အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၁ ဩဂုတ် ၂၀၂၁

၁၉:၂၈:၀၈
1168837

ဘဝတွင် ကျမ်းတော်မြတ်ကုရ်အာန် ၏ အခန်းကဏ္ဍ

ဘဝတွင် ကျမ်းတော်မြတ်ကုရ်အာန် ၏ အခန်းကဏ္ဍဖြစ်ကြောင်း တင်ပြထားပါတယ်။ အာယာ သွလ္လာဟ် မစ်ဗာယဇ်ဒီ(ရ.ဟ) ၏ တင်ပြချက် ဖြစ်ပါ တယ်။


 

အမီရွလ်မိုအ်မေနီ ဟဇရသ် အလီ (အ.စ) အနေဖြင့် ရှိသမျှအခက်အခဲ ၊ ဒုက္ခမှန်သမျှ ၏ ဖြေရှင်းနိုင်သည့် အဓိက သော့ မှာ ကျမ်းတော်မြတ် ကုရန်အာန် ဖြစ်ကြောင်း မိတ်ဆက် ပေး၍ မိန့်တော်မူသည်မှာ وَ دَوَائَ دَائِکُمْ وَ نَظمَ مَا بَینَکُمအသင်တို့၏ ရောဂါဝေဒနာ အတွက် ဆေး ၊ အသင်တို့ အခက်အခဲ၊ဒုက္ခကို ဖြေရှင်း မည့်လမ်း ၊ အသင်တို့၏ အလုပ် အကိုင်များတွင် စည်းစနစ်ရှိလာမှု အတွက် အကြောင်းခံ မှာ ကျမ်းတော် မြတ် ကုရ်အာန် ဖြစ်ပါသည်။ ကျမ်းတော်မြတ်ကုရ်အာန် သည် ဝေဒနာကို ပျောက် ကင်းစေ သည့် ဆေးဖြစ်ပြီး ရှိသမျှ ဝေဒနာ များ အားလုံး အတွက် ကုသသည့်ဆေးဖြစ်ပါ သည်။ ကျမ်းတော်မြတ် ကုရ်အာန် ဖြင့် ရှိသမျှရောဂါ ဝေသနာ ကို ကင်းဝေ စေပါသည်။ ကျွန်ုပ်တို့ အနေဖြင့် ရောဂါဝေသနာကို ပျောက်စေသည့်ဆေးညွှန် အား မလွဲမသွေ လေ့လာ ဖတှ်ု လေ့လာ ရပါမည်။ ၎င်းကျမ်းတော်မြတ်ကုရ်အာန် အား ဆင်ခြင် တွေး တော်မှု နှင့်အတူ အသေအချာ စိစစ် လေ့လာ ရပါမည်။ ရှိသမျှတစ်ဦးချင်း ဆိုင်ရာ နှင့် အများနှင့် ဆိုင်ရာ အခက်အခဲများ ၊ဒုက္ခများ နှင့် ရောဂါဝေဒနာများ အတွက် ကုသနည်း ကို သိရှိ ရမည်ဖြစ်ပါသည်။

      ရှင်းလင်းနေသည့် အချက်မှာ ဝေသနာ ကို မခံစားရသေးဘဲ အခက်အခဲကို မသိ သေးဘဲ ဆေးကို ပြုလုပ်ခြင်းသည် ဘာသဝမကျပေ။ ဤအတွက်ကြောင့် ပထမဦးစွာ တစ်ဦး ချင်း ဆိုင်ရာ နှင့် အများနှင့် ဆိုင်ရာ ဝေဒနာ အခက်အခဲများ ကို သိအောင် လုပ်ရ ပါမည်။ ပြီးနောက် ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော်များ ကို လေ့လာ ပြီး ၎င်း အာယသ်တော်များ တွင် စဉ်းစားဆင်ခြင် တွေးတော်ခြင်းဖြင့် ဝေဒနာ များကို သိရှိ သင့် ပါသည်။ ပြီးနောက် ပျောက်ကင်းစေသည့်ဆေးညွှန်ကို သုံး၍ ၎င်းဝေဒနာများကို ကုသရပါမည်။

ယနေ့ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင် တွင် အခက်အခဲပေါင်း အမြောက်အများ ပါရှိနေပါသည်။ တစ်ဦး ချင်း ဆိုင်ရာ အခက်အခဲဖြစ် အများနှင့် ဆိုင်သည့် အခက်အခဲ ဖြစ်စေ ပါသည်။ ၎င်းအခက်အခဲများကို အားလုံးဖြေရှင်း အဆင်ပြေစေလို ကြပါသည်။ ထောင့်စဲု ကဏ္ဍစုံတွင်တိုးတက်နေသော်လည်း အခက်အဲများ အများအပြား ကျန်ရှိနေ ပါသည်။ တာဝန်ရှိ ပုဂိုလ်များ မှလည်း မည်သည့် ပုံသဏ္ဍာန် နှင့် ဖြစ်စေ ဖြေရှင်းသွား အောင် အဆင်ပြေသွား အောင်အမြဲ ကြိုးပမ်းနေကြပါသည်။

ဟဇရသ် အလီ (အ.စ) အနေဖြင့် ဤ ခွသ်ဗာ တော် တွင် မိန့်ကြားတော်မူသည်။

وَ دَوَاءَ دَائِکُمْ وَ نَظمَ مَا بَینَکُمْ

ကျမ်းတော်မြတ်ကုရ်အာန် သည် အသင်တို့၏ ရောဂါဝေဒနာများ အခက်အခဲများ ကို ကုသပေးသည့် ဆေးညွှန်ဖြစ်ပါသည်။ ပြီးနောက် ခွသ်ဗာ အမှတ် ၁၈၉တွင် မိန့်တော်မူ သည်။ وَ دَوَائً لَیسَ بَعدَهُ دَاءٌ ကျမ်းတော်မြတ်သည် ဤကဲ့သို့ ဆေးဖြစ်ပါ သည်။ ၎င်းကို သုံးပြီးနောက် မည်သည့် ဝေဒနာမျှ မကျန်တော့ပေ။

အကြောင်းအရာ အားလုံး မတိုင်မီ ဟဇရသ် အလီ (အ.စ) ၏ မိန့်ခွန်း အပေါ် သက်ဝင် ယုံကြည် ရန် မလွဲမသွေ ဂရုပြု ရန်အရေးကြီးပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့ အနေဖြင့် သက်ဝင်ယုံရန် အယုံအကြည်ထားရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ ဝေဒနာများ နှင့် အခက်ခဲ များကို တစ်ဦး ချင်း ဆိုင်ရာ ဝေဒနာများ နှင့် အခက်အခဲများဖြစ်စေ အများနှင့် ဆိုင်သည့် ဝေဒနာများ နှင့် အခက်အခဲများဖြစ်စေ ကုသနည်းအမှန် မှာ ကျမ်းတော်မြတ် ကုရ်အာန် တွင် ရှိပါသည်။

ကျွန်ုပ်တို့ အားလုံးသည် လက်ခံကြပါသည်။သို့သော် သက်ဝင်ယုံကြည်မှု နှင့် ရာနှုန်း ပြည့်ယုံကြည်မှု တွင် အားလုံး မတူညီကြပေ။ သို့သော်လည်း အပြည့်အဝ သက်ဝင် ယုံကြည်ပြီး ရာနှုန်းပြည့် ယုံကြည်ချက် ထားသူများလည်းရှိပါသည်။ ၎င်းတို့အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန်ဘက် သို့ ဂရုပြုမည်။ ၎င်း၏ လမ်းညွှန်ချက် များ အပေါ်လက်တွေ့ကျင့်သုံးမည်ဆိုလျင် ကျမ်းတော်မြတ်ကုရ်အာန် သည် ရှိသမျှ ရောဂါ ဝေဒနာ များ အားလုံး အတွက် အကောင်းတကာ အကောင်းဆုံး ပျောက်ကင်းဆေးညွှန် ဖြစ်သည်ဟု ယုံကြည်မှု အပြည့်အဝ ထားကြပါသည်။ သို့သော် ဤကဲ့သို့သော် ပုဂိုလ်များ သည် အလွန်တရာနည်းပါး ပါသည်။ ဤအချက်ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျွန်ုပ်တို့ပတ်ဝန်းကျင် ၏ အခက်အခဲများသည် အကြီးမားဆုံး အကြောင်းခံ အချက် တစ်ချက် မှာ သက်ဝင်ယုံကြည်မှု (ခ) အီမာန် အားနည်းသည်အတွက် ကြောင့် ဖြစ်ပါ သည်။ ဤ အတွက်ကြောင့် အခက်အခဲအမြောက်အများ သည် ဤအတိုင်းကျန်ရှိနေပါ သည်။ တစ်ခါတစ်လေ အချို့ပညာမရှိသူများကြောင့် သို့မဟုတ် တိမ်းစောင်းနေသည့် အတွေး အခေါ်ကြောင့် လမ်းလွဲ လမ်းမှား အမြင်ကို ကို တင်ပြကြမည်။ လမ်းလွဲလမ်းမှား အတွေးအမြင်မှာ ဤကဲ့သိုဖြစ်၏။ ကျမ်းတော်မြတ်ကုရ်အာန် သည် ကျွန်ုပ်တတို့ထံ တွင်ရှိ ပါသည်။ ပြီးနောက် ကျွန်ုပ်တို့ ကျမ်းတော်မြတ်ကုရ်အာန်အပေါ် လက်တွေ့ လိုက်နာ ကျင့်သုံးသည်ဟုလည်း အခိုင်အမာ ပြောဆို ကြမည်။ သို့သော် အဘယ်ကြောင့် ကျွန်ုပ်တို့ ၏ အခက်အခဲများ အဆင်မပြေရပါသနည်း ? လူထု ၏ စီးပွားရေး အခက်အခဲမှ ဆက် လက် ရှိနေပါသည်။ဥပမာ ငွေကြေးဖောင်းပွခြင်း၊ ဈေးကြီးခြင်း နှင့် ထောင်ပေါင်းများ စွာသော တစ်ဦးချင်းဆိုင်ရာ နှင့်အများ နှင့်ဆိုင်သည် အခက်အခဲများ စာရိတ္တ(ခ) ကိုယ် ကျင့်တရား နှင့် ယဉ်ကျေးမှုဆိုင်ရာ အခက်အခဲများ နှင့် ဝမ်းနည်း ပူဆွေးနေရပါသည်ဤ မေးခွန်း ၏ အဖြေအား ဤနေရာ တွင် အချို့ ရှင်းလင်းချက်များ ကို တင်ပြပါမည်။

 

 ############################

END / 251