အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၀ မေ ၂၀၂၁

၁၉:၀၄:၀၉
1142877

စူရဟ် ဗိုင်ယေနဟ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဗိုင်ယေနဟ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် ဗိုင်ယေနဟ် အကြောင်း သိကောင်းစရာ

အမည် - ဗိုင်ယေနဟ်

အဓိပ္ပာယ် - بیانဆိုသည့် မူရင်း စကားလုံး မှ ဖြစ်ပြီး အဓိပ္ပာယ် မှာ မီးမောင်းထိုးပြခြင်း၊ အလင်းပြခြင်း ဖြစ်ပါသည်။

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

ဗိုင်ယေနဟ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၂ ကြိမ်

ဗိုင်ယေနဟ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁၉ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁

အာယသ်တော်ပေါင်း -၈

စကားလုံးတော်ပေါင်း - ၉၄

အက္ခရာတော်ပေါင်း - ၄၀၄ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၃ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - ဒဖ်အီ (တစ်ချိန်တည်း)

ကျရောက်သည့်အမှတ်စဉ် - ၁၀၀

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် သွာလာက်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဟရှ်ရ်

ဤစူရဟ်၏ အခြားအမည်များ - ၁။ ဗိုင်ယေနဟ် ၂။ ဗရ်အီးယဟ် ၃။ လန်မ်ယကိုနေလ်လဇီးန် ၄။ အဲဟ်လေ့ကေသာဗ် ၅။ ကေယာမသ်

အမည့်ထွင်ရသည့်အကြောင်း - ဤ စူရဟ် ၏ အစ ပထမ တွင် ဗိုင်ယေနဟ် ဆိုသည့် စကားလုံး နှင့် စထသည့် အတွက်ကြောင့် ဖြစ်ပါသည်။

 

အကျိုးအာနိသင် - တမန်တော်မြတ်ကြီး မိုဟမ္မဒ် (صلّی الله علیه وآله ) မိန့်တော်မူသည်။

 

“ အကယ်၍ လူထု အနေဖြင့် စူရဟ် ဗိုင်ယေနဟ် ၏ ကြီးကျယ် ထွတ်မြတ်မှုကို သိမည်ဆိုလျှင် ဥစ္စာပစ္စည်း၊ ငွေကြေး ၊ ဇနီး ၊ သားသမီးများ ကို လွတ်၍ ၎င်း စူရဟ်နောက် လိုက်ကြပေမည်။ ”

(မဂ်ျမအိုလ်ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၁၁ )

 

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

*****************************************************************

END / 251