ရသည့်အကြောင်း - ဤ စူရဟ် ၏ ပထမ ၊ ဒုတိယ နှင့် တတိယ အာယသ်တွင် ကဒ်ရ် ညမြတ် ၏ ထွတ်မြတ်မှု ကို တင်ပြထားသည့် အတွက် ကြောင့် ဖြစ်ပါတယ်။

ထူးခြားသည့်ကြင်အင်လက္ခဏာ - ကဒ်ရ် ညမြတ် ၏ ထွတ်မြတ်မှု ကို တင်ပြထားပါ သည်။ ပြီးနောက် ကဒဲရ် ညမြတ် တွင် ကျမ်းတော်မြတ် ကျရောက်ခဲ့ကြောင်း အထောက်အထား လာရှိပါ သည်။

 

အကျိုးအာနိသင် - တမန်တော်မြတ်ကြီး မိုဟမ္မဒ် (صلّی الله علیه وآله ) မိန့်တော်မူသည်။

 

“ စူရဟ် ကဒ်ရ် ၏ သေလာဝသ် ပြုသူများ ၏ စဝါးဗ် မှာ လမြတ်ရမ်တွာန် တွင် ရိုဇာ ထားသူများ၏ စဝါးဗ် နှင့် အတူတူ ဖြစ်ပါသည်။ ”

(မဂ်ျမအိုလ်ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၀၃ )

 

 

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

*****************************************************************

END / 251