အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၁ မေ ၂၀၂၁

၁၉:၂၆:၄၄
1142996

စူရဟ် ဇေလ်ဇါလ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဇေလ်ဇါလ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် ဇေလ်ဇါလ် အကြောင်း သိကောင်းစရာ

အမည် - ဇေလ်ဇါလ်

အဓိပ္ပာယ် - မြေငလျင်

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

ဇေလ်ဇါလ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၂ ကြိမ်

ဇေလ်ဇါလ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၆ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁

အာယသ်တော်ပေါင်း - ၈

စကားလုံးတော်ပေါင်း - ၃၆

အက္ခရာတော်ပေါင်း - ၁၅၈

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၀ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မဒီနာ ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၉၃

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် နေစာ

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဟဒီးဒ်

ဤစူရဟ်၏ အခြားအမည်များ - ၁။ ဇေလ်ဇါလ် ၂။ ဇေလ်ဇလဟ်

အမည့်ထွင်ရသည့်အကြောင်း - زلزالت၏ မူရင်းစကားလုံး မှာ زلزالဖြစ်ပြီး ပထမဆုံး အာယသ် တွင် ဖြစ်လာရှိပါသည်။ ဤစကားလုံးကြောင့် ဖြစ်ပါသည်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။

“ စူရဟ် ဇေလ်ဇါလ် ကို သေလာဝသ် ပြုရန် မမေ့ ကြပါနှင့် ။ အကြင်မည်သူမဆို မွတ်စ်သဟဗ် နမာဇ် တွင် ဖတ်ရွတ်မည်ဆိုလျှင် ၎င်းသည် မည်သည့် အခါ မျှ မြေငလျင် ဘေး နှင့် ကြုံရမည် မဟုတ် ချေ။ မြေငလျင် ဒဏ် ၊ မိုးကြိုးပစ်ဒဏ် ၊ ကမ္ဘာ ဘေး အန္တရာယ်ဒဏ် များ ၊ ကပ်ဒဏ် များ နှင့် သေရမည် မဟုတ်ချေ။ ကွယ်လွန်ပြီးနောက် ဂျန္နသ် တွင် ဝင်ရောက် ရပေမည်။”

 

(မဂ်ျမအိုလ် ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၁၆ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူ /A.F.H.M

*****************************************************************

END / 251