အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၉ အောက်တိုဘာ ၂၀၂၁

၂၀:၂၃:၂၀
1187243

သဖ်စီးရ် ဗေ ရိုင်း (ခ) မိမိသဘောဆန္ဒ ဖြင့် အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း

မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် မစ်ဇ်ဗဟ် ယဇ်ဒီ ၏ တင်ပြချက်များမှ သဖ်စီးရ် ဗေ ရိုင်း (ခ) မိမိသဘောဆန္ဒ ဖြင့် အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်းဆိုသည့် ကဏ္ဍ လေးကို ကောက်နုတ် တင်ပြခြင်းဖြစ် ပါသည်။

 


 

ရှင်းလင်းပါသည်။ စိတ်အလိုဆန္ဒများကို ထိန်းချုပ်ခြင်း အလ္လာဟ် ဟို အရှင်မြတ်၏ အဲဟ်ကာမ် (ခ) ဥပဒေများ နှင့် ကျမ်းတော်မြတ်ကုရ်အာန် ဆိုင်ရာ အသိပညာများ ၏ ရှေ့ မှောက် တွင် ရာနှုန်းပြည့် လိုက်နာ ကျင့်သုံးခြင်းသည် လွယ်ကူသည့် ကိစ္စတော့ မဟုတ်ချေ။ တစ်နည်း အား ဖြင့် အလ္လာဟ်ဟို အရှင်မြတ် ဆိုင်ရာ (ခ) ဖန်ဆင်းရှင် ဆိုင်ရာ နှင့် ကျေးကျွန် ဆိုင်ရာူဟ် (ခ) ဝိညာဉ် အားမကောင်းသူများ ဆိုလျှင် စိတ်အလို ဆန္ဒများ ကို ထိန်းသိမ်း ဖို့ ထိန်းချုပ်ဖို့ဆို သည်မှာ အလွန်တရာ ခက်ခဲ သည့် အလုပ်ဖြစ်ပါသည်။ ဤအတွက် ကြောင့် ၎င်းအား ဂျေဟာဒ် အက္က်ဗဲရ် ဟု ခေါ် ဆိုခေါ်ဆိုပါသည်။

          သိရှိရသည်မှာ သဖ်စီးရ် ဗေ ရိုင်း (ခ) မိမိသဘောဆန္ဒ ဖြင့် အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း ၏စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုသည် ဤနေရာမှ စလေ၏။ သို့ဖြစ်ပါ၍ တစ်ဖက် တွင် မနုဿ လူသား ၏ ကျေးကျွန်မှု ဆိုင်ရာူဟ် (ခ) ဝိညာဉ် သည် အားနည်းသည့် အတွက်ကြောင့် မိမိ၏ စိတ်အလို ဆန္ဒများ နှင့် ရာဂ၊တပ်မက်မှု မလွတ်နိုင်ချေ။ ဒုတိယဘက် တွင်လညှ်းိုင်တွာန် (ခ) မာရ်နတ် မှ ဤ အခြေအနေအား အခွင့်ကောင်း အဖြစ်အသုံးချပါသည်။ ပြီးနောကှ်ိုင်တွာန် (ခ) မာရ်နတ် ၏ ဇဝေဇဝါ ပြုမှု ကြောင့် မနုဿ လူသား ၏ အတွေး နှင့် ဦးနှောက် အား ကြမ်းတော်မြတ် ကုရ်အာန် နှင့် သာသနာနှင့်ပတ်သက်ပြီး သဖ်စီးရ်အမှား ဘက်သို့ ဦးလှည့်ပေးပြီး လမ်းလွဲ လမ်းမှား စေပါသည်။

 

အထူးသဖြင့် အကယ်၍ ဤ ပုဂိုလ် အနေဖြင့် လူမှုရေး ၊ ဘာသာရေး အရ ဘာသာရေး သမား ဖြစ်နေပါကှိုင်တွာန် (ခ) မာရ်နတ် ၏ ဇဝေဇဝါပြုမှု   ၊ ၎င်း၏ ကြိုးပမ်းမှု ၊ ကျိန်ဆို ထား သည့် ရန်သူ ၏ လောဘ၊ရမက်တို့သည် ဤကဲ့သို့ မနုဿလူသား ကို လမ်းလွဲလမ်းချော်ရောက် အောင်ပြုရန် အဆပေါင်းရာနှင့်ချီ သွားလေ၏။ အကြောင်းမှာိုင်တွာန် အနေဖြင့် ဤကဲ့သို့သော် မနုဿလူသား အား လမ်းလွဲ ၊ လမ်းမှား ၊ လမ်းချော် အောင်ပြု လိုက်လျှင် အုပ်စု တစ်စု အား သာသနာမှ လမ်းမှား လမ်းလွဲအောင် ဖြစ်အောင်ပြုခြင်း မည်ကြောင်း သိလေ၏။ ထိုအုပ်စု အနေဖြင့် ဤ မနုဿ လူသား ၏ စကားများ ကို နားထောင်ပြီး လက်ခံသူများ ဖြစ်နိုင်ပါသည်။ ဤကဲ့သို့သော်သူများ သည် မနည်းလှချေ။ရှိနေပါသည်။ ထိုသူများသည် သဲဟ်ဇီးဗ် နာဖ်စ် (ခ) စိတှ်ိုင်း စိတ်ယုတ် ကို သန့်စင် အောင်ပြုခြင်း ၊ ဝိညာဉ်ကို သန့်ရှင်း စင်ကြယ်အောင် လုပ်ခြင်း ၊ မပြုဘဲ တစ်ကိုယ် ကောင်း ဆန်သည့် စိတ် နှင့် အတွေးချော် အတွေးကောက် တို့ဖြင့် ကျမ်းတော်မြတ် ကုရ်အာန်ဘက်သို့ ဦးမလှည့်မီအရင် ဖသ်ဝါ ပေးကြလေ၏။ ထိုပြင် ပညာရပ်ဆိုင်ရာ အရည်အချင်း ၊ အရေးကြီးသသည့် ကျွမ်းကျင်မှု အနည်းငယ် မျှပင်မရှိဘဲ အထင်အမြင်ကို ထုတ်၍ ကျမ်းတော်မြတ် ကုရ်အာန်၏ အမြင်သည်လည်း ကျွန်ုပ်တို့ အမြင်အတိုင်း ဖြစ်၏ ဟု၍ ပြောကြလေ၏။

          သဘာဝ ဖြစ်ပါသည်။ ဤကဲ့သို့သော် သူများ သည် မိမိတို့၏ စိတ် အလိုဆန္ဒများ နှင့် မှားယွင်းနေသည့်အတွေး အခေါ်များ နှင့် အမြင်များကို သာသနာနှင့် ကျမ်းတော်မြတ် ကုရ်အာန် ၏ အရောင် ဆိုးရန်အတွက် အာယသ်တော်တိုလေးများ နှင့် အပြင်ပိုင်းအရာ မသဲကွဲသထက် မသဲကွဲသည့် အာယသ်တော်များကို ကိုးကား ကြလေ၏။

ရှင်းလင်းပါသည်။ ဤကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ နှင့် အတွေးချော် ၊ အတွေးမှား သည့် အခြေအနေ တွင် ကျမ်းတော်မြတ် ကုရ်အာန် ကို မှန်မှန်ကန် ကန် သဘောပေါက် မနည်းလည် ဖို့ မည်သည့် အာမခံချက် မျှ မရှိတော့ချေ။ ထိုပြင် သဘာဝ အရ နားလည်မှု လွဲမှားပြီး အမှန်တရား မှ လွဲချော်စေသည့် လမ်းလည်း ပွင့်သွားလေ၏။

 

ကျမ်းတော်မြတ် ကုရ်အာန် ၏ ဤကဲ့သို့သော် သဖ်စီးရ် နှင့် ကုရ်အာန် နှင့်ပတ်သက်သည့် ဘာသာရေး အတွေးအခေါ်ကျောင်း အား  သဖ်စီးရ် ဗေ ရိုင်း (ခ) မိမိသဘောဆန္ဒ ဖြင့် အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း ဟု အမည်ပေး အနက်အဓိပ္ပာယ် ဖွင့်ဆိုရပါသည်။ထိုပြင် သာသနာ နှင့် ကျမ်းတော်မြတ်ကုရ်အာန် ပတ်သက်ပြီး မကောင်းတကာ မကောင်းဆုံး အယူအဆ ဖြစ်ပါသည်။ ကျမ်းတော်မြတ်သည် ဤကဲ့သို့သော် အယူအဆသည် သာသနာရေး နှင့် အလ္လာဟ်ဟို အရှင်မြတ် ၏ အာယသ် တော်များ ကို လှောင်ပြောင်မှု ဟုသတ်မှတ်ပြီး ပြတ်သားစွာ တားမြစ် ထားပါသည်။

وَلاتَتَّخِذُوْاآیاتِاللّٰهِهُزُواًوَاذْکُرُوْانِعمَةَاللّٰهِعَلَیکُمْوَمَاأَنزَلَعَلَیکُمْمِنَالْکِتَابِوَالْحِکمَةِیَعِظُکُمْبِهِوَاتَّقُوْااللّٰهَوَاعْلَمُوْاأَنَّاللّٰهَبِکُلِّشَیئٍعَلِیمٍ.[1]

အဓိပ္ပာယ် ။ ။ သတိရှိပါလေ။ အလ္လာဟ်ဟိုအရှင်မြတ် ၏ အာယသ်တော်များ ကို မလှောင် ပြောင်ပါနှင့်။ပြီးနောက် အလ္လာဟ်ဟို အရှင်မြတ် ၏ နေအ်မသ် (ခ) ကောင်းချီးတော်ကို အောက်မေ့သတိရပါလေ။ ပြီးနောက် ထိုအရှင်မြတ် ကေသာဗ် (ခ) ကျမ်း တော်မြတ် နှင့် ဟေက်မသ် (ခ) သာဏ်ပညာ အမြော်အမြက် အား အသင်တို့ အားဆိုဆုံးမရန် အတွက် ချပေးတော်မူခဲ့၏။ အလ္လာဟ်ဟို အရှင်မြတ် အား ကြောက်ရွံ့ ပါလေ။ပြီးနောက် ထိုအရှင်မြတ် သည် အရာခပ်သိမ်းကို သိရှိတော်မူကြောင်း သိရှိပါလေ။

          ဤကဲ့သို့ ဤထက်အရင် ညွှန်ပြထားပြီးဖြစ်ပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် ၏ လမ်းညွှန်လမ်းပြချက်ဖြင့် အကျိုး ရယူသူများ သည် ကျမ်းတော်မြတ်ကုရ်အာန် အပေါ် သက်ဝင် ယုံကြည်ကြပြီး ယုံကြည်ချက် ထားရှိကြပါသည်။ ထိုပြင် တစ်ကိုယ် ကောင်းဆန် သည့် စိတ် နှင့် အတွေးချော် အတွေးကောက် နှင့် အတူ ဤအချက်အပေါ် အသင့် ဖြစ်သွား ပါသည်။ ထိုအချက်မှာ မိမိ၏ စိတ်အလိုဆန္ဒများ အတွက် ဘာသာရေး နှင့် ကျမ်းတော်မြတ် ကုရ်အာန် ကို ဆင်ခြေ များပေး၍ အကြောင်းပြကြလေ၏။ပြီးနောက် မိမိ ၏ စိတ်အထင် အမြင် ဖြင့် အလ္လာဟ်ဟို အရှင်မြတ် ၏ နှုတ်ကပတ်တော်များ ကို သဖ်စီးရ် ပြုခြင်း အကြောင်းပြခြင်းကို ပြုလေ၏။ ၎င်း တို့သည် အလ္လာဟ်ဟို အရှင်မြတ် အပေါ် အီမာန် (ခ) သက်ဝင်ယုံကြည်ခြင်း မပြုကြချေ။

          ဤနေရာတွင် သင့်တော်မည်ဖြစ်ပါသည်။ ဤ အကြောင်းအရာ နှင့်ပတ်သက်သည့် ရီဝါ ယသ်တော် အချို့ ကို ဂရုပြုစေချင်ပါသည်။

قالرسولاللّٰهصلیاللهعلیهوآله : قالاللّٰهجلّجلاله: مَاآمَنَبِیمَنفَسَّرَبِرَأیِهِکَلامِی .[2]

အဓိပ္ပာယ် ။ ။ မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) မှ အလ္လာဟ်ဟို အရှင်မြတ် ၏ မိန့်ဆို ချက် ကို ဆင့်ပြန်တော်မူ၏။ အလ္လာဟ်ဟို အရှင်မြတ် မိန့်တော်မူသည်။ အကြင် မည်သူမဆို ကျွန်ုပ်အရှင်မြတ် ၏ နှုတ်ကပတ်တော် အား မိမိ၏ စိတ်သဘော အထင်အမြင် အရ သဖ်စီးရ် ပြုလုပ်မည်ဆိုလျှင် ၎င်းသည် ကျွန်ုပ် အရှင်မြတ် အား လုံးဝ သက်ဝင် ယုံကြည်သူ မဟုတ် ချေ။

 

          ဒုတိယတင်ပြမှု တွင် မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) မှ ဆင့်ပြန် လာရှိပါသည်။ တမန်တော်မြတ်ကြီး (ဆွ) မိန့်တော်မူသည်။

مَنفَسَّرَالْقُرآنَبِرَأیِهِفَقَدِافْتَرَیٰعَلٰیاللّٰهِالکَذِبَ[3] .

အဓိပ္ပာယ် ။ ။ အကြင်မည်သူ မဆို ကျမ်းတော်မြတ်ကုရ်အာန် ၏ သဖ်စီးရ် အား မိမိ စိတ် သဘော အထင်အမြင် အရ ၊ အတွေး အခေါ် အရ ပြုမည်ဆိုလျှင် ဧကန် မုချ အလ္လာဟ် ဟို အရှင် မြတ် အား လိမ်ပြောသည်ဟု ပြောခြင်းဖြစ်မည်။ တမန်တော်မြတ် (ဆွ) ၏ ဤ မိန့်မှာ ချက်သည် ဤအတွက်ကြောင့် ဖြစ်ပါသည်။ ထို အကြင် မည်သူမဆို တစ်ကိုယ် ကောင်းဆန်ပြီး အတွေး စောင်း အတွေးချော် နှင့်အတူ အလ္လာဟ် ဟို အရှင်မြတ် ၏ အာယသ် တော်များ အား မိမိ ၏ အကျိုး အမြတ် အတွက် ဆင်ခြေပြမည် အကြောင်းပြမည် ပြီးနောက် ကျမ်းတော်မြတ် ကုရ်အာန် နှင့် အလ္လာဟ် ဟို အရှင်မြတ် ၏ နှုတ်က ပတ်တော်အား သဖ်စီးရ် ပြုမည်ဆိုလျှင် ထိုသူသည် အမှန်တကယ် မိမိ၏ အမြင် နှင့် စိတ် သဘောထား အမြင် များ ကို စံမှတ်ကျောက် အဖြစ်သတ်မှတ် ပြီး အလ္လာဟ် ဟို အရှင်မြတ် ဘက် သို့ လိမ်လည်မှုကို ပုံချလေမည်။

          ကျမ်းတော်မြတ်ကုရ်အာန် နှင့်အတူ ဤကဲ့သို့ ပြုခြင်း အလ္လာဟ်ဟို အရှင်မြတ် ၏ နှုတ်က ပတ်တော် အား ဤကဲ့သို့ သဖ်စီးရ် နှင့် အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်သည် အလွန် အပြစ်တင်တိုက်ပြီး အန္တရာယ် ရှိပါသည်။ ထိုပြင်လမ်းလွဲ လမ်းမှားမှု ဖြစ်စေပါသည်။ ဤကဲ့သို့ ဂိုနာ အပြစ် ကို ကျူးလွန်သူများ သည် ကေယာမသ် နေ့ တွင် အလွန်တရာ ပြင်းထန်သည့် အပြစ်ဒဏ်ခံရပေမည်။

တမန်တော်မြတ် (ဆွ) ဤ အကြောင်းအရာ နှင့်ပတ်သက်ပြီး မိန့်တော်မူ၏။

مَنفَسَّرَالْقُرآنَبِرَأیِهِفَلْیَتَبَوَّأْمَقْعَدهمِنَالنَّار.[4]

အဓိပ္ပာယ် ။ ။ အကြင်မည်သူ မဆို ကျမ်းတော်မြတ်ကုရ်အာန် ၏ သဖ်စီးရ် အား မိမိ၏ စိတ်အလိုဆန္ဒများ အရ ပြုမည်ဆိုလျှင် ၎င်း၏ နေရာသည် ကေယာမသ်နေ့ တွင် ဂျဟန္နမ် ဖြစ်ပါ၏။

          ဤအတွက်ကြောင့် အဆိုးတကာ အဆိုးရွားဆုံး အပြစ်ဒဏ်များ မှ လုံခြုံမှု ရစေရန် အလ္လာဟ်ဟို အရှင်မြတ် သခင်အပေါ် စွပ်စွဲ ခြင်း မှ ရှောင်ကြဉ်ရန် ၊ လမ်းလွဲလမ်းမှား လမ်းချော် ဆိုသည့် တွင်းထဲ့သို့ မကျစေရန် မိမိ၏စိတ်အလိုဆန္ဒများနောက်သို့ လိုက်ခြင်းကို စွန့် ရန်အရေးကြီးပါသည်။ အလ္လာဟ် ဟို အရှင်မြတ်၏ ဇာတိ၊ပကတိသည် သီးသန့် ကောင်းမှု သာလျှင် ဖြစ်ပါသည်။ မနုဿ လူသား အတွက် ကောင်း ကျိုး မှ အပ အခြား မလိုတော်မူချေ။ အီမာန်သက်ဝင်ယုံကြည်ရပါမည်။ အတ္တကို ဗဟိုပြုခြင်း နှင့် တစ်ကိုယ် ကောင်းဆန် ခြင်း ကို ရှောင်ကြဉ်ရပါမည်။ အလ္လာဟ်ဟို အရှင်မြတ် အား ဗဟိုပြုခြင်း အား နက်နက်နဲနဲ မိမိ ၏ တည်ရှိမှု အပေါ် လွမ်းမိုးအောင်ပြုရမည်ဖြစ်ပါသည်။ ပြီးနောက် မိမိကိုယ်ကို အလ္လာဟ် ဟို အရှင်မြတ် အား လုံးလုံးလျားလျား နားခံရမည် ဖြစ်ပါသည်။

 

[1]စူရဟ်ဘက္က်ရဟ် ၊ အာယသ်တော် အမှတ် ၂၃၁

[2] သောင်ဟီးဒ် ကျမ်း ၊ ဆွဒူးက် (ရ.ဟ) ၊ စာမျက်နှာ ၆၈

[3]ဗေဟာရွလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၃၆ ၊ စာမျက်နှာ ၁၀၄

[4]အဝါလီယိုလ်အာလီ ကျမ်း ၊ အတွဲ ၄ ၊စာမျက်နှာ ၁၀၄


####################################################
END / 251