အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၃၀ ဩဂုတ် ၂၀၂၁

၁၉:၂၅:၂၅
1174949

စကားပြောသည့် ကုရ်အာန်

မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် မစ်ဇ်ဗဟ် ယဇ်ဒီ ၏ တင်ပြချက်များ မှ စကားပြောသည့် ကုရ်အာန်ဆိုသည့် ကဏ္ဍ လေးကို ကောက်နုတ် တင်ပြခြင်းဖြစ် ပါသည်။


တစ်ဘက်တွင် အေမာမ်အလီ(အ.စ)သည် နဲဟ်ဂျိုဗလာဂါကျမ်းတွင် ကျမ်းတော်မြတ် ကုရ် အာန်၏ ဂုဏ်တော်များနှင့် ပတ်သက်ပြီး မိန့်တော်မူပါသည်။ ဤကျမ်းတော်မြတ် ကုရ်အာန် သည်စကားပြောသည့်ကျမ်း ဖြစ်ပါသည်။ကိုယ်တိုင် စကားပြောပါသည်။ ပြောရသည့်အတွက် မပင်ပန်းချေ။ မိမိ ၏ စကား နှင့် မိမိပြောချင်သည့်အရာ ကို ရှင်းလင်းပြတ်သား စွာပြော ဆိုပါ သည်။အခြားတစ်ဖက်တွင် မိန့်တော်မူသည်မှာ - ဤကျမ်းတော်မြတ် ကုရ်အာန်သည် စကား ပြောသည့်ကျမ်း မဟုတ်ချေ။၎င်းကို စကားပြောအောင် မပြုမနေပြုရပါမည်။ကျွန်ုပ်သည် ဤ ကျမ်းတော်မြတ်ကုရ်အာန်အား အသင်တို့အတွက် စကားပြောအောင် ပြုလုပ် ထားပါသည်။ ရန်ဖန်ရန်ခါ အချို့ စာသားများသည် ဤကဲ့သို့ ''قرآن،صَامِتنَاطِق''ကျမ်းတော်မြတ် သည် စကားပြောသည့် ကုရ်အာန်လည်း ဖြစ်၏။ စကားမပြောသည့် ကုရ်အာန်လည်း ဖြစ်၏။[1] ဤမိန့်ခွန်း၏ ဆိုလိုသည်အဓိပ္ပာယ် အစစ်အမှန် မှာ အဘယ်သို့နည်း ?

          သိရှိရသည်မှာ ဤအနက်အဓိပ္ပာယ်သည် ကောင်းကင်ကျကျမ်းတော်မြတ်နှင့် ပတ်သက် ပြီး အမြင်နှစ်ခုကို တင်ပြနေပါသည်။အမြင်တစ်ခုမှာ ကျမ်းတော်မြတ်ကုရ်အာန်သည်မြင့် မြတ် သည့် ကျမ်းဂန်ဖြစ်ပါသည်။အသံတိတ်နေပါသည်။ထောင့်တစ်ထောင့်တွင် ထားရှိထား ပါ သည်။ မည်သူနှင့်မှ စကား မပြောချေ။ မည်သူ တစ်ဦးတစ်ယောက်မျှလည်း လည်း ကောင်း နှင့် အဆက်အသွယ်မပြုပေ။အခြား အမြင်တစ်ခုမှာ ကျမ်းတော်မြတ် ကုရ်အာန် သည် စကား ပြောသည့်ကျမ်းဖြစ်ပါသည်။ ရှိသမျှမနုဿ လူသားအားလုံးအား မိမိ စကား ပြောရ သည့် ပရိသတ်အဖြစ် သတ်မှတ်ထားပါသည်။ ပြီးနောက် ၎င်းတို့ကို မိမိ နောက်လိုက်ရန် ဖိတ်ခေါ် ပါသည်။ပြီးနောက် မိမိ၏ နောက်လိုက်များကို အောင်မြင်မှုနှင့် ကောင်းမွန် သည့် သတင်း ကောင်း ပေးပါသည်။

          ရှင်းနေပါသည်။ ထွတ်မြတ်မှု တစ်ခုတည်းသာ ဖြစ်သည့် ကျမ်းတော်မြတ်ကုရ်အာန် မှာ စက္ကူပေါ်တွင် ပုံနှိပ်ထားသည့် အက္ခရာများ၊ဝါကျများနှင့် အာယသ်တော်များ ရှိနေပြီး ၎င်းကို မွတ်စလင်မ်များ အရိုအသေ ပြုကြပါသည်။ ၎င်းကို နမ်းကြပါသည်။ ၎င်း ကျမ်းတော်မြတ် ကို မိမိတို့နေအိမ်ရှိ အကောင်းတကာ့၊အကောင်းဆုံးနေရာတွင် ထိန်းသိမ်းကြပါသည်။တစ်ခါတစ် ရံ သာရေးနာရေး အခမ်းအနားများ ၊အစီအစဉ်များတွင် ၎င်း၏အမှန်တရား အစစ်အမှန် ဘက် သို့ ဂရုမပြုဘဲ အဓိပ္ပာယ်ကို နားမလည်ဘဲ သေလာဝသ် ပြုကြပါသည်။အကယ်၍ ဤအမြင် နှင့် ကြည့်မည်ဆိုလျင် ကျမ်းတော်မြတ်ကုရ်အာန်သည် စကားမပြောသည့် ကျမ်းဖြစ်ပါသည်။ ခံစားလို့ရသည့် အသံနှင့် စကားမပြောချေ။ အကြင်မည်သူမဆို ဤကဲ့သို့သော် အမြင်ရှိသူ ကျမ်းတော်မြတ် ကုရ်အာန် နှင့်ပတ်သက်ပြီး ထားရှိသူသည် လုံးဝ ကျမ်းတော်မြတ်ကုရ်အာန် ၏ အသံကို ကြားနိုင်လိမ့် မည်မဟုတ်ပေ။ထို့ပြင် ကျမ်းတော်မြတ်ကုရ်အာန်သည် ၎င်း၏ အခက်အခဲကို ဖြေရှင်း ပေးနိုင်လိမ့် မည် မဟုတ်ချေ။

          ဤအတွက်ကြောင့် ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားမှာ ဒုတိယအမြင်ကို ကျင့်သုံးရပါမည်။ ဆိုလိုသည်မှာ ကျမ်းတော်မြတ်ကုရ်အာန် ကို ဘဝတည်ဆောက်မှု အတွက် ကျမ်းဂန်အဖြစ် သိရှိရပါမည်။ပြီးနောက်အလ္လာဟ်ဟိုအရှင်မြတ်၏ ရှေ့တော်မှောက်တွင် မိမိအတွင်းအလ္လာဟ် အကြိုက်နေထိုင်ဖို့ ဝန်ခံစိတ်ကို မွေးထုတ်ရမည်။မိမိကိုယ့်ကို ကျမ်းတော်မြတ်ကုရ်အာန်၏ စ ကားများကို နားထောင်ရန် အသင့်ပြင်ရပါမည်။ကျမ်းတော်မြတ်ကုရ်အာန်၏ စကားများ အား လုံးသည် ဘဝအတွက် အမိန့်၊ဥပဒေများ ဖြစ်ပါသည်။ဤကဲ့သို့ အခြေအနေတွင် ကျမ်း တော်မြတ်ကုရ်အာန်သည် စကားပြောသည့်ကျမ်းဖြစ်ပြီး မနုဿာလူသားများနှင့် စကား ပြောဆို မည်ဖြစ်ပါသည်။ ပြီးမနုဿလူသားအား ထောင့်စုံဘက်စုံ မှ လမ်းညွှန် ပေးပါသည်။

          ဤ ရှင်းလင်းချက် အပြင် ကျွန်ုပ် အနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန် အားစကား မပြော သည့် ကျမ်း ၊ စကားပြောသည့် ကျမ်း နှင့်ပတ်သက်ပြီး တင်ပြပြီး ဖြစ်ပါသည်။ ဤထက်ပို၍ နက်ရှိုင်းသည့် အဓိပ္ပာယ်လည်း ရှိပါသည်။ ဤအဓိပ္ပာယ်သည် ဟဇရသ်အလီ(အ.စ)၏အမြင် ဖြစ်ပါသည်။ဤသီးသန့်အဓိပ္ပာယ်ကို အခြေခံ၍ကိုယ်တော်အလီ(အ.စ)မှ မိန့်တော် မူပါသည်။ ((ကျမ်းတော်မြတ်ကုရ်အာန်သည် စကား မပြောသည့် ကျမ်း ဖြစ်ပါသည်။မလွဲမသွေ ၎င်းကို စကားပြောလာအောင် လုပ်ရပါမည်။ကျမ်းတော်မြတ်ကုရ်အာန်အား အသင်တို့အတွက်စကား ပြောလာအောင် ပြုသူမှာ ကျွန်ုပ် ဖြစ်ပါသည်။))

          ယခု ကျမ်းတော်မြတ်ကုရ်အာန်အား စကားမပြောသည့်ကျမ်းနှင့် စကားပြောသည့်ကျမ်းအ ဖြစ် ရှင်းလင်းတင်ပြပြီးနောက်ဒုတိယ အဓိပ္ပာယ်သာလျင် စစ်မှန်သည့်အဓိပ္ပာယ် အစစ်အမှန် ဖြစ်ပါသည်။

          မည်သို့ပင်ဆိုစေ ကျမ်းတော်မြတ်ကုရ်အာန်သည် အလ္လာဟ်ဟိုအရှင်မြတ်၏ နှုတ်ကပတ် တော်ဖြစ်ပါသည်။အလ္လာဟ်ဟိုအရှင်မြတ်၏ ဤကျမ်းဂန်သည် မည်ကဲ့သို့ ကျရောက်ကြောင်း ၊နောက်ခံသမိုင်းတို့အား ကျွန်ုပ်မသိရှိနိုင်ချေ။သို့သော်လည်းပဲ အာယသ်တော်ကျရောက်ရ သည့် ရည်ရွယ်ချက်မှာ မနုဿလူသားများကို တရားလမ်းမှန်ပြရန် ဖြစ်ပါသည်။ အလ္လာဟ်ဟို အရှင်မြတ်၏ ဤနှုတ်ကပတ်တော် မနုဿလူသားများဖတ်နိုင်ရန် နားထောင်နိုင်ရန် အတွက် အက္ခရာများ ဝါကျများအာယသ်တော်များ အသွင်ဖြစ်အောင်အထိ ကျလာပါသည်။ သို့သော် လည်း ဤကဲ့သို့ အခြေအနေတွင်လည်း ခေါင်းစဉ်များ၏ အာယသ်တော်များ အားလုံးကို သာမန် လူသားများ ရိုးရိုးလူသားများ နားလည်နိုင်သည့် အနေအထိမဟုတ်ပေ။လူထုများ ကိုယ်တိုင် တမန်တော်မြတ်(ဆွ)နှင့် ရာစေခွန်းနဖီးလ်အေလ်မ် ဖြစ်သည့် မအ်စူမ်အေမာမ်များ (အ..စ)၏ သဖ်စီ(ခ)အကျယ်ဖွင့်ခြင်းနှင့်ရှင်းလင်းပြမှု မပါဘဲအာယသ်တော်များ၏ ရည်ရွယ် ချက် ကိုရောက်နိုင်မည် မဟုတ်ချေ။

          ဥပမာအဖြင့် တင်ပြရမည်ဆိုလျင် ရှရီအီဆိုင်ရာ ဥပဒေများ၏ အသေးစိတ်အကျယ် တဝင့် ရှင်းပြမှုသည် ကျမ်းတော်မြတ်ကုရ်အာန်တွင် မလာရှိပေ။ဤသို့ဖြင့် ကျမ်းတော်မြတ်ကုရ်အာန် ၏ အာယသ်တော် အမြောက်အများသည် ဆိုလိုချက် အဓိပ္ပာယ်ကို သဘော မပေါက်ချေ။ ရှင်းပြချက်ရှင်းလင်းချက်ရှိဖို့ လိုအပ်ပါသည်။ ဤအတွက်ကြောင့် ကျမ်းတော်မြတ် ကုရ်အာန် သည် ထောင့်ပေါင်းများစွာ ဘက်မှစကားမပြောသည့် ကုရ်အာန် ဖြစ်ပါသည်။ ဆိုလိုသည်မှာ သာမန် လူသားများ အနေဖြင့် အကွယ်နှင့် အဆက် အသွယ် ရှိသူ၊ အလ္လာဟ်ဟို အရှင်မြတ် နှင့်ဆိုင်ရာ ပညာရပ်များကိုသိသူ၏ အကျယ်ဖွင့်ဆိုချက်ရှင်း လင်းချက် မပါဘဲ မနားလည် သဘော မပေါက်နိုင်ပေ။

 

 

[1]နဲဟ်ဂျိုဗလာဂါကျမ်း ၊ ခွသ်ဗာ အမှတ် ၁၄၇ ။ တင်ပြရန်လိုအပ်ပါသည်။ ဤစာအုပ်တွင် အကိုးအကားအဖြင့် ပြုထားသည့် နဲဟ်ဂျိုဗလာဂါကျမ်း သည်ဖိုင်ဇိုလ်အစ္စလာမ် ၏ ဘာသာပြန် အရ ဖြစ်ပါသည်။  


****************************************************************

END / 251