အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၀ စက်တင်ဘာ ၂၀၂၁

၁၉:၁၀:၃၅
1178727

ကျမ်းတော်မြတ်ကုရ်အာန် သည် စစ်မှန်သည့် အလင်းရောင် ဖြစ်၏

မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် မစ်ဇ်ဗဟ် ယဇ်ဒီ ၏ တင်ပြချက်များ မှ ကျမ်းတော်မြတ်ကုရ်အာန် သည် စစ်မှန်သည့် အလင်းရောင် ဖြစ်၏ ဆိုသည့် ကဏ္ဍ လေးကို ကောက်နုတ် တင်ပြခြင်းဖြစ် ပါသည်။



 

အလ္လာဟ်ဟိုအရှင်မြတ် ၏ ထင်ရှားသည် ပြရုပ်များ မှာ တစ်ခုမှာ နူးရ်(ခ) ရောင်ခြည်တော် ဖြစ်ပါသည်။ အလ္လာဟ်ဟို အရှင်မြတ် သည် မိမိ ၏ နူးရ် (ခ) ရောင်ခြည်တော် အလင်းရောင် တော် နှင့် ပုံတူ ပြုတော်မှု၍ မိန့်တော်မူသည်။

 

أَللّٰهُ نُورُ السَّمٰوٰتِ وَ الأَرْضِ[1].

အဓိပ္ပာယ် ။ ။ အလ္လာဟ်ဟိုအရှင်မြတ် သည် မိုးကောင်းကင်များ နျင့်မြေပထဝီ မြေ၏ နူးရန် (ခ) ရောင်ခြည်တော် (ခ) အလင်းရောင်တော် ဖြစ်ပါသည်။ ဤနူးရ် သည် အလ္လာဟ်ဟို အရှင်မြတ် ၏ တည်ရှိမှု ဖြစ်ပြီး ထင်ရှား ပြနေခြင်းဖြစ်ပါသည်။ပြီးနောက် မိုးကောင်များ နှင့် မြေပထဝီ ၊ အခြား အဖန်ဆင်းခံများကို ဖန်ဆင်းခဲ့ပါသည်။အလ္လာဟ်ဟိုအရှင်မြတ် ၏ ချီးမြင့် မှု၏ မင်္ဂလာကြောင့် စကြာဝဠာသည် တည်ရှိနေပြီး တည်မြဲ နေပါသည်။ ပြီးနောက် တည်ရှိမှု ၏ အကျိုးကျေးဇူးတော်သည်တည်ရှိမှု ၏ အရင်းအမြစ် ဗဟို ဘက်မှ သက်ရှိသတ္တဝါ များ အပေါ်သို့ ကျရောက်နေပါသည်။ ရလာဒ်မှာ သက်ရှိသတ္တဝါ များ သည် မိမို့၏ ဘဝကို ဆက်လက်ရှင် သန် စေပါသည်။

တစ်ခါ တစ်ရံ အလ္လာဟ်ဟိုအရှင်မြတ် ၏ နှုတ်ကပတ်တော် အား နူးရ် (ခ) အလင်း ရောင်(ခ) ရောင်ခြည် တော်ဟုလည်း အဓိပ္ပာယ် ယူရတာ ရှိပါသည်။အကြောင်းမှာနူးရ် ကြောင့်ဖြင့် သာ မနုဿ လူသားသည် လမ်းကို တွေ့ရပါသည်။ လမ်းချော် ခြင်း လမ်းလွဲ လမ်းမှား ခြင်းမှ လွတ်မြောက်စေပါသည်။ အဘယ်ကြောင့်ဆိုသော် အလွန်ဆိုးရွား ပြီး ဆုံးရှုံး မှု ကို ပေးသည့် အမှား အယွင်းမှာဘဝလမ်း ၏ လမ်းလွဲလမ်းမှား နှင့် မနုဿ လူသား ၏ ကံကောင်းပျော်ရွှင် မှု ကို အန္တရာယ် ဖြစ်စေခြင်း ဖြစ်ပါသည်။ ဤအတွက်ကြောင့် စစ်မှန်သည့် အမှန်တကယ် နူးရ် သည် မနုဿ လူသား များ ကို လူ့ အသိုင်းအဝိုင်း များ ပတ်ဝန်းကျင်များ ၏ လမ်းမှား ၊ လမ်းချော် မှ ဖယ်ရှား ပေးခြင်း ဖြစ်ပါသည်။ ပြီးနောက် မနုဿ လူသား ၏ ပြည့်စုံ ပြီး မှန်ကန် သည့်လမ်း ကို မီးမောင်း ထိုးပြ ပါသည်။ ထိုမှသာ ကံကောင်း ပျော်ရွှင်ပြီး ပြီးပြည့်စုံ သည် လမ်းအား ပျက်စီး ပြီးလမ်းမှားလမ်းလွဲ မှ ခွဲခြား နိုင်ရန် ဖြစ်ပါသည်။ ဤသည်ကို အခြေခံပြီး အလ္လာဟ်ဟို အရှင်မြတ် သည် ကျမ်းတော်မြတ် ကုရ်အာန် အား နူးရ် (ခ) အလင်းရောင် (ခ) ရောင်ခြည်တော် အဖြစ် အဓိပ္ပာယ် ဖွင့်ဆို ထားပြီး မိန့်တော်မူ ထား သည်။

 

قَدجَائَکُم مِنَ اللّٰہِ نُور وَّ کِتَاب مُبِین.[2]

 

အဓိပ္ပာယ် ။ ။ ဧကန်မုချ အသင်တို့ထံ အလ္လာဟ်ဟို အရှင်မြတ် ဘက်တော်မှ နူးရ် (ခ) အလင်းရောင် နှင့် ထင်ရှား ပြတ်သားသည့် ကျမ်း ရောက်ရှိလာပြီးဖြစ်ပါသည်။ ထိုမှသာ အသင်တို့ ၎င်း နူးရ် နှင့် ထင်ရှား ပြတ်သားသည့် ကျမ်း ကို အသုံးပြုပြီး ကံကောင်း ပျော်ရွှင်မှု နှင့် ကံဆိုး မှု နှင့် ခွဲခြား နိုင်ရန် ဖြစ်ပါသည်။ ယခု ဆွေးနွေးမည့် ခေါင်းစဉ်သည် (( နဲဟ်ဂျိုဗလာဂါကျမ်း မှ မီးမောင်းထိုးပြနေသည့် ကျမ်းတော်မြတ် ကုရ်အာန် )) ဖြစ်ပါသည်။ ဤ အတွက်ကြောင့် ကျွန်ုပ် အနေဖြင့် ဤ အာယသ်တော် နှင့် ပတ်သက်သည့် သဖ်စီးရ်စီ ရှင်းလင်းမှု ကို မဖော်ပြတော့ ပါ။ ဤ အကြောင်းအရာ နှင့်ပတ်သက်ပြီး ဟဇရသ် အမီးရွလ် မိုအ်မေနီ မောင်လာ အလီ (အ.စ) မိန့်ကြား တော် မှု ကို ရှင်းပြပါမည်။

 

          ဟဇရသ် အမီးရွလ် မိုအ်မေနီ မောင်လာ အလီ (အ.စ) ခွသ်ဗာ အမှတ် ၁၉၈ တွင် အစ္စလာမ် သာသနာ နှင့် မဟာတမန်တော်မြတ် မုဟမ္မဒ် (ဆွ) ၏ အကြောင်း ကို ဖော်ပြပြီး နောက် ကျမ်းတော်မြတ် ကုရ်အာန် အကြောင်းကို တင်ပြ မိန့်တော်မူထားပါသည်။

 

ثُمَّ أَنزَلَ عَلَیهِ الْکِتَابَ نُوراً لاتُطْفَأُ مَصَابِیْحُهَ وَ سِرَاجاً لایَخْبُو تَوَقُّدُهُ وَ بَحْراً لایُدْرَکُ قَعْرُهُ .

 

အဓိပ္ပာယ် ။ ။ ပြီးနောက် အလ္လာဟ်ဟို အရှင်မြတ် သည် မိမိ၏ တမန်တော်မြတ် (ဆွ) အပေါ် ကျမ်းတော်မြတ်ကုရ်အာန် အား နူးရ် တစ်ခု ၏ အသွင်ဖြင့် ချပေးသနားတော်မူ ၏။ ၎င်း၏ မီးအိမ် မီးခွက်များသည် မည်သည့်အခါမှ ငြိမ်းသွားမည် မဟုတ်ချေ။မည်သည့်အခါမှ မေးမှိန်သွား မည်မဟုတ်သည့် သူရိယ နေမင်းပမာ ထွန်းလင်းတောက်ပနေပါသည်။ မည်သူ မျှ ၎င်း၏ အောက်ခြေ အထိ မရောက် နိုင်သည့် ပင်လယ် ပမာ ဖြစ်ပါသည်။

 

          ဟဇရသ် အမီးရွလ်မိုအ်မေနီး အလီအစ်ဗ်နေအဘီသွာလစ်ဗ် (အ.စ) အနေဖြင့် ဤ ခွသ်ဗာ တော်တွင် ကျမ်းတော်မြတ် ကုရ်အာန် အကြောင်း နှင့် ပတ်သက် ပြီး အလွန် လှပ သည့် ဥပမာ သုံးခု အား ပမာပေး၍ မွတ်စလင်မ်များ ၏ နှလုံးသားများ တွင် ကျမ်းတော် မြတ် ကုရ်အာန် ၏ ကြီးကျယ်မြင့်မြတ် မှု အား သိရှိ အောင်မိန့်တော် မူပါသည်။ ပြီးနောက် ၎င်းတို့ ၏ လက်ဝယ် ရှိ အလ္လာဟ်ဟိုအရှင်မြတ် ၏ ကြီးမား ကြီးကျယ် သည်အရင်းအနှီး အား များသထက် များများ အာရုံစိုက်လာအောင် မိန့်တော်မူထားပါသည်။

 

          ပထမဦးစွာ ဟဇရသ် အလီ (အ.စ) အနေဖြင့် ကျမ်းတော်မြတ်ကုရ် အား နူးရ် (ခ) လင်း ရောင်ခြည် နှင့်ပမာ ပေး၍ မိန့်ကြားပါသည်။

 

أَنْزَلَ عَلَیهِ الْکِتَابَ نُوراً لاتُطْفَأُ مَصَابِیحُهُ .

 

အဓိပ္ပာယ် ။ ။ အလ္လာဟ်ဟို အရှင်မြတ် သည် ကျမ်းတော်မြတ်ကုရ်အာန် အား နူးရ် ဖြစ်တော် မူသည့် အချိန် မဟာတမန်တော်မြတ် မိုဟမ္မဒ် (ဆွ) အပေါ် ချပေးတော်မူခဲ့ပါသည်။ သို့သော် ဤ နူးရ်သည် အခြား နူးရ်များ အားလုံး နှင့် ကွဲပြား ခြားနား ပါသည်။

 

          ဤအမှန်တရား (ခ) ကျမ်းတော်မြတ်ကုရ်အာန် သည် ဤ ကဲ့သို့သော် နူးရ် တော် တစ်ခုဖြစ်ပါသည်။ ၎င်း၏ မီးအိမ် မီးခွက်များသည် မည်သည့်အခါမှ ငြိမ်းသွားမည် မဟုတ် ချေ။မည်သည့်အခါမှ ၎င်း၏ ထွန်းလင်း တောက်ပမှု သည် မေးမှိန်သွားမည်မဟုတ် ချေ။

 

          ဦးနှောက် အသိဥာဏ်မှ လက်ခံပြီးခံစားလို့ရသည့် ခိုင်းနှိုင်းမှု ဖြင့် ကျမ်းတော်မြတ် ကုရ်အာန် အား ပမာ ပေးရမည်ဆိုလျင် လျှပ်စစ် ဓာတ်အား ၏ ပင်မ လျှပ်စစ်ရုံ ပမာ ဖြစ်ပါသည်။ ထိုလျှပ်စစ်ရုံမှ လျှပ်စစ်ဓာတ်အား ဖြင့် ထိန်းလင်းထားသည့် အားကောင်းပြီး ကြီးမား သည် မာကျူရီမီး များ သည် မည်းမှောင် နေသည့် ညများ တွင် သွားလိုသည့် နေရာ အထိ အဆုံးတိုင်ရောက်စေသည့် လမ်းများကို အလင်းရောင် ပေးပါသည်။ ပြီးနောက် ခလုတ် မထိဆူးမညိဘဲ အေးချမ်းစွာ သွားလိုသည့် နေရာ အထိ သွားလိုသူများ အတွက် လမ်း နှစ်လမ်း ၊ လမ်းစုံ သို့မဟုတ် လမ်း သုံးလေးစုံများတွင် လမ်းပြ မီးများ ကို စီစဉ် ပေးပြီး လမ်းများ ကို ထွန်းလင်း အောင် ပြုလုပ်ထား ပါသည်။ ထိုမှသာ သွားလိုသည့် နေရာများကို ရောက်ရန် ဖြစ်ပါ သည်။ ပြီးနောက် လမ်းလွဲလမ်းမှား ၊ ပြုတ်ကျနိုင်သည့် အန္တရာယ်ရှိချိုင့်များ ရှိသည့် လမ်းနှင့် ခွဲခြား နိုင်ရန် ဖြစ်ပါသည်။

 

          ကျမ်းတော်မြတ်ကုရ်အာန် သည်လည်း ဘာသာရေး အသိုင်းအဝိုင်း နှင့် အစ္စလာမ်မီ ပတ်ဝန်းကျင် တွင် ကံကောင်းပျော်ရွှင်မှု နှင့်အောင်မြင်မှု ကို ဆွတ်ခူးနိုင်ရန် ရှာဖွေ နေသူများ ၏ ဘဝ တွင် အထက်ပါ ပမာ အတိုင်း အကျိုး သက်ရောက် မှုကို ဖြစ်စေပါသည်။ ကွာခြား သည် မှာ ထို မီးလုံးမီးအိမ် သည် အလင်းရောင် အား ပင်းမအလင်းရောင် (ခ) ကျမ်းတော် မြတ်ကုရ်အာန် မှ ယူပြီး ကံကောင်းပျော်ရွှင် သည့်လမ်းကို ထွန်းလင်းစေပါသည်။ မည်သည့် အခါမှ ငြိမ်းသွား ပိတ်သွားမည်မဟုတ်ချေ။ ဤအတွက် ကြောင့် မှန်ကန်သည့်လမ်း ထာဝရ ဖြောင့်မတ် ပြီး ထိန်းလင်းနေပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် နှင့် ၎င်း၏ ထွန်းလင်း တောက်ပနေသည့် မီးအိမ် သည်လည်း ထာဝရ ကျမ်းတော်မြတ် ကုရ်အာန် ၏ နောက်လိုက် နောက်သားများ ဆိုဆုံးမနေပါသည်။ သတိအသိနှင့်နေပြီး လမ်းမှန် မှ လမ်းမလွဲ လမ်းမ ချော်သွား ရန် ဖြစ်ပါသည်။

 

          ဤခွသ်ဗာတော်တွင် ရှေ့ ဆက်ပြီး ဟဇရသ် မောင်လာ အလီ (အ.စ) မှ မိန့်ကြားတော်မူ ပါသည်။

نُوْ راً لَیسَ مَعَهُ ظُلْمَة .

 

အဓိပ္ပာယ် ။ ။ ကျမ်းတော်မြတ်ကုရ်အာန် သည် ဤကဲ့သို့ နူးရ် (ခ) အလင်းရောင် ဖြစ်ပါသည်။ ၎င်း ရှိနေလျင် မည်းမှောင် မဖြစ်နိုင်ချေ။ အကြောင်းမှာ ဤ ကောင်းကင်ကျ ကျမ်း မီးအိမ်များသည် အမြဲတစေ လမ်းညွှန်မှု နှင့်ကံကောင်းပျော်ရွှင်စေမည့် လမ်းများကို ထွန်းလင်း ပေးပါသည်။

 

          ထိုပြင် မအ်စူမီးန် (အ.စ) သည်လည်း အလ္လာဟ်ဟို အရှင်မြတ် ဝဟီတော် အား အကျယ် ဖွင့်ဆို သူများ ဖြစ်ပါသည်။ ပြီးနောက် ကျမ်းတော်မြတ် ကုရ်အာန် နှင့်ပတ်သက်သည့် အသိတရားများ ကို လူထုအား ပို့ချပေးသည့် အလ္လာဟ်ဟို အရှင်မြတ် ပေးထား သည့် ပညာဖြင့် မွတ်စလင်မ် လူထုကြီးအား ကျမ်းတော်မြတ်ကုရ်အာန် ၏ အမှန်တရား အစစ် အား သိရှိအောင် ပြုပေးသည်မီးအိမ်များ ပမာ ဖြစ်ပါသည်။

[1]စူရဟ်နူးရ် ၊ အာယသ်တော်အမှတ် ၃၅

[2]စူရဟ်မာအေဒဟ် ၊ အာယသ်တော်အမှတ် ၁၅