အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၅ စက်တင်ဘာ ၂၀၂၁

၁၉:၁၆:၁၄
1177028

ကျမ်းတော်မြတ် ကုရ်အာန် ၏ မီးအိမ်များ နှင့် ကြေးမုံများ

မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် မစ်ဇ်ဗဟ် ယဇ်ဒီ ၏ တင်ပြချက်များ မှ ကောက်နုတ် တင်ပြခြင်းဖြစ် ပါသည်။


 

ကျွန်ုပ်တို့ သိရှိထားသည့် အတိုင်း ဟဒီးစ်စေ စကလိုင်း အရ ကျမ်းတော်မြတ်နှင့် အဲဟ်လေ့ဘိုက် (အ.စ) သည် အလ္လာဟ်ဟို အရှင်မြတ် ၏ အမာနသ် ဖြစ်ပြီး တစ်ပါး တည်း အနှိုင်းမဲ့ အလ္လာဟ်ဟို အရှင်မြတ် ကို ခဝပ် ကိုးကွယ် သူများ အား လမ်းညွှန် မှု ပေးနေသည့် လမ်းကြောင်း တွင် အပြန်အလှန် ဖြည့်စီးနေပါသည်။ တစ်ခု ကို ဆုပ်ကိုင်ပြီး နောက်တစ်ခု ကို စွန့်လွတ် လိုက်လျင် ကျမ်းတော်မြတ်ကုရ်အာန် ကျရောက် လာသည့် ရည်ရွယ်ချက် ဖြစ်သည့် မနုဿ လူသားများကို လမ်းညွှန်ပေးမှု သည့် ပြည့်စုံ ပြည့်ဝ တော်မည် မဟုတ်ချေ။

 

          မအ်စူမီးန် (အ.စ) သည် အလ္လာဟ်ဟိုအရှင်မြတ်၏ ပင်မအလင်းရောင်မှ အလင်းရောင်ကို ယူထားသည် မီးအိမ်များ ဖြစ်ပါသည်။ ကံကောင်းပျော်ရွှင်မှုကို လိုလားသူများ ၏ ဘဝ ကို အလင်းရောင်ပေးနေပါသည်။ အကြောင်းမှာကျမ်းတော်မြတ် ကုရ်အာန် နှင့် ၎င်း၏ အမှန်တရား အစစ်အမှန် သည် မအ်စူမီးန် (အ.စ) ထံတော်တွင် သာ ရှိပါသည်။ ဤ မအ်စူမီးန် (အ.စ) သည်သာလျင် ခက်ခဲ နကှ်ိုင်း သည့် မိုသာရှာဗေဟာသ် အာယသ် တော်များ ကို လွယ်ကူ သည့် မိုဟ်ကာမာသ် အာယသ်တော်များ ဘက်သို့ အသွင်ပြောင်း ပေးတော်မူပါသည်။ လမ်းကို လမ်းချော် ခြင်း လမ်းလွဲခြင်းနှင့် ခွဲခြား ပြတော်မူသည်။ မနုဿလူသားများအား ပြည့်စုံ ပြီး ကံကောင်းပျော်ရွှင် ရမည့် လမ်းကို ညွှန်ပြတော်မူပါသည်။ မနုဿလူသားများ အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာ အသိပညာများ ကို မအ်စူမီးန် (အ.စ) ထံ မှသာလျင် ဆည်းပူးရယူပြီး လက်တွေ့ လိုက်နာ ကျင့်သုံး သင့်ပါသည်။

 

          အလ္လာဟ်ဟို အရှင်မြတ် ၏ ဆင်ခြင်တုံတရား နှင့် အလ္လာဟ် ဟို အရှင်မြတ် ၏ စွန္နသ် တော် သည်လည်း မနုဿ လူသားများ အနေဖြင့် အဲဟ်လေ့ဘိုက် (အ.စ) ကို အမှီပြု ပြီး ကျမ်းတော် မြတ်ကုရ်အာန် ဆိုင်ရာ အသိပညာများကို ဆည်းပူးရန် လက်တွေ့လိုက်နာ ကျင့်သုံးပြီး မိမိ၏ လောကီ လောကုတ္တရာ ဘဝကို ကံကောင်းပျော်ရွှင် စေဖို့ ကြိုးစားရန် အတွက် တောင်းဆို တည်ရှိနေပါသည်။ ထိုအတွက်ကြောင့် ဤရည်ရွယ်ချက် အား အကောင် အထည်ဖော် ရန် အလ္လာဟ်ဟို အရှင်မြတ် အနေဖြင့် အေမာမ်မသ် ဆိုသည့် အစဉ်အလာ အား ကျမ်းတော်မြတ်ကုရ်အာန် ဆိုင်ရာ အသိပညာ ကို အသုံးပြုနိုင်မည့် လမ်းကြောင်း အဖြစ် ကံကောင်းပျော်ရွှင်မှုကို လိုလားသူများ အတွက် ဖွင့်လျက် ထားတော်မူပါသည်။ သို့ ဖြစ်ပေမဲ့လည်း ရန်သူ နှင့် လောကီမက်သူများ အနေဖြင့် သမိုင်းတစ် လျှောက်လုံး မနုဿ လူသားများ အတွက် လမ်းညွှန် ဖြစ်သည့် အဲဟ်လေ့ ဘိုက် (အ.စ) မဇ်ဟဗ် (ခ) ရှီအာ အေမာမ်မီယာ မဇ်ဟဗ် တွင် ရုပ်လုံးထင်ထင် မြင်ရသည့် အလ္လာဟ်ဟို အရှင်မြတ် ၏ နူးရ် ကို ငြိမ်းသတ်ဖို့ ကြိုးပမ်းခဲ့ကြပါသည်။ သို့သော် ကျမ်းတော် မြတ် ကုရ်အာန် မှ မိန့်ကြားတော်မူ ပါသည်။ လုံးဝ ဤလုပ်ရပ်တွင် အောင်မြင်မည် မဟုတ် ချေ။

 

یُرِیدُونَ لِیُطْفِئُوا نُورَ اللّٰهِ بِأَفوَاهِهِمْ وَ اللّٰهُ مُتِمُّ نُورِهِ وَ لَو کَرِهَ الْکافِرُونَ[1] .

 

 

အဓိပ္ပာယ် ။ ။ ထိုသူများသည် အလ္လာဟ်ဟို အရှင်မြတ် ၏ နူးရ် (ခ) လင်းရောင်ခြည် အား မိမိတို့ ၏ နှုတ်ထွက်လေ နှင့် ငြိမ်းသတ် လိုကြပါသည်။ အလ္လာဟ်ဟိုအရှင်မြတ် သည်မိမိ နူးရ် (ခ) လင်းရောင်ခြည် အား ပြည့်စုံ သည့်တိုင် အောင် ပြုတော်မူမည့် အရှင်ဖြစ်ပါသည်။ သို့ဖြစ် ပေ၍ လည်းကာဖေရ် (ခ) ဘာသာမဲ့များ ကိုမနှစ်မြို့မနှစ်သက် ချင်နေပါစေ။

 

          ဤအတွက်ကြောင့် ဟဇရသ် အလီ (အ.စ) အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန်အား မည်သည့်အခါ မှ အလင်းရောင် မေးမှိန် မည်မဟုတ်သည့် ငြိမ်းသတ်မည်မဟုတ်သည့် မီးအိမ် (ခ) မီးခွက် နှင့်ပမာ ပေးထားခြင်းဖြစ်ပါသည်။

 

          ကျမ်းတော်မြတ် ဆိုင်ရာ အသိပညာရပ် များသည် မည်မျှ အထိ နကှ်ိုင်းပြီး ကျယ်ပြန့် သည်ဆိုလျင် အဲဟ်လေ့ဘိုက် (အ.စ) ၏ ပညာရပ် များကို တတ်သည့် ထားသူ များ သည် မိမိတို့ ၏ နားလည် တတ်သိ မှု နှင့် အညီ ဆင်ခြင်သုံးသပ် ပြီး ခြေလှမ်း တိုင်း ပွိုင့် အကစ် နှင့် ပညာအသစ် ရရှိကြ သည်။ပြီးနောက် ဤအတွက်ကြောင့် ဤ ကောင်းကင်ကျ ကျမ်းသည် အလ္လာဟ်ဟို အရှင်မြတ် ပညာ၏ အညွှန် တစ်ခု ဖြစ်ပါသည်။အမှန်တရား ဆိုသည့်ရေကို ငတ်နေသူများသည်၎င်း၏ အမှန်တရား အစစ်အမှန် ဆိုသည့် သန့်ရှင်း စင်ကြယ် သည့်ရေ ကို သောက်သုံးသည့်အခါ ရေငတ်မပြေသည့် အပြင် ပို၍ ပို၍ ငတ်လာ ပါသည်။ ဤ အတွက်ကြောင့် ကျွန်ုပ်တို့ မြင်တွေ့ နိုင်ပါသည်။ အလ္လာဟ်ဟို အရှင်မြတ် ၏ ဝလီ အောင်လီယာ (ခ) အချစ်တော်များနှင့် ကျမ်းတော်မြတ်ကုရ်အာန် ၏ စစ်မှန်သည့် အမှန်တရား ပညာကို ရှိသူများ သည် နမာဇ်တွင် အာယသ်တော်များ ၏ သေလာဝသ် တွင် ဆင်ခြင်သုံးသပ် မှုပြု၍ မိမိ၏ူဟ် ဝိညာဉ် အား နူးညံ့ပျော့ပြောင်း သန့်စင် အောင်ပြုကြပါ သည်။ များသထက်များ အောင် မိမိကိုယ်ကို အလ္လာဟ်ဟို အရှင်မြတ် ၏အလ်ဟမ် ( နှလုံး သား အတွင်း အလ္လာဟ်ဘက်မှ အသိထည့်ပေးမှု ) များ နှင့် အဆုံးမဲ့ အလ္လာဟ်ဟို အရှင်မြတ် အား သိတတ် သိမြင်ခြင်းခြင်း ပညာ များ ဆိုသည့် မိုး ရွာသွန်းသည့် ဗဟို အချက်အချာ ဖြစ်အောင် ပြုကြပါ သည်။

 

          ကျမ်းတော်မြတ် ကုရ်အာန် သည် သူရိရ နေမင်းပမာ တောက်ပ နေပါသည်။ ၎င်းသည် ပညာရပ် များ သည် အဆုံးမဲ့ နှင့် ၎င်း၏ ထွန်းလင်း တောက်ပမှုသည် ထာဝရ ဖြစ်ပါသည်။ အကြောင်းမှာ ဤ ကောင်းကင်ကျ ကျမ်းမြတ် သည် နကှ်ိုင်းသည် ပင်လယ် ပမာ ဖြစ်ပါသည်။ ၎င်း၏ အောက်ခြေ အထိ ရောက်ရန် မဟာ တမန်တော်မြတ် ကြီး (ဆွ) နှင့် အအေ မဟ်မအ်စူမီးန် (အ.စ) မှအပ အေလ်မေကေသာဗ် ရှိသူ မှအပ အခြားမည်သူ အတွက်မျှ မဖြစ်နိုင်ချေ။ ပြီးနောက် အကြင်မည်သူ မဆို နှင့် မည်သည့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းမဆို ကျမ်းတော်မြတ် ကုရ်အာန် နှင့်ဖြစ်စေ အလ္လာဟ် ဟို အရှင်မြတ် ၏ နှုတ်ကပတ်တော် နှင့် ဖြစ်စေ သိရှိ နားလည် ပြီးနောက် မိမိ၏ တစ်ဦးတည်း ဘဝ ဖြစ်စေ ၊ လူမှုရေး (ခ) အများ နှင့်ဆိုင် သည့် ဘဝ ဖြစ်စေ အား ဤ ကောင်းကင်ကျ ကျမ်းမြတ် ၏ သွန်သင် လမ်းညွှန်ချက်များ အခြေခံ အုတ်မြစ် အပေါ် တည်ရှိအောင် ၊ စနစ်ကျအောင် ပြုရပါမည်။ အကြောင်းမှာ ဤ လမ်းမှ အပ အခြား လမ်း မရှိချေ။ မဟာ တမန်တော်မြတ် ကြီး (ဆွ) နှင့် အအေ မဟ်မအ်စူမီးန် (အ.စ) တို့၏ သဖ်စီ (ခ) အကျယ်ဖွင့် ဆိုချက် နှင့် ရှင်းလင်း တင်ပြ ချက်များ ကို အခြေခံပြီး ကျမ်းတော်မြတ် ကုရ်အာန် အား ဆုပ်ကိုင် ထားရပါမည်။ ထိုပြင် မိုဟမ္မဒ် (ဆွ) နှင့် အာလေ့မိုဟမ္မဒ် (အ.စ) ၏ ဘဝ နှင့် စွန္နသ် တော်များကို စံ နမူနာ မှတ်ကျောက် အဖြစ်လက်တွေ့ လိုက်နာ ကျင့်သုံး ရပါမည်။ ဤအချက်ကို ထောက်ခံသည့် အနေဖြင့် ကျွန်ုပ် အနေဖြင့် ရီဝါယသ် တော် နှစ် ခု ၏ အချို့ အစိတ်အပိုင်း ဘက်သို့ သာလျင် အရိပ်အမွက် လုပ်ပြပါမည်။

          ဟဇရသ် အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်ကြားတော်မူ၏။

 

وَ نَحْنُ قَنَادِیْلُ النُّبُوَّةِ وَ مَصَابِیحُ الرِّسَالَةِ وَ نَحْنُ نُورُ الاَنوَارِ وَ کَلِمَةُ الْجَبَّارِ وَ نَحْنُ رَایَةُ الْحَقِّ الَّتِی مَن تَبِعَهَا نَجَیٰ وَ مَن تَأَخَّرَ عَنْهَا هَوَیٰ وَ نَحنُ مَصَابِیْحُ الْمِشْکَاةِ الَّتِی فِیهَا نُورُ النُّورِ .[2]

 

 

အဓိပ္ပာယ် ။ ။ ကျွန်ုပ် (အဲဟ်လေ့ဘိုက် (အ.စ)) သည် နဗူဝသ် ၏ မီှးူးတိုင်များ နှင့် ရေစာ လသ် ၏ မီးအိမ်(ခ) မီးခွက်များ ဖြစ်ပါ သည် ။ ဆိုလိုသည်မှာ မနုဿ လူသားများ အနေဖြင့် အအေမအ်မအ်စူမီးန်(အ.စ) ၏ လမ်းညွှန် သွန်သင်ချက်များ နှင့် အတူ နဗူဝသ် နှင့် ရေစာ လသ် ၏ သတ်မှတ်ထားသည့် ရည်ရွယ်ချက်ပန်းတိုင် ဘက် ၊ ၎င်းအမှန်တရား ဘက် လမ်းညွှန်သွန် သင်မှုဖြစ်သည့် လမ်းကို ဖြတ်သန်း ရပါမည်။ ကျွန်ုပ်တို့သည် ရှိသမျှ နူးရ် (ခ) အလင်းရောင် အားလုံး ၏ နူးရ် ဖြစ်ပါသည်။ အလ္လာဟ်ဟို အရှင်မြတ် ၏ စိုးပိုင်မှုသည် ကျွန်ုပ်တို့၏ ဝေလာယသ် မှ တစ်ဆင့် အကောင်အထည် ဖော်ပါ သည်။ ကျွန်ုပ်တို့ သာ လျင် အမှန်တရား ၏ အလံ ဖြစ်ပါသည်။ မည်သူ မဆို ဤအလံတော် ၏ နောက်လိုက်မည် ဆိုလျင် လွတ်မြောက်မည် ဖြစ်ပါသည်။ ပြီးနောက် မည်သူ မဆို ဤ အလံ နှင့် ဝေးကွာမည် ဆိုလျင် ပျက်စီး သွားမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ သည် အလင်းရောင် တည်း အလင်းရောင် ရှိသည့်မီးအိမ် ဖြစ်ပါသည်။

      ဤကဲ့သို့ ပင် အေမာမ် ဇိုင်နိုအာဗေဒီးန် (အ.စ) ၏ မိန့်မှာချက်ကိုလည်းပဲ တဆင့်ပြန် ထားချက်လာရှိပါသည်။အေမာမ်(အ.စ)မိန့်တော်မူသည်။

 

إنّ مَثَلَنَا فِی کِتَابِ اللّٰهِ کَمَثَلِ الْمِشْکَاةِ والْمِشْکَاةُ فِی الْقَنْدِیْلِ فَنَحْنُ الْمِشْکَاةُ فِیهَا مِصْبَاح وَ الْمِصْبَاحُ هُوَ مُحَمَّد (ص) اَلْمِصْبَاحُ فِی زُجَاجَةٍ نَحنُ الزُّجَاجَةُ کَأََنَّهَا کَوْکَب دُرِّی یُوقَدُ مِن شَجَرِةٍ مُبَارَکَةٍ زَیتُونَةٍ لاشَرقِیَّةٍ وَ لاغَربِیَّةٍ لامُنکَرَةٍ وَ لادَعْیَةٍ یَکَادُ زَیتُهَا نُوْر یُضِیئُ وَ لَو لَم تَمْسَسْهُ نَارُ نُورُالفُرْقَانِ عَلٰی نُورٍ یَهْدِی اللّٰهُ لِنُورِهِ مَن یَّشآئُ لِوِلَایَتِنَا وَ اللّٰهُ بِکُلِّ شَیئٍ عَلِیم بِأَن یَّهْدِی مَن أَحَبَّ لِوِلایَتِنَا حَقّاً .

 

အဓိပ္ပာယ်။ ။ အေမာမ် (အ.စ) အနေဖြင့် ဤမိန့်ချွေ ချက်တွင် စူရဟ် နူးရ်၏ အာယသ်တော် အမှတ် ၃၅ အား မဟာတမန်တော်မြတ် (ဆွ) ၊ အဲဟ်လေ့ဘိုက် (အ.စ) နှင့် အအေမအ် မအ်စူမီးန် (အ.စ) တို့မှ သဖ်စီးရ် (ခ) အကျယ်ဖွင့်ဆို ထားပါသည်။

          အေမာမ် ဇိုင်ဇိုလ်အာဗေဒီးန် (အ.စ) မိန့်တော် မူသည်။ ကျမ်းတော်မြတ်ကုရ်အာန် တွင် ကျွန်ုပ်တို့ အဲဟ်လေ့ဘိုက် (အ.စ) သည် ပင်မတစ်ခု ပမာ ဖြစ်ပါသည်။ ၎င်း မှ တဆင့် လမ်းညွှန်သွန်သင်ပေးမှု ဆိုသည့် အလ္လာဟ်ဟို အရှင်မြတ် ၏ နူးရ် (ခ) လင်းရောင်ခြည် သည် အဖန်ဆင်းခံများ ၏ လမ်းကို ထိန်းဝင်းစေပါသည်။ ကျွန်ုပ်တို့ အဲဟ်လေ့ ဘိုက်(အ.စ)သည် ရှင်းလင်း ပြတ်သား သည် ကြေးမုံ ပမာ ဖြစ်ပါသည်။ လမ်းညွှန် သွန်သင်မှု မီးအိမ်၏ အလင်း ရောင် သည် လည်း နဗူဝသ် ၏ အလင်းရောင် ဖြစ်ပါသည်။ အဖန်ဆင်းခံများ ရှေ့ တွင် ရောင်ပြန် ဟပ်စေပါသည်။ ဤနူးရ် (ခ) အလင်းရောင် ၏ အရင်းအမြစ်မှာ အလ္လာဟ်ဟို အရှင်မြတ် သခင်၏ နူးရ် ၏ သန့်ရှင်း သန့်စင်သည် သစ်ပင် ဖြစ်ပါသည်။ ၎င်း၏ အလင်း ရောင် သည် အလွန်တရာ ကျယ်ပြန့် ပြီး ငြင်းမရနိုင်ချေ။ အစစ်အမှန် တွင် ဤသည် အရှ့ အရပ် လည်းမဟုတ် ၊ အနောက်အရပ်လည်းမဟုတ် ၊ သိလည်း မသိ နှင့် ကျန်လည်း မကျန် ဖြစ်ပါသည်။

အေမာမ် ဇိုင်ဇိုလ်အာဗေဒီးန် (အ.စ) မိန့်တော် မူသည်။ မဟာတမန်တော်မြတ် (ဆွ) ၊ အဲဟ်လေ့ဘိုက် သေ သွာဟေရီးန် (အ.စ) ၏ အစစ်အမှန် မှာ ဤ အလွန်တရာ ကြည်လင်း ပြတ်သားသည့် မီးအိမ်ပမာ ဖြစ်ပါသည်။ မီးတောက်ကို မပါဘဲ အလင်းရောင် ကို ပေးပါသည်။ ကျမ်းတော်မြတ်ကုရ်အာန် ၏ အလင်းရောင် သည် ဤ အလင်းရောင် ကို အခြေခံ ထားပါသည်။ အလ္လာဟ်ဟို အရှင်မြတ် သခင်သည် အကြင်သူ တစ်ဦး တစ်ယောက် အား လမ်းညွှန် သွန်သင်လိုလျင် ၎င်းအား ဤနူးရ် (အဲဟ်လေဘိုက် (အ.စ) ၏ ဝေလာယသ် ) လမ်းညွှန်မှု ကို ပေးသနားတော်မူပါသည်။

 

[1]စူရဟ်ဆွဖ် ၊ အာယသ်တော် အမှတ် ၈

[2] ဗေဟာရွလ် အင်န်ဝါရ် ကျမ်း ၊ တွဲ ၂၆၊ စာမျက်ျနှာ ၂၅၉


****************************************************************

END / 251