အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၁ စက်တင်ဘာ ၂၀၂၁

၁၉:၂၆:၀၅
1179086

ဟဇရသ် အီဗရာဟီးမ် (အ.စ) သည် ကျမ်းတော်မြတ်ကုရ်အာန် တွင် အမိန့်နာခံမှု နှင့် ဗန်ဒါပီသမှု ၏ စံပြ အဖြစ်လာရှိ

မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် မစ်ဇ်ဗဟ် ယဇ်ဒီ ၏ တင်ပြချက်များ မှ ဟဇရသ် အီဗရာဟီးမ် (အ.စ) သည် ကျမ်းတော်မြတ်ကုရ်အာန် တွင် အမိန့်နာခံမှု နှင့် ဗန်ဒါပီသမှု ၏ စံပြ အဖြစ်လာရှိဆိုသည့် ကဏ္ဍ လေးကို ကောက်နုတ် တင်ပြခြင်းဖြစ် ပါသည်။


 

ကျမ်းတော်မြတ်ကုရ်အာန် အနေဖြင့် ဟဇရသ် အီဗရာဟီဒမ် (အ.စ) သည် အလ္လာဟ်ဟို အရှင်မြတ် ၏ ဥပဒေသများ နှင့် အမိန့်တော် များ ၏ရှေ့ တော်မှောက်တွင် အပြည့်အဝ လိုက်နာ ကျင့်သုံးကြောင်း ဖြစ်ရပ်မှန်များ နှင့် အလ္လာဟ်ဟို အရှင်မြတ် ၏ နှစ်မြို့ သူ အဖြစ် စံပြ ဖြစ်ကြောင်း တင်ပြထားပါသည်။ ထိုနည်းတူစွာ အခက်အခဲများ ရင်ဆိုင် ခြင်း၊ မွတ်ရှ်ရေက်များ အပေါ် အောင်နိုင်ခြင်း ၏ သော့ချက်နှင့် လှို့ဝှက် ချက်မှာ အလ္လာဟ်ဟို အရှင်မြတ် အပေါ် အားကိုး မျှော်လင့်ခြင်း ၊ အီမာန် (ခ) သက်ဝင် ယုံကြည်ခြင်း ၊သည်းခံခြင်း နှင့် မားမားမတ်မတ် ရပ်တည် ခြင်း ဖြစ်ကြောင်း တင်ပြပါသည်။ ပြီးနေက်ကျွန်ုပ်                   ထံမှ လိုလား သည်မှာ ကျွန်ုပ်တို့အနေဖြင့် အလ္လာဟ်ဟို အရှင်မြတ်၏ အမိန့် နှင့် ကျမ်းတော်မြတ်ကုရ်အာန် နှင့်ပတ်သက်ပြီး ဟဇရသ် အီဗရာဟီးမ် (အ.စ) အနေဖြင့် လက်တွေ့ အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့် ဥပဒေများကို လိုက်နာ ကျင့်သုံးပြီး သကဲ့သို့ အီမာန် (ခ) သက်ဝင်ယုံကြည်ပြီး မားမားမတ်မတ် ရပ်ထပြရန် ဖြစ်ပါသည်။

ကျွန်ုပ်အနေဖြင့် ဤနေရာတွင် ဟဇရသ် အီဗရာဟီးမ် (အ.စ) ၏ ဖြစ်ရပ်မှန် ၊မိမိ၏ သားတော် ဟဇရသ် အစ်္စမာအီးလ် (အ.စ) ၏ လည်ကို လှီးတော်မူသည့် ကိစ္စ နှင့် ပတ်သက်ပြီး အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်ကို လိုက်နာ ဆောင်ရွက်မှု နှင့်ပတ်သက်ပြီး အကျဉ်းချုပ် တင်ပြသွားပါမည်။ ထိုမှသာ ဤ ဖြစ်ရပ်မှန် နှင့်ပတ်သက်ပြီး တစ်ဆူတည်း အနှိုင်းမဲ့ အလ္လာဟ်ဟို အရှင်မြတ် ကို ခဝပ်ကိုးကွယ်သူများ အလ္လာဟ်ဟို အရှင်သည် အဓိက အချက်အချာ ဖြစ်ကြောင်း နှင့် အမှန်တရား မြတ်နိုးသည့် ဝိညာဉ် ကို ရှင်းလင်းပြပြီး ကျမ်းတော် မြတ်ကုရ်အာန် နှင့် ၎င်းကျမ်းမြတ် ၏ အမိန့် ဥပဒေသများ နှင့်ပတ်သက်သက်ပြီး မိမိတို့၏ အားနည်းချက်များ ကို တွေ့နိုင်ရန် ဖြစ်ပါသည်။ ပြီးနောက် ဤဖြစ်ရပ်မှန် ၏ အလင်း ဖြင့် ချစ်လှစွာသော စာဖတ်ပရိတ်သတ်များ ကို ပတ်ဝန်းကျင် အသိုင်းအဝိုင်း ၏ အခက်အခဲ အစစ်များ သိစေရန် အတွက် ဖြစ်ပါသည်။

ကျမ်းတော်မြတ်ကုရ်အာန် ကို ကိုးကား ၍ သိရှိရသည်မှာ အလ္လာဟ်ဟို အရှင်မြတ် သတ်မှတ်ထား သည့် ကံ တွင် ဟဇရသ် အီဗရာဟီးမ် (အ.စ) သည် နှစ်ပေါင်း ၁၀၀ တိုင် သားသမီးမထွန်းကားခဲ့ချေ။ အဆက်မပြတ် မျှော်လင့်ချက် ကင်းမဲ့မှု နှင့် အတူ ရှည်လျား သည့် ကာလ တစ်ခု အထိ စောင့် မည်မှ သားသမီးထွန်းကား ခဲ့ပါသည်။ ဟဇရသ် အီဗရာဟီးမ် (အ.စ) ၏ ကြာရှည် စွာစောင့်စားခဲ့ရသည့် ဆန္ဒပြည့်ဝခဲ့ပါပြီး။ သဘဝ တရားဖြစ် ပါ သည်။ မနုဿာလူသားတိုင်း ဘဝတွင် ကောင်းမြတ်သည့် သားတစ် ယောက် လိုချင် ကြပါသည်။ ကောင်းမြတ်သည့် သား သမီး ကို မိမိတို့ တည်ရှိမှု မြဲ ရန်အတွက် အကြောင်းခံအဖြစ် နားလည် ကြပါသည်။

ဟဇရသ် အစ်္စမာအီးလ် (အ.စ) ကိုမွေးဖွားပြီးနောက် ဟဇရသ် အီဗရာဟီးမ် (အ.စ) အား အလ္လာဟ်ဟို အရှင်မြတ် ဘက်မှ တာဝန်ကြတော်မူလေ၏။ မိမိ၏ သားတော် အား ၎င်း၏ မိခင် နှင့်အတူ မက္ကာဟ် မြေသို့ ခေါ်ဆောင်သွားရန် ဖြစ်ပါသည်။ ထိုမှသာ ခက်ခဲ သထက်ခက်ခဲသည့် အခြေအနေ တွင် ရေနှင့် ရှင်သန်မှု အတွက် လက္ခဏာများ လုံးဝ မတွေ့ ရသည့် ချိုင့်ဝှမ်း တွင် ၎င်းတို့သားအမိနှစ်ဦးတည်း ကို ထားခဲ့ရန် ဖြစ်ပါသည်။ ပြီးနောက် အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော် ကို နာခံရန်အလိုဌာ မက္ကာဟ် မြေကို စွန့် ခွာရန် ဖြစ်ပါသည်။ ကာလတစ်ခု ကြာပြီးနောက် ပြန်လာခဲ့ပါသည်။ ထို အချိန် ဟဇရသ် အီဗရာဟီးမ် (အ.စ) ၏ သားတော်သည် ကြီးပြင်းလာချေပြီး။သားတော်အား ယဉ်ကျေးလိမ္မာ ပြီး ရုပ်ချော သည် လူငယ် တစ်ဦးအဖြစ်တွေ့ မြင်ရပါသည်။ ဟဇရသ် အစ်္စမာအီးလ် (အ.စ) ၏ လှပမှု ရုပ်ချောမှုကိုာကည့်ပြီး လူတိုင်း လူတိုင်း အံ့သြခဲ့ရပါသည်။ ၎င်းပြင် ပန်းကဲ့သို့ ဖူးပွင့်နေသည့် ဟဇရသ် အစ်္စမာအီးလ် (အ.စ) မျက်နှာတော် သည် ဖခင် ၏ ရှိသမျှ ဝမ်းနည်းကြေကွဲစရာများ ကို မေ့ ပျောက်စေခဲ့ပါသည်။ ထိုပြင် ခွဲခွာရမှု နှင့် အခက်အခဲများ အတွက် ဝမ်းနည်းပူဆွေးရမှုကို လွယ်ကူ စေပါသည်။ ဟဇရသ် အစ္စ်မာအီးလ် (အ.စ) နဗူဝသ် ၏ အရည်အသွေးများ ထင်ပေါ်နေပါသည်။ ဤကဲ့သို့ ၎င်း အားအချစ်မေတ္တာ အပြည့်စုံဆုံး အဆင့်တွင်ရောက်နေချိန် ရုတ်တရက် ဟဇရသ် အီဗရာဟီးမ် (အ.စ) အား အိပ်မက်တွင် အလ္လာဟ်ဟို အရှင်မြတ် ဘက်တော်မှ ဝဟီ ကျတော်မူ၏။ (( အသင်အနေဖြင့် မိမိသားတော် (အစ်္စမာအီးလ် (အ.စ) ) အား အရှင်မြတ် ၏ လမ်းတော် တွင် ကုရ်ဗနီ ပြုပါလေ။ ))

အမှန်တကယ် ထိုက်တန် ဆီလျော် သည်မှာ - အလ္လာဟ်ဟို အရှင်မြတ် ၊ ကျမ်းတော်မြတ် ၊ နှင့် အလ္လာဟ်ဟို အရှင်မြတ်၏ အမိန့် ဥပဒေသများ အပေါ် မိမိ၏ သက်ဝင်ယုံကြည်မှု နှင့် အလ္လာဟ်ဟိုအရှင်မြတ် ၏ ရှေ့တော် မှောက်တွင် အပြည့်အဝ လိုက်နာ ကျင့်သုံးခြင်းကို ဟဇရသ် အီဗရာဟီးမ် (အ.စ) ၏ အလ္လာဟ် အပေါ် အီမာန် (ခ) သက်ဝင်ယုံကြည်မှု ၊ အလ္လာဟ်အမိန့် အပေါ် အပြည့်အဝ လိုက်နာ ကျင့်သုံးမှု နှင့် အလ္လာဟ့် နှစ်မြို့ တို့ နှင့် ချိန် ကိုက်ကြည့်ရမည်။ ထိုမှသာ ကျွန်ုပ် တို့ နှင့် အလ္လာဟ်ဟိုအရှင်မြတ် နှင့် ကျမ်းတော်မြတ် ကုရ်အာန် ကျွန်ုပ်တို့ထံမှ လိုလားသည့် အရာများ မည်မျှ ကွာဟ နေ သည်ကို ကောင်းကောင်း သိရှိရမည် ဖြစ်ပါသည်။ ထိုပြင် မိမိတို့၏ ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များ အပေါ် အခြေခံပြီး အီမာန် (ခ) သက်ဝင်ယုံကြည်မှု နှင့် အမဲလ်(ခ) လုပ်ဆောင်မှု တို့ အားဖြည့်ရန် အားကောင်းစေရန် အရင်ထက်ပိုမို၍ အသင့် ဖြစ်သွားပါမည်။ အကယ်၍ ဂျီဗရာအီးလ် (အ.စ) သည် အသင်တို့ နှင့် ကျွန်ုပ် အား ဤကဲ့သို့ နိုးထနေချိန် တွင်မဟုတ်ဘဲ အိမ်မက် တွင် မိမိ၏ လက်ဖြင့်မိမိသား အား မိမိ၏လက်ဖြင့် ကုရ်ဗာနီ ပြုရန် အမိန့်ပေးမည်ဆိုလျှင် ကျွန်ုပ်တို့ အနေဖြင့် ဂျီဗရာအီးလ် (အ.စ) ၏ ရှေ့ တွင် နားထောင်ဖို့ပင် ခံနိုင်ရှိမည်မဟုတ်ချေ။ ဤအတွက် ကြောင့် အလ္လာဟ်ဟို အရှင်မြတ် ၏အမိန့် ကိုလက်တွေ့လိုက်နာသည့် အနေဖြင့် မိမိသားအား ကုရ်ဗာနီ ပြုဖို့ဆိုသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။ သို့သော် ဟဇရသ် အီဗရာဟီးမ် (အ.စ) သည် ချက်ချင်း အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ကို လိုက်နာ ဆောင်ရွက်ရန် အတွင် အသင့် ဖြစ်သွားပါသည်။ ဝဟီအမိန့်တော် နှင့်ပတ်သက်ပြီး မည်သည့် မဆ်လဟသ် (ခ) မြတ်အလ္လာဟ်မိမိ၏ အဖန်ဆင်းခံအတွက် အကောင်းကို သာဖြစ်စေရန် အရ အပြစ်မဲ့ သားတော်ကို အဘယ်ကြောင့် လည်လှီးခိုင်းရပါသနည်းဆိုပြီး မည်သည့် ဒွိဟ သွသယ မှ မရှိ ဇဝေဇဝါ မှ မဖြစ်ခဲ့ချေ။ ဤ အကြောင်းအရာ ကို မိမိသားတော် ပြောပြလေ၏။

 

فَلَمَّا بَلَغَ مَعَهُ السَّعْیَ قَالَ یَا بُنَیَّ اِنِّی أَریٰ فِی الْمَنَامِ اَنِّی أَذبَحُکَ فَاْنظُرْ مَاذَا تَرَیٰ قَالَ یَا أَبَتِ افْعَلْ مَاتُؤمَرْ سَتَجِدُنِ اِن شَائَ اللّٰهُ مِنَ الصَّابِرِینَ[1].

အဓိပ္ပာယ် ။ ။ ပြီးနောက်ထို (ဟဇရသ် အစ္စ်မာလီးလ် (အ.စ) ) သည် မိမိ ဖခင်နှင့် အတူပြေးနိုင် လွှားနိုင်သည့် အခြေအနေ ကို ရောက်သည့်အခါ ၎င်း(ဟဇရသ် အီဗရာဟီးမ် (အ.စ) ) မှ ပြောကြားလေ၏။ သားတော် ငါအနေဖြင့် မင်းကို လည်လှီးနေသည်ဟု အိမ်မက် မက်ပါ သည်။ အခု မင်း အထင်က ဘာလဲ ဆိုတာ ကို မင်းပြောပါလေ။ သားတော်မှ အဖြေ ပေးလေ၏။ အို ဖခမည်းတော် အဖေကို အမိန့်တော် ပေးသည့် အတိုင်း လိုက်နာ ဆောင်ရွက် ပါလေ။ အင်န်ရှာအလ္လာဟ် ကျနော် အား သည်းခံသူများ တွင် တွေ့ရပါလိမ့်မည်။

 

ဟဇရသ် အီဗရဟီးမ် (အ.စ) မိန့်တော်မူသည်။ မင်းကို အလ္လာဟ် လမ်း မှာ လည်လှီး နေသည်ဟု ငါအိပ်မက်မက်ပါသည်။မင်း ရဲ့ သဘောဆန္ဒက ဘာလဲ ? ဟဇရသ် အီဗရာဟီးမ် (အ.စ) ၏ အီမာန် နှင့် အမိန့် ကို အပြည့်အဝ လိုက်နာမှု ၏ အဆင့်အတန်း ဤအထိဖြစ်ပါသည်။ ယခု သားတော် ဟဇရသ် အစ္စ်မာလီး လ် (အ.စ) အီမာန် နှင့် အမိန့် ကို အပြည့်အဝ လိုက်နာမှု ၏ အဆင့်အတန်း ကို ကြည့်ကြမည်။ အလ္လာဟ် ဟို အရှင်မြတ် နှင့် ဖခမည်းတော်၏ အမိန့် တော်ရှေ့ တွင် မည်ကဲ့သို့ အမိန့်လိုက်နာ ဆောင်ရွက်ောကာင်း ကြည့်နိုင်ပါသည်။ ဤ အတိုင်း ဤ မနုဿ လူသားများ (ခ) မဟာလူသားများ ၏ အေခ်လာစ် (အလ္လာဟ်တစ်ပါးတည်းနှစ်မြို့မှု အတွက် အလုပ်လုပ်ခြင်း ) ၊ ကို တင်ပြရေးသားရန် ကလောင်တွင် စွမ်း အား မရှိချေ။ အံ့သြ ပါလေ။ ပြီးနောက် မိမိ ကိုယ်ကို မွတ်စလင်မ်ဟု ပြောရတွင် သတိနှင့် အသိ ရှိပါလေ။

ဟဇရသ် အစ္စ်မာအီးလ် (အ.စ) ကဲ့သို့ သား မိမိ ၏ ဖခမည်းတော်ထံမှာ အလ္လာဟ်ဟို အရှင်မြတ် ၏အမိန့်တော် ရှေ့ တွင် မည်သို့ အပြည့်အဝ လိုက်နာမှု နှင့် အလ္လာဟ့် နှစ်မြို့မှု ပြုရကြောင်း သင်ခန်းစာ ယူခဲ့ပါသည်။ သဘောတူ မူကို ထုတ်ဖော်ပြောဆိုသည်အပြင် အဖြေတစ်ခု ပေး၍ မိမိ၏ ဖခမည်းတော် အား အလ္လာဟ် ဟိုအရှင်မြတ် ၏ အမိန့်ကိုလက်တွေ့ ကျင့်ဆောင်ရန် အတွက် အားပေး မှုကို ပြုခဲ့ပါသည်။ မပြော ကောင်း မဆိုကောင်း အလ္လာဟ် ဟို အရှင်မြတ် ကို အမိန့် လက်မလွတ်မိစေရန် ဖြစ်ပါသည်။

ထိုပြင် ဟဇရသ် အစ်စမာအီးလ် (အ.စ)   သည် မိမိ လည်အား လှီးဖြတ်မည့် ဒဿန နှင့်ပတ်သက်ပြီး မမေးမြန်းခြင်းမရှိဘဲမိမိဖခမည်းတော် အား မိမိ၏ တာဝန်ဝတ္တရား တော် အတိုင်း ပြည့်ဝ အောင် အကောင်အထည် ဖော် ဆောင်ရွက် စေခဲ့ပါသည်။ မိမိ ဖခမည်း တော်အား ပြောကြားလေ၏။

یَا أَبَتِ افْعَلْ مَاتُؤْمَرْ سَتَجِدُنِ ِنْ شَائَ اللّٰهُ مِنَ الصَّابِرِینَ .[2]

အဓိပ္ပာယ် ။ ။ အို ဖခမည်းတော် အဖေကို အမိန့်တော် ပေးသည့် အတိုင်း လိုက်နာ ဆောင်ရွက် ပါလေ။ အင်န်ရှာအလ္လာဟ် ကျနော် အား သည်းခံသူ၊မားမားမတ်မတ်ရပ်တည်သူ အဖြစ် တွေ့ရပါလိမ့်မည်။

သို့ရာတွင် ကြီးကျယ်မြင့်မြတ်သည့် လူသားသည် ရှိသမျှတာဝန် ဝတ္တရား အားလုံး ကို နှင့် ကြီးမား သထက်ကြီးမားသည့် တာဝန် ဝတ္တရား အား တာဝန်ကျေပွန်အောင် ထမ်းဆောင် ရာတွင် အလ္လာဟ်ဟို အရှင်မြတ် ၏ အကူအညီ အဖေးအမ လိုအပ်ပါသည်။အရှင်မြတ်အပေါ် ကိုးစားေ မျှာ်လင့်ပြီး ခြေလှမ်းကြပါသည်။ ရှိသမျှ အလုပ် အားလုံး တွင် အရှင်မြတ် ၏ အကူ အညီ အဖေးအမ ကို တောင်းခံ ပါသည်။ ပြီးနောက် အလွန်တရာ ယဉ်ကျေးစွာ ဖြင့် ရိုကျိုးစွာဖြင့် ဤကဲ့သို့ ထုတ်ဖော် ပြောဆိုပါသည်။ အကယ်၍ အလ္လာဟ်ဟို အရှင်မြတ် သခင်လိုလား မည်ဆိုလျှင် အကယ်၍ အလ္လာဟ်ဟို အရှင်မြတ် အကူအညီ ပေးမည်ဆိုလျှင် ကျနော် ထိုအလုပ် ကို ဆောင်ရွက်ပါမည်။

အလ္လာဟ်ဟိုအရှင်မြတ် သခင်သည် ဟဇရသ် အီဗရာဟီးမ် (အ.စ) မိမိရှေ့တော် မှောက်တွင် အမိန့်အပြည့်အဝ လိုက်နာသည့် အခြေအနေ နှင့်ပတ်သက်ပြီး ဟဇရသ် အီဗရာဟီးမ် (အ.စ) ၏ နှုတ်တော်ဖြင့် ဤကဲ့သို့ မိန့်တော်မူပါသည်။

اِنِّ وَجَّهْتُ وَجْهي لِلَّذِی فَطَرَ السَّمٰوٰتِ وَ الأَرْضَ حَنِیفاً وَ مَا أَنَا مِنَ المُشْرِکِینَ[3].

အဓိပ္ပာယ်။ ။ ကျနော်မျိုး၏ မျက်နှာမူမှု စစ်မှန်သည့် အီမာန် နှင့်အတူ အပြည့်အဝ အလ္လာဟ် ဟို အရှင်မြတ် သခင်ဘက်သို့ ဖြစ်ပါသည်။ ၎င်းအရှင်မြတ်သည် မိုးကောင်းကင်များ နှင့် မြေပထဝီ ကို ဖန်ဆင်းတော်မူ ထားပါသည်။ ကျနော်မျိုးသည် ဘယ်သောအခါမှ ဂျဟေလ် (ခ) ပညာမဲ့ ယုကြည်ချက်များကို ထားရှိသူ မွတ်ရှ်ရေက် များမှ မဟုတ်ပါ။

          ကျွန်ုပ်တို့ အနေဖြင့်လည်း အလ္လာဟ်ဟိုအရှင်မြတ် နှင့် ကျမ်းတော်မြတ်ကုရ်အာန် နှင့် ပတ်သက်ပြီး ဟဇရသ် အီဗရာဟီးမ် (အ.စ) ၏ အဲအ်သေကာဒ် (ခ) ယုံကြည်ချက်များ နှင့် အီမာန် (ခ) သက်ဝင်ယုံကြည်မှု ပမာ အဲအ်သေကာဒ် (ခ) ယုံကြည်ချက်များ နှင့် အီမာန် (ခ) သက်ဝင် ယုံကြည်မှု ထားဖို့လိုပါသည်။ ဤအခြေအနေတွင် ကျမ်းတော်မြတ်ကုရ်အာန် ၏ကိုးကားချက်ဖြင့် ဒုတိယအခြေခံ စည်းမျဉ်း ဆိုလိုသည်မှာ ကျမ်းတော်မြတ်ကုရ်အာန် ၏ လမ်းညွှန်ချက်များ ကို အခြေပြုပြီး ပတ်ဝန်းကျင်အသိုင်းအဝိုင်း အတွက် လမ်းညွှန် မှုကို အကောင်အထည် ဖော်စေမှာဖြစ်ပါသည်။

          ဤအတွက်ကြောင့် ကျမ်းတော်မြတ်ကုရ်အာန် ၏တည်ရှိမှု ခိုင်မာသည့် အီမာန် (ခ)သက် ဝင်ယုံကြည်မှု နှင့် နှလုံးသည်းပွတ်မှ ယုံကြည်ချက်များ မပါဘဲ ဘယ်သောအခါမှ မနုဿာ လူသား နှင့် ပတ်ဝန်းကျင် အသိုင်အဝိုင်း ကို ကံကော် ပျော်ရွှင် အောင်ပြုနိုင် မည် မဟုတ် ချေ။ သို့ပေမဲ့ ဤအချက်သည် လည်းရှင်းလင်းနေပါသည်။ သက်ဝင်ယုံကြည်မှု နှင့် ယုံကြည်ချက်များအပြင် ကျမ်းတော်မြတ်ကုရ်အာန် ၏လမ်းညွှန်မှု အတွက် အစီအစဉ် နှင့် အမိန့်များ ကို အကောင်အထည် ဖော် နိုင်ရန် တတိယ စည်းမျဉ်း လည်း လိုပါသည်။ ဆိုလိုသည်မှာ ပုဂိုလ်ရေး နှင့် လူမှု့ ရေးဆိုင်ရာ ဘဝတည်ဆောက်ရာတွင် ကျမ်းတော်မြတ် ကုရ်အာန် ၏ အမိန့်များ နှင့် လမ်းညွှန် ဆိုဆုံးမချက်များ နှင့် ရှင်သန်မှု ကို ဖြစ်စေသည့် အမိန့်များကို တည်ရှိအောင်ပြုခြင်း နှင့် ၎င်း အပေါ် လက်တွေ့ လိုက်နာ ကျင့်သုံး ခြင်း ဖြစ်ပါ သည်။

 

 

 

[1]စူရဟ် ဆွာဖါသ် ၊ အာယသ် တော် အမှတ် ၁၀၂

[2]စူရဟ် ဆွာဖါသ် ၊ အာယသ် တော် အမှတ် ၁၀၂

[3] စူရဟ် အန်နအာမ် ၊ အာယသ်တော် ၇၉

****************************************************************

END / 251