အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၃ ဩဂုတ် ၂၀၂၁

၁၉:၂၈:၀၇
1169253

အစ္စလာမ်မီအစိုးရ တည်ဆောက်ရတွင် အလ္လာဟ်ဟိုအရှင်မြတ် ချီးမြှင့် ထားတော်မှုခြင်း ၏ တစ်စေ့ တစ်စောင်း

မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် မစ်ဇ်ဗဟ် ယဇ်ဒီ ၏ တင်ပြချက်များ မှ အစ္စလာမ်မီအစိုးရ တည်ဆောက်ရတွင် အလ္လာဟ်ဟိုအရှင်မြတ် ချီးမြှင့် ထားတော်မှုခြင်း ၏ တစ်စေ့ တစ်စောင်းဆိုသည့် ကဏ္ဍ လေးကို ကောက်နုတ် တင်ပြခြင်းဖြစ် ပါသည်။



ကျွန်ုပ်တို့အားလုံးအနေဖြင့် လက်ခံ အသိအမှတ်ပြုထားသည် မှာအမီးရွလ် မိုအ်မေနီ ဟဇရသ်အလီ (အ.စ) ၏ ရှဟာဒသ် ဖြစ်ပြီးနောက် ကျွန်ုပ်တို့ မွတ်စလင်မ်များ၏ အကြီး မားဆုံး ဆန္ဒမှာ အလ္လာဟ်ဟိုအရှင်မြတ်၏ ဝဟီ နှင့် အဲဟ်ကာမ် (ဥပဒေသများ) အပေါ် အခြေခံ ပြီး တရားမျှတသည့် ကျောသားရင်သားများ မခွဲခြားဘဲ အုပ်ချုပ်သည့် အစိုးရ တည်ရှိရန် ဖြစ်ပါသည်။ ရာစု ပေါင်းများစွာကတည်းက ကျွန်ုပ်တို့၏ အကြီးအကဲများ နှင့် ဘိုးဘေး ဘီဘင်များ တို့ သည် ဤကဲ့သို့ သော် အစိုးရကို ထူထောင်ဖို့ ဆန္ဒရှိခဲ့ကြပါသည်။ ရက်စက်ကြမ်းကြုတ် လူမဆန်သည် ဘုရင်များ လက်အောက်တွင် ခက်ခဲကြမ်းတမ်းသည့် ဘဝကို တည်ဆောက် ခဲ့ကြရပါသည်။ ပြီးနောက် မိမိတို့၏ အများနှင့် ဆိုင်သည် အလုပ် များကို အကောင်အထည် မဖော် နိုင်ကြချေ။ ဤအခြေအနေတွင် ၎င်းတို့ အစ္စလာမ်မီ အစိုးရ အား နှလုံးသား၏ ဆန္ဒ နှင့် မဖြစ်နိုင်သည့် အရာ တစ်ခု အဖြစ် မြင်လာကြပါသည်။

သမိုင်းတွင် နှစ်ပေါင်း ၁၃၀၀ကျော် ပြီးမှ အီရန် နိုင်ငံသားမွတ်စလင်မ်များ မှ ကျမ်းတော် မြတ်ကုရ်အာန် အပေါ် လက်တွေ့လက်နာကျင့်သုံးပြီး တစ်ဖက်တွင်လည်း အေမာမ် မအ်စူမ်(ပြစ်မဲ့အေမာမ်) ၏ ကိုယ်စားလှယ်တော် ဝလီယေဖကီးဟ်၏ ခေါင်း ဆောင် မှု ကို လက်ခံ ခဲ့ကြသည့် အတွက် ရလာဒ်အဖြစ် အလ္လာဟ်ဟို အရှင်မြတ် သခင်မှ မိမိ၏ အလွန်တရာ ကြီးမားသည့်နေအ်မသ်တော် (ကောင်းချီးတော်) တစ်နည်းအားဖြင့် အစ္စလာမ်မီ အစိုးရ အား မွတ်စလင်မ်များ ကို ချီးမြှင့်တော်မူခဲ့ပါသည်။ မှတ်သားရမည်မှာ ကျွန်ုပ် အနေဖြင့် ချို့ယွင်းချက်များ အားနည်းချက်များ ကို ဖြေရှင်းချက်မပေးလိုတော့ပါ။ သို့သော် လည်းပဲ ဤနေရာ တွင် ဂရုပြုရမည့် အချက်ကတော့ ဤမြင့်မြတ်သည် အစိုးရ၏ စနစ် ၏ အဓိက တည်ရှိလာမှုမှာ အလ္လာဟ်ဟို အရှင်မြတ်၏ ချီးမြှင့် မှု ပေးသနားမှု ဖြစ်ပါသည်။ ၎င်းစနစ်၏ ရည်ရွယ်ချက်မှာလည်း အလ္လာဟ် ဟိုအရှင်မြတ် ၏ ဥပဒေများ ကို ပြဋ္ဌာန်း ပြီး ၎င်း အပေါ် လက်တွေ့ ကျင့်သုံးရန် ဖြစ်ပါသည်။

အစ္စလာမ်တော်လှန်ရေး ကြီး နှစ် ၂၀ကျော် ပြီးနောက်ယခု ဂရုပြုရမည့် အချက်မှာ အစ္စလာမ်တော်လှန်ရေး စိုးရိမ်ပြီး စာနာထောက်ထားသူများ နှင့် ဘာသာရေး နှင့် ကိုယ်ကျင့်တရား ကို တန်ဖိုးထား စောင့်ရှောက် သးများ ၏ စိုးရိမ်မှု ကို နှစ်ဆ တိုးစေခဲ့ပါသည်။ ထို စိုးရိမ်ရသည့်အချက် မှာ (မပြောကောင်းမဆိုကောင်း ၊အလ္လာဟ် မလုပ်ပါစေနှင့်) ပတ်ဝန်းကျင် အသိုင်းအဝိုင်း မိမိတို့၏ အီမာန်နှင့် သီလ၊သမာဓိကို လက်လွတ် ပြီးထိုင်နေကြမည်။ ပြီနောက် တဖြည်းဖြည်း ဘာသာရေး နှင့်ကိုယ်ကျင့် တရားများ အစ္စလာမ် တော်လှန်ရေး တန်ဖိုးများ လျော့သွားပြီး ရလာဒ်မှာ အစ္စလာမ်နှင့် အီရန် ရန်သူ တို့၏ ယဉ်ကျေးမှုများ တိုက်ခိုက် ၍ ထင်ရောင်ထင်မှား ပြုလုပ်ပြီး မိမိတို့ ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် အောင်မြင်သွားမည် ဖြစ်ပါသည်။ ပြီးနောက်ပြည်သူလူထု အား အထူးသဖြင့် လူငယ် လူရွယ်များ ကို အဖိုးတန် ဘာသာရေး နှင့် အစ္စလာမ် မစ်တော်လှန်ရေး နှင့် ဝေးအောင်ပြုပြီး နောက်တဖန် အီရန်နေ မွတ်စလင်မ် များကို ချုပ်ကိုင်နိုင်သွားမှာ ဖြစ်ပါသည်။

ဖြစ်နိုင်ပါသည်။ ဤနေရာတွင် ကျွန်ုပ်တို့ အနေဖြင့် တစ်ဘက်တွင် အဖိုးတန်သည့် ဘာသာရေး နှင့်ယုံကြည်မှုဆိုင်ရာ ပတ်ဝန်းကျင် ကို ထိန်းသိမ်းစောင့်ရှောက် နိုင်ရန် ရန်သူ အနေဖြင့် မိမိ ၏ အစီအစဉ်များတွင် မအောင်မြင်ရန် အခြားတစ်ဘက်တွင် ကျွန်ုပ်တို့ အနေဖြင့် အခက်အခဲအားလုံးကို လွမ်းမိုးချုပ်ကိုင်နိုင်ရန် ဘာလုပ် ရမည်နည်း ? ဆိုသည့်မေးခွန်း မေးလာလျင် ကျွန်ုပ်တို့ ဘာလုပ်သင့်ပါသနည်း ?

အမီးရွလ်မိုအ်မေနီ ဟဇရသ်အေမာမ် အလီ (အ.စ) နဲဟ်ဂျိုဗလာဂါ ကျမ်း ၏ ခွသ်ဗာ အမှတ် ၁၅၇ ၏ တွင် ဤ မေးခွန်း ဘက်သို့ ဂရုပြုရန် မိန်ု့တော်မူထားပြီး တစ်သီးချင်းဆိုင်ရာ နှင့်အများ နှင့်ဆိုင်ရာလူမှုရေး အခက်အခဲများကို ဖြေရှင်းရမည့်နည်း မှာ ကျမ်းတော် မြတ်ကုရ်အာန် ဘက်သို့ လှည့်ရန် နှင့် ၎င်း၏ ဥပဒေသများ အပေါ် လက်တွေ့လိုက်နာ ကျင့်သုံးရန် မိန့်မှာ ထား ပါသည်။

 

လူမှုရေး ဆိုင်ရာ အခက်အခဲများ ကို ဖြေရှင်း နိုင်ရန် ကျမ်းတော် မြတ် ကုရ်အာန် အပေါ် လိုက်နာ ကျင့်သုံးရပါမည်

          ဤကိစ္စ နှင့် ပတ်သက်ပြီး ဟဇရသ် အလီ (အ.စ) ၏မိန့်ခွန်းနှင့် မဟာတမန်တော်မြတ် ကြီး (ဆွ) အလွန်တရာ တန်ဖိုးကြီးသည့် မိန့်မှာ ဖြစ်ပါသည်။ မိန့်တော်မူသည်မှာ -

اِذَا الْتَبَسَتْ عَلَیکُمُ الْفِتَنُ کَقِطَعِ اللَّیلِ الْمُظْلِمِ فَعَلَیکُمْ بِالْقُرآن .[1]

အဓိပ္ပာယ် ။ ။ ပူဆွေးသောက နှင့်အခက်အခဲများ၊ပြဿနာများ ညသန်းခေါင်းယံ ၏ အစိတ် အပိုင်း များပမာ အသင် တို့အပေါ် လွမ်းမိုးလာသည့်အခါ အခက် အခဲများ ဖြေရှင်းနိုင်ရန် ကျော်လွှား နိုင်ရန် မတတ်နိုင်တော့သည့်အခါ အသင်တို့ အပေါ် လိုအပ်ပါသည်။ကျမ်းတော် မြတ် ကုရ်အာန်ဘက်သို့ လှည့်ပါလေ။ ပြီးနောက်ကျမ်းတော်မြတ် ကုရ်အာန် ၏ လွတ်မြောက် မှုကို ပေးဆောင်သည့် လမ်းညွှန် မှုများ အပေါ် လက်တွေ့ လိုက်နာ ကျင့် သုံး မှု ကို စံမှတ် ကျောက် အဖြစ် သတ်မှတ် ရပါမည်။

          ကျမ်းတော်မြတ် ကုရ်အာန် ၏ မျော်လင့် ချက်ကို ပေးဆောင်နေသည့် ဥပဒေသများ ၊မျှော်လင့် ချက် ၊ အခက်အခဲများ ကို ထိန်းချုပ် နိုင်ခြင်း လွတ်မြောက်ခြင်း နှင့် အောင်မြင် ခြင်း ၊ ပျော်ရွှင်ခြင်း နှင့် ဝိဥာဏ်၏ သာယာမှု တို့ကို နှလုံးသား များ ရှင်သန် စေပါ သည်။ မနုဿ လူသား အား မျှော်လင့်ချက်ကင်းမဲ့ခြင်း ၏ ကျော့ကွင်း မှထုတ်ပြီး လွတ် မြောက် စေပါသည်။

          မှတ်သားရမည်မှာ - အောင်မြင်မှု တိုင်းသည် မနုဿ လူသားများ ၏ ဆန္ဒ နှင့် ကြိုးစားမှု အပေါ် မူတည် ပါသည်။ ဤအတွက် ကြောင့် ကျွန်ုပ်တို့ အနေဖြင့် မိမိတို့၏ လွတ်လပ်ရေး နှင့် အစ္စလာမ်မီ အစိုးရ ကို ထိန်းသိမ်း လိုသည်။ ပြီးနောက် ကောက်ကျစ် ကြံစည်မှု အမျိုးမျိုး အတွက် အလ္လာဟ် ထံ ခိုလုံလိုလျင် လမ်း တစ်လမ်း မှ အပ အခြား မည်သည့် လမ်း မှ မရှိတော့ချေ။ ထိုလမ်းမှာ အလ္လာဟ် ဟိုအရှင်မြတ် နှင့် ကျမ်းတော်မြတ် ကုရ်အာန် လာ လွတ်မြောက်မှု ကို ဖြစ်စေသည့် ဥပဒေများဘက်သို့ လှည့်ရပါမည်။ ကျေးဇူးကန်းမှုနှင့် မရိုမသေလုပ်မှု အတွက် သောင်ဗာ (ဝန်ချတောင်းပန်ခြင်း) ပြုရပါမည်။ အချို့ အနောက် တိုင်း သားများ ဘက်မှ ဘာသာရေး အခွင့်အာဏာ ကို ဖျက်စီး မှု အတွက် သောင်ဗာ (ဝန်ချ တောင်း ပန်ခြင်း) ပြုရပါမည်။

အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် အင်အားကြီးနယ်ချဲ့ နိုင်ငံများ အနေဖြင့် မိမိတို့၏ အကျိုးအမြတ် ကို ဆန့်ကျင် သည့် အီရန်နိုင်ငံသား မွတ်စလင်မ်များ ကို အကျိုးပြုသည့် အသေးအမွှား ဆုံးကိစ္စအတွက် အီရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ထင်မြင် မည်ဆိုလျင် အလွန်တရာ အရှုးဆန်သည့် စကား ဖြစ်ပါမည်။ ကျွန်ုပ်တို့ အနေဖြင့် လွတ်မြောက်မှု နှင့် သာယာ ပျော်ရွှင်အာမခံထားသည့် မဟာတမန်တော်မြတ် (ဆွ) ၏ ထာဝရ အံ့ဖွယ်တန်ခိုး ဖြစ်သည့် ကျမ်းတော်မြတ် ကုရ်အာန် လက်လွတ်ခြင်းသည် ကြီးမားသည့် ကျေးဇူးကန်း မှု ဖြစ်ပါသည်။ အခက်အခဲများ ကို ဖြေရှင်း နိုင်ရန် ရန်သူများ ဘက်သို့ လက်ဖြန့်မည်။ ပြီးနောက် အန်ဗီယာ (အ.စ) နှင့် မအ်စူမ်ပြစ်မဲ့အေမာမ် ၁၂ပါး (အ.စ) ၏ ဝေလာယသ် ၏ ကွင်းဆက် တစ်ခု ဖြစ်သည့် ဝေလာယသ်ဖကီးဟ်  ကို လက်လွတ်ပြီး ရှိုင်တွာန် များ (မာရ်နတ်များ) အလ္လာဟ်၏ ရန်သူများ ၏ ဝေလာယသ် နှင့် ချုပ်ကိုင်မှုကို လက်ခံသဘောတူမည်ဆိုလျင် အလ္လာဟ်ထံ ခိုလုံ ခွင့်တောင်းသင့်ပေသည်။ အကြောင်းမှာ တစ်နေ့ မဟုတ်တစ်နေ့ အီရန် နိုင်ငံသား မွတ်စလင်မ်များ အနေဖြင့် လွတ်လ်မှု ၊ သိက္ခာ နှင့် ငြိပ်ဝပ်ပိပြား လုံခြုံမှု ဆိုသည့် အလွန်တရာ ကြီးမားသည့် နေအ်မသ်တော် (ခ)ကောင်းချီး တော် အား ကျေးဇူးကန်းမှုကြောင့် မတရားကျူးကျော် ခြင်းကို သင့်သွား ပေ မည်။ ပြီးနောက် မိမိတို့၏ သိက္ခာမဲ့ ၊ အစော်ကားခံရမှု ကို မိမိတို့၏ လက်ဖြင့် ပြုသလိုဖြစ်သွားပေမည်။ ။

မည်သို့ဆိုစေ လူမျိုး စု တစ်စုလုံး အထူးသဖြင့် နိုင်ငံတော်၏ ဘာသာရေးကိစ္စများကို တာဝန်ခံ ထားသူအကြီးအကဲများ ၊ဝန်ထမ်းများ တို့၏ တာဝန်ဝတ္တရား မှာ ပတ်ဝန်းကျင် ၊ အသိုင်း အဝိုင်း ရှိ ကိုယ်ကျင့်တရား ဆိုင်ရာ နှင့် ဘာသာရေးဆိုင်ရာ သက်ဝင်ယုံကြည် ချက်များနှင့် အစ္စလာမ်မီ အချုပ်အခြာ ကို ထိန်းသိမ်း စောင့်ရှောက်ရမည် ဖြစ်ပါသည်။

အချို့ သူများသည်လည်းဘာသာရေး အသိပညာရေးဆိုင်ရာ အတွင်းကျကျ သိမြင်သည့် အမြင် လုံလုံလောက်လောက် မရှိသူများသည် လောကီ ဝါဒီ အမြင် ကို လက်ခံကြပါသည်။ ဟဇရသ် အလီ (အ.စ) ၏ ဤ မိန့်ခွန်း (( အသင်တို့ အားလုံး ၏ဝေဒနာ များ နှင့် အခက် အခဲ များ အားလုံး အတွက် အဖြေ မှာ ကျမ်းတော်မြတ် ကုရ်အာန် ဖြစ်၏။ )) နှင့်ပတ်သက်ပြီး ၎င်းတို့ ၏ အမြင်မှာ မောင်လာအလီ (အ.စ) မိန့်ကြားသည့် ဝေဒနာများ နှင့် အခက်ခဲများ ဆိုသည်မှာ လူသားများ၏ တစ်ဦးချင်းဆိုင်ရာ နာမ် ပိုင်းဆိုင်ရာ နှင့် ကိုယ်ကျင့် တရားဆိုင်ရာ ဝေဒနာများ နှင့် အခက်အခဲ များဟု ထင်မြင်ကြပါသည်။ သို့သော် ကျွန်ုပ်၏ အမြင်အရ ဤ ထင်မြင်မှု ယူဆမှု မှာ မမှန် ကန် ချေ။ အကြောင်း မှာ မောင်လာ အလီ (အ.စ) ၏ မိန့်ခွန်း သည့် တစ်ဦးချင်းဆိုင်ရာ နှင့် အများ နှင့်ဆိုင်ရာ ခေါင်းစဉ် နှစ်ခု စလုံးကို ပတ်သက် နေသည့် အတွက်ကြောင့်ဖြစ်ပါသည်။ အရေးကြီး စကားတစ်ခွန်း ကို ပြောချင်ပါသည်။ ဘာသာ သာသနာ နှင့် နိုင်ငံရေး တစ်ခုစီဖြစ်သည်ဆိုသည့် အခြေအမြစ်မရှိသည် လောကီဝါဒီ အမြင်ကို ဤနေရာတွင် အကျယ်တဝင့် ဆွေးနွေးတင်ပြရန် မသင့်သည့်အတွက် မဆွေး နွေးတော့ပါ။ ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ဟဇရသ် အလီ (အ.စ) ဟဒီးစ်တော်ကို ရှင်းလင်း တင်ပြထားမှု နှင့် အတူ ဘာသာသာသနာ နှင့်နိုင်ငံရေး တစ်ခုစီဆိုသည့် အမြင် သည် အခြေ အမြစ်မရှိ ကြောင်း နှင့် လောကီဝါဒီ ဝါဒ သည် မှားယွင်း ကြောင်းမှာ ထင်ရှား သွား လောက် ပေပြီး။

 

 

[1]ဗေဟာရွလ်အန်ဝါရ် ကျမ်း ၊ အတွဲ ၉၂ ၊ စာမျက်နှာ ၁၇


****************************************************************

END / 251