အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၅ စက်တင်ဘာ ၂၀၂၁

၁၉:၂၅:၀၆
1177033

ကျမ်းတော်မြတ်ကုရ်အာန် ၏ အပြင်ပိုင်း နှင့် အစစ်အမှန်ကို ရိုသေ လေးစားခြင်း

မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် မစ်ဇ်ဗဟ် ယဇ်ဒီ ၏ တင်ပြချက်များ မှ ကျမ်းတော်မြတ်ကုရ်အာန် ၏ အပြင်ပိုင်း နှင့် အစစ်အမှန်ကို ရိုသေ လေးစားခြင်းဆိုသည့် ကဏ္ဍ လေးကို ကောက်နုတ် တင်ပြခြင်းဖြစ် ပါသည်။



          ကျမ်းတော်မြတ်ကုရ်အာန်အား ရိုသေလေးစားမှု နှင့်ပတ်သက်ပြီး များသောအားဖြင့် ယနေ့ အစ္စလာမ်မီ အသိုင်းအဝိုင်း များတွင် ရှိသည့် အတိုင်း ဖြစ်ပါသည်။ ၎င်းကို အပြင်ပိုင်း ဆိုင်ရာ ရိုသေ လေးစားမှု ဟု ပြောဆို နိုင်ပါသည်။ အမှန်တော့ ကျမ်းတော်မြတ် ကုရ်အာန် ကျရောက်လာ သည်မှာ ၎င်းအား အထူးသီးသန့် စည်းမျည်းစည်းကမ်းများ ၊ လုပ်ထုံး လုပ်နည်း နှင့် အရိုအသေ လေးစားမှုပြုရန် သာလျင် လုံးဝ မဟုတ်ပါ။ ကျမ်းတော်မြတ် ကုရ်အာန် အား အာဂုံဆောင်ရန် အတွက်သာ အကောင်းတကာ အကောင်းဆုံး အသံနေ အသံထား ဖြင့် သေလာဝသ် ပြု ရန် အတွက် မဟုတ်ပါ။ ကျမ်းတော်မြတ် ကုရ်အာန် သည် ဘဝ တည်ဆောက်ရန် နှင့် အလ္လာဟ်ဟို အရှင်မြတ် ၏ သတင်းစကားများ စာအုပ် ဖြစ်ပါ သည်။ လောကီ လောကုတ္တရာ နှစ်ဌာန တွင် အောင်မြင်မှု ကို ဆွတ်ခူးနိုင်ရန် မိမိတို့လောကီ ဘဝ တည်ဆောက်ရာ တွင် ကျမ်းတော်မြတ် ကုရ်အာန် အပေါ် လိုက်နာ ကျင့်သုံးရမည်မှာ အားလုံး ၏ တာဝန် ဝတ္တရား ဖြစ်ပါသည်။ အထူးသဖြင့် အစ္စလာမ် အသိုင်းအဝိုင်း များ ရှိ အစိုးရ အရာရှိ များ ၏ တာဝန် ဝတ္တရား ဖြစ်ပါသည်။ အစိုးရစနစ်၏ ခြုံငုံ ပြီး ဗျူဟာ များ ကို အလ္လာဟ်ဟို အရှင်မြတ် ၏ ကျမ်း တော်မြတ် နှင့် လမ်းညွှန်ချက် အပေါ် အခြေခံ ပြီး စီစဉ်ပြီး အကောင်အထည် ဖော်ရပါမည်။ ထိုမှသာ ကျမ်းတော်မြတ် ကုရ်အာန် နောက်လိုက်သည့် မဇ်ဟဗ် ရှင်သန် ပြန့်ပွားဖို့ ရှေ့ ပြေး ဖြစ်ရန် ပတ်ဝန်းကျင် အသိုင်း အဝိုင်းရှိ သူများ အတွက် အကောင်းဆုံး နည်း ဖြင့် ပြင်ဆင်ရမည် ဖြစ်ပါသည်။ ပြီးနောက်ရလာဒ် မှာ ကျမ်းတော် မြတ်ကုရ်အာန် ကျရောက်ရသည့် ရည်ရွယ်ချက် ပြည့်ဝ ရန် ဖြစ်ပါသည်။ ၎င်း၏ ရည်ရွယ် ချက်မှာ လည်း မြေပထဝီ ပေါ်တွင် တရားမျှတမှု ကျောသား ရင်သားမခွဲခြားမှု ၏ အရိပ် အောက်တွင် မနုဿ လူသားအနေဖြင့် ပြီးပြည့်စုံပြီး ကံကောင်း ပျော်ရွှင်ရန် ဖို့သာ ဖြစ်ပါ သည်။

 

          ဝမ်းနည်းလေစွ! ယနေ့ ကျမ်းတော်မြတ်ကုရ်အာန် အား ရိုသေလေးစာမှုဆိုသည့် ခေါင်း စဉ်နှင့် မြင်တွေ့နေရသမျှသည် ဤမျှော်လင့်ချက် နှင့် ဆန့်ကျင် နေပါသည်။ အပြင်ပိုင်း ရိုသေလေးစား မှု ထက် ရှေ့ မတက်ချေ။ ကျမ်းတော်မြတ်ကုရ်အာန် ၏ ဗဟို အချက်အချာ ကြမှု ၏ အရေးပါမှု သည် မွတ်စလင်များ ၏ နိုင်ငံရေး နှင့်လူမှုရေး ဘဝတွင် မေ့လျော့ နေကြပါသည်။

 

          ယနေ့ အစ္စလာမ် နိုင်ငံ များ တွင် အဖွဲ့ အစည်း အမြောက် အမျာ၊ မူလတန်းကျောင်း မှ စပြီး ကောလိပ်ကျောင်း ၊ တက္ကသိုလ် အထိ ကျမ်းတော်မြတ်ကုရ်အာန် အား သင်ယူ၊ သင်ပေးသည့် အစီအဉ် များ ပြုလုပ်ကြပါ သည်။ ပြီးနောက် ကျမ်းတော်မြတ် ကုရ်အာန် ဖတ်တတ်အောင် သင်ယူနည်း အမျိုးမျိုး ၊ အာဂုံဆောင်ခြင်း ၊ ကေရာအသ် အစီအစဉ် များပြုလုပ်ကြပါသည်။ ပြီးနောက် နှစ်စဉ် နှစ်တိုင်း နိုင်ငံ တကာ အဆင့်မည် ကျမ်းတော်မြတ် ကုရ်အာန် အာဂုံဆောင် နှင့် ကေရာအသ် ပြိုင်ပွဲများ ပြုလုပ် ကြပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာပညာရပ်များ ပမာအားဖြင့် သဂ်ျဝီးဒ် (အာရဘီ အသံထွက် ပီပီနှင့်မှန်မှန် ဖတ်ရွတ်ခြင်း) ၊ သရ်သီးလ် (ကျမ်းတော်မြတ်ကုရ်အာန် အစီအစဉ် အတိုင်း ဖတ်ရွတ်ခြင်း) စသည်တို့ ကျမ်းတော်မြတ်ကုရ်အာန် အား သက်ဝင်ယုံကြည်သူများ အကြား တွင် အထူး အရေးပါပါသည်။ ၎င်း အလုပ်များ အပြင် ကျမ်းတော်မြတ် ကုရ်အာန် သည် သာမန် မွတ်စလင်မ်များ အကြားတွင်လည်း အထူးရိုသေလေးစားမှု တစ်ခုရှိပါသည်။ သာဓက အားဖြင့် ကျမ်းတော်မြတ် ကုရ်အာန် ၏ အက္ခရာ စာလုများ နှင့် အာယသ်တော်များ ဝဇူ မရှိဘဲ မထိတွေ့ ကြခြင်း ဖြစ်ပါသည်။ သေလာဝသ်ပြုချိန် ရိုရိုသေသေထိုင်ပြီး ပြုကြပါသည်။ ကျမ်းတော် မြတ်ကုရ်အာန် ရှေ့ တွင် ခြေမဆင်းကြချေ။ ကျမ်းတော်မြတ်ကုရ်အာန် ကို အကောင်း တကာ အကောင်းဆုံး အဖုံး နှင့် အကောင်း တကာ အကောင်းဆုံး ထိုက်တန် သည့်နေရာ တွင် ထားကြပါသည်။ အနှစ်ချုပ် ဤသို့ ဖြစ်ပါသည်။ဤအတိုင်း အပြင်ပိုင်း အရာ အရိုအသေပေးလေးစားမှု သည် သာမန် မွတ်စလင်မ်များ အကြား အလေ့အထ ဖြစ်ပါ သည်။

 

          ရှင်းလင်းပါသည်။ အထက်ဖော်ပြပါ အလုပ်များကို လိုက်နာ ဆောင်ရွက်ခြင်းသည် ဤကောင်းကင်ကျ ကျမ်းမြတ် အား ရိုသေလေးစားခြင်းဆိုသည့်ခေါင်းစဉ်ဖြင့် ကြီးမားသည့် ကြီးကျယ် မြင့်မြတ်မှု တစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဤရိုသေလေးစား မှု အား မည်မျှပင် တစိုက်မတ်မတ် ပြုလုပ်လေ ပိုမို၍ ကောင်းလေ ဖြစ်ပါသည်။ သို့သော် လည်းဘဲ ကျွန်ုပ် တို့ အနေဖြင့် ရာခိုင်းနှုန်းပြည့် ဤ ကောင်းကင်ကျ ကျမ်း အား အရိုအသေ လေးစားမှု ပြုရာ မမြောက်သေးချေ။ ပြီးနောက် အလ္လာဟ် ဟို အရှင်မြတ် ၏ ဤ ကြီးမားမြင့်မြတ်သည့် နေအ်မသ် (ခ) ကောင်းချီးတော်က ကျေးဇူးတင်ခြင်း ဖြစ်သည့် နေအ်မသ် တော်၏ လမ်းညွှန်မှု ကို လုပ်ဆောင်ရမည် ဖြစ်ပါသည်။ သို့သော် နေအ်မသ် တော် တိုင်း အား အလွန် တရာ အရိုအသေ အလေးအမြတ် ပြုခြင်းနှင့် ကျေးဇူးတင်ခြင်းမှာ ဤ နေအ်မသ်တော် ၏ အမှန် တရား (ခ) သစ္စာ တရားကို သိရှိ နားလည်ခြင်း နှင့် အလ္လာဟ်ဟို အရှင်မြတ် ၎င်း နေအ်မသ် တော် ကို ဖန်ဆင်းထားသည့်နေရာ တွင် ၎င်းကို အသုံးပြုခြင်း ဖြစ်ပါသည်။

 

          ဤအတွက်ကြောင့် အကယ်၍ ကျွန်ုပ် အနေဖြင့် ဤအမြင်နှင့် အတူ ကျမ်းတော်မြတ် ကုရ်အာန် အား ကြည့်မည်။ ပြီးနောက် ၎င်းအားရိုသေလေးစားမည်ဆိုလျင် ကျမ်းတော်မြတ် ကုရ်အာန် သည် အစ္စလာမ်မီ အသိုင်း အဝိုင်းများ၏ ယဉ်ကျေးမှု တွင် လိုအပ်သည် အဆင့် အထိ မရောက်ရှိသေးသည်ကို တွေ့မြင်ရပါမည်။ ပြီးနောက် ကျမ်းတော်မြတ် ကုရ်အာန် အား အမှန်တကယ် ရိုသေလေးစားခြင်း ကိုမပြုကြပေ။

 

          ကျမ်းတော်မြတ်ကုရ်အာန် အား ရိုသေလေးစား မှု နှင့် ပတ်သက်ပြီး မွတ်စလင်မ်များ လုပ်ရပ် အားတင်ပြ ခဲ့ပါသည်။ ထိုလုပ်ရပ်သည် အရေးကြီးလိုအပ်ပါသည်။ သို့သော် ဤ လုပ်ရပ် များကို လုပ်ဆောင်ခြင်းဖြင့် အလ္လာဟ်ဟိုအရှင်မြတ်သည် ကျမ်းတော်မြတ် ကုရ်အာန် အား ကျပေးတော်မူသည့် ရည်ရွယ်ချက် ပြည့် သွားမည် မဟုတ်ချေ။ ဤ ကောင်းကင်ကျမ်း နှင့် ပတ်သက်ပြီး မွတ်စလင်မ်များ ၏ တာဝန် ဝတ္တရား သည်လည်း ပြည့်စုံသည်အထိ ပြီးဆုံးသည့် အထိ မရောက်ရှိသေးချေ။ ကျမ်းတော်မြတ်ကုရ်အာန် အပြင်ပိုင်းဆိုင်ရာ အသိ ပညာများ ၊ အလ္လာဟ်ဟိုအရှင်မြတ်၏ အာယသ်တော်များ ၏ ကေရာအသ် နှင့် ဤ ကုသ မှုလမ်းညွှန် ၏ အပြင်ပိုင်း ဆိုင်ရာ ရိုသေလေးစားမှု သည် ကျမ်းတော်မြတ်ကုရ်အာန် ၏ တောင်းဆိုချက်များ နှင့် အမိန့် ဥပဒေများ အပေါ် လိုက်နာ ဆောင်ရွက်ရန်အတွက် နိဒါန်း ဖြစ်ပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် ၏ စစ်မှန် သည် ရပိုင်ခွင့် မှာ မွတ်စလင်မ်များ ၏ နိုင်ငံရေး နှင့်လူမှုရေး ဘဝတွင် အဓိက နေရာ တွင် မထား ဘဲ ပေးဆပ်နိုင်မည် မဟုတ်ချေ။

 

          ရှင်းလင်းနေသည့်အချက်မှာ ဒေါက်တာ ၏ ဆေးညွှန်ကို နမ်းခြင်း ၎င်းကို ရိုသေလေးစား ခြင်း ၊၎င်းကို သာယာ ချိုမြိန်းသည့် အသံနေ အသံထား ဖြင့် ဖတ်ရွတ်ခြင်း၊ဒေါက်တာ ၏ လမ်းညွှန် ချက်များ ကို မှာကြားချက်များ ကို မသိရှိဘဲ ၎င်းအပေါ် လိုက်နာ ကျင့်သုံးခြင်း သည် လူနာ ၏ ရောဂါကို ကုသ ရာ မရောက်ချေ။ အသိဥာဏ်ရှိသူတိုင်း ယုံကြည်ထားသည့်အချက်မှာ ဓေဒနာ ပျောက်ကင်း ချမ်းသာ မှု ရရန် အတွက် ကျွမ်းကျင် သည့် ဒေါက်တာ ၏ မှာကြားချက်များ အပေါ် လိုက်နာကျင့်သုံး ရန်လိုအပ်ကြောင်း ဖြစ်ပါသည်။ ဒေါက်တာ ၏ ဆေးညွှန် အား အမှန်တကယ် လေးစားရိုသေမှု ပြုခြင်းဆို သည်မှာ ၎င်း ဆေးညွှန် အပေး လိုက်နာ ကျင့်သုံး ခြင်း ဖြစ်ပါသည်။ ဒေါက်တာ နှင့် ၎င်း၏ ဆေးညွှန် အား အပြင် ပိုင်းအရ ရိုသေလေးစားများသာ ပြု၍ မရချေ။

 

          ကျမ်းတော်မြတ် ကုရ်အာန် နှင့်ပတ်သက်ပြီး ပြောရမည်ဆိုလျင် မည်သို့ဆိုစေ ကျမ်းတော်မြတ် ကုရ်အာန် ရိုသေလေးစားမှုများ ပြုခြင်းသည် နှစ်သစ်ဖွယ်ရာ လုပ်ရပ်များ ဖြစ်ပါ သည်။ ပြီးနောက် မွတ်စလင်မ်များ ထမ်းဆောင်ရမည့် တာဝန် ဝတ္တရား များ မှ တစ်ခု ဖြစ်ပါသည်။ သို့သော် ဤလုပ်ရပ်သည် ကောင်းကင်ကျ ကျမ်းတော်မြတ် ကုရ်အာန် နှင့် ပတ်သက် ပြီး မွတ်စလင်မ်များ ၏ အသေးအဖွယ်ဆုံးသော တာဝန် ဝတ္တရား သာ ဖြစ်ပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် အား နားလည် သဘောပေါက် ရန် ၎င်းကျမ်းမြတ်၏ ရှင်သန်မှုကို ပေးသည်ဥပဒေမိန့်မှာ ချက်များ အပေါ် လက်တွေ့ လိုက်နာ ကျင့်သုံး ရန် အလ္လာဟ် ဟိုအရှင်မြတ် ၏ လမ်းညွှန် မှု ဆိုသည့် ကောင်းချီး အတွက် ကျေးဇူးတင်ရှိရန် နှင့် စစ်မှန်သည့် အရိုအသေ အလေးအစားပြုရန်မှာ မွတ်စလင်မ်များ ၏ တာဝန်ဝတ္တရား ဖြစ်ပါသည်။ ပြီးနောက် မိမိကိုယ်ကို ဤ အကျိုးကျေးဇူးပြည့်ဝ သည် အမာနသ် (ခ) ယုံပုံ အပ်ထားမှု အား လက်မလွတ်သွားရအောင် ပြုရပါမည်။ ထိုမှသာ ရလာဒ်အဖြစ် အလ္လာဟ်ဟို အရှင်မြတ် ၏ နူးရ် (ခ) အလင်းရောင်တော်ဖြင့် မိမိ၏ မည်းမောင်း နေသည့် လောကကို ထိန်းလင်းစေနိုင်ရန် ဖြစ်ပါသည်။


****************************************************************

END / 251