အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၉ အောက်တိုဘာ ၂၀၂၁

၂၀:၂၆:၃၀
1187246

ဘာသာရေးဗဟုဝါဒ (သို့) ဘာသာရေး ကို ဖတ်နည်းအမျိုးမျိုး(ခ) ဖွင့်ဆိုချက်အမျိုးမျိုး ဖြင့် ငြင်းဆိုခြင်း

မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် မစ်ဇ်ဗဟ် ယဇ်ဒီ ၏ တင်ပြချက်များမှ ဘာသာရေးဗဟုဝါဒ (သို့) ဘာသာရေး ကို ဖတ်နည်းအမျိုးမျိုး(ခ) ဖွင့်ဆိုချက်အမျိုးမျိုး ဖြင့် ငြင်းဆိုခြင်းဆိုသည့် ကဏ္ဍ လေးကို ကောက်နုတ် တင်ပြခြင်းဖြစ် ပါသည်။


 

 

သိရှိရသည်မှာ ယနေ့ ကျနော်တို့ ပတ်ဝန်းကျင် အသိုင်း အဝိုင်းတွင် သာသနာ အား ဘာသာအား ဖတ်နည်းအမျိုးမျိုး (ခ) ဖွင့်ဆိုချက်အမျိုးမျိုး ဆိုသည့် ခေါင်းစဉ်နှင့် ဖော် ပြနေကြပါသည်။ ဤအမြင်၏ ပင်မ မှ ဒုတိယ အုပ်စု ၏ အမြင်နှင့ှ်ုထောင့် ဖြစ်ပါသည်။ သို့သော်လည်းပဲ အထက်ဖော်ပြပါ ခေါင်းစဉ် အား ပွင့်လင်းမြင်သာသမားများဆိုသည့်သူများ မှ တင်ပြ နေ ကြပါသည်။ ၎င်းတို့အား အပြင်ပိုင်း အရ မွတ်စလင်မ် ဟုခေါ် ဆိုပါသည်။ သို့သော် သာသနာ၊ဘာသာနှင့်ပတ်သက်ပြီး ဖတ်နည်းအမျိုးမျိုး (ခ) ဖွင့်ဆိုချက်အမျိုးမျိုး ၏ အတွေးအခေါ် အရင်းအမြစ် အား လူသားအားအဓိက ဆိုသည့် ဝါဒ နှင့် ဘာသာရေး ဗဟုဝါဒ တွင် ရှာဖွေရမည်ဖြစ်ပါသည်။    

          ထောက်ပြထားသည့် အတိုင်း အထက် ဖော်ပြပါ အမြင်သည် ဘာသာရေးဆိုင်ရာ သွန်သင်ချက်များ နှင့် ကောင်းကင်ကျ ကျမ်းများ၏ ပညတ်တော်များ အဓိပ္ပာယ်မဲ့ အဖြစ် နားလည်ကြပါသည်။ ပြီးနောက် ကျမ်းတော်မြတ် ကုရ်အာန် နှင့် အခြားဘာသာရေး စာသား များ သည် တိတ်ဆိတ်နေကြောင်း ၊မည်သည့် အဓိပ္ပာယ် ကိုမှ မဆောင်ကြောင်း ယုံကြည် ကြပါသည်။ သို့ပေမဲ့ ကျွန်ုပ်တို့လူသားများသာလျှင် မိမိတို့၏ စိတ်အတွေးများ ဖြင့် မိမိတို့ ဖတ်နည်းအမျိုးမျိုး (ခ) ဖွင့်ဆိုချက်အမျိုးမျိုး ၊ အဓိပ္ပာယ် ဖွဲ့ဆိုမှု နှင့် နားလည်မှု အား သာသနာ နှင့် ကျမ်းတော်မြတ်ဘက် မှ ဟုဆိုကြ ပေသည်။ ၎င်းတို့ကိုယ်တိုင် ကျမ်းတော် မြတ် ကုရ်အာန် နှင့်မည်သည့် တမန်တော်မြတ် ကိုလက်မခံကြချေ။ မည်သည့် အမှန်တရား ကိုမတင်ပြကြချေ။

          အထက်ဖော်ပြပါ အမြင်နှင့် ပတ်သက်ပြီး အမှန်တရား ကို ရှင်းလင်းတင်ပြရန်နှင့် ၎င်း အမြင် ကို ထောက်ခံသူများ ၏ ((သာသနာသည် တိတ်ဆိတ်၊ငြိမ်သက်နေပါ သည်။ ပြီးနောက် ၎င်းအားကွဲပြားသည့် မတူညီသည့် အကြောင်းအရာများ နှင့်အဓိပ္ပာယ် များ ကို ကောက်နုတ်ရန် မဖြစ်နိုင်ချေ။ )) ဆိုသည့် အဆို အား သာဓက တစ်ခု အဖြစ် တင်ပြ၍ အကျိုး ရှိနိုင်ပါသည်။ ကျွန်ုပ်တို့ အားလုံးအနေဖြင့် အနည်းနှင့်အများဆိုသလို ဟာဖေဇ် ဆိုသည် ကြီးကျယ်သည့် ကဗျာဆရာ ၊ အဆင့်အတန်းမြင့်မားသည့် အာရေဖ် ၏ ဒီဝမ်း စာအုပ် ၊ ဂဇလ်များ ၊ကဗျာများကိုသိကြပေမည်။ ဟာဖေဇ် ၏ ဒီဝမ်းစာအုပ် နှင့် ကဗျာ များ ၏ ကွဲပြားခြားနားသည့် ဖတ်ရွတ် နည်းအမျိုးမျိုး (ခ) ဖွင့်ဆိုချက်အမျိုးမျိုး ၏ အဓိပ္ပာယ် မှာ ၎င်းကဗျာများကို ရေးစပ်သီးကုံးသူသည် မိမိ၏ ကဗျာများ တွင် သုံးထားသည့် စကားလုံးများ နှင့် စာပိုဒ် များ အား မည်သည့် အဓိပ္ပာယ် နှင့် သတ်မှတ်ထားသည့် အမြင် မထားခြင်း ဖြစ်ပါ သည်။ထိုပြင် သီးသန့် စကားလုံးများ နှင့် စာပိုဒ်များ ကို အဓိပ္ပာယ် တစ်ခုခု အတွက် မဟုတ် ဘဲ  ဟန်ချက်ညီညီ ပေါင်းစည်း၍ ပုံစံမဲ့ အသွင် အသုံးပြုထားပါသည်။ သို့ပေမဲ့လည်း အလွန်ထူးခြားပြီး ဆွဲဆောင်မှု ရှိသည့် နည်းလမ်းဖြင့် ရေးစပ် သီးကုံးထားပါသည်။ ဆိုလိုသည်မှာ၎င်းကဗျာများ ကို ကဗျာ ဆရာမှ မည်သည့် အဓိပ္ပာယ် နှင့် ရည်ရွယ်ချက် ကျွျှို မစဉ်းစားဘဲကဗျာကို ရေးစပ်သီးကုံးခဲ့ခြင်း ဖြစ်ပါသည်။

          ဖတ်နည်းအမျိုးမျိုး (ခ) ဖွင့်ဆိုချက်အမျိုးမျိုးတို့ ၏ အမြင်အရ ဟာဇေဇ် ၏ ဂဇာလ်များ နှင့် ကဗျာများ သည် မည်သည့် အဓိပ္ပာယ်မှ မဆောင်ဟူ၍ပြောဆိုနိုင်ပါသည်။ထိုပြင် လူတိုင်း ဗေဒင်ဟောပေးရန် ရည်ရွယ်ချက် ဖြင့် လည်းကောင်း အခြား သီးသန့် ရည်ရွယ်ချက် နှင့် စိတ်သဘောထားအရ ကဗျာဆရာ ဟာဖေဇ် ဒီဝမ်း စာအုပ် ကို ဖွင့်ကြပါသည်။ ပထမဆုံး ကဗျာမှ လည်းကောင်း ဂဇလ် တစ်ခု လုံးမှ အကြောင်းအရာတစ်ခု (ခ) စာကြောင်းတစ်ခု အား မိမိ၏ စိတ် သဘောထားကို အခြေခံပြီးနားလည် ကြပါသည်။သာဓက အားဖြင့် တစ်ဦးတစ်ယောက် ထံတွင် မကျန်းမာသူ တစ်ယောက်ယောက် ရှိမည်ဆိုလျှင် ၎င်း ပျောက်ကင်း အလိုဌာ ဗေဒင်မေးသည့်သဘောနှင့် ကဗျာစာအုပ်ကို ဖွင့်ကြည့်ပါသည်။ ပြီးနောက် ဂဇလ် တစ်ခု ဖြင့် မကျန်းမာသူ ၏ကျန်းမာ ပျောက်ကင်းမည်ဟု အတိတ် နိမိတ်ကောက်ပါသည်။ အခြားဒုတိယ တစ်ယောက် အကွေးတင်နေပါသည်။ ၎င်းဂဇလ်ဖြင့် အကွေးကြေ မည်ဟု အတိတ်နိမိတ်ကောက်ပါသည်။ အခြား တတိယ တစ်ယောက် ခရီးသည် ပြန်မည်ကိုမျှော်လင့်ထားပါသည် ။ ၎င်းသည် ဤ ဂဇလ် အား မိမိ၏ ခရီးသည် ပြန်လည်မည့် သတင်းကောင်း ဟု အတိတ်နိမိတ်ကောက်ပါသည်။ ခြုံ၍ ပြောရလျှင် ယောက်တိုင်းယောက်တိုင်း မိမိတို့၏ စိတ် သဘော အတိုင်း စကားလုံးများ အကြောင်းအရာ များကို ကောက် ထုတ်ကြပါသည်။ ပြီးနောက် အမှန်တကယ် ဤပုဂိုလ်များ သည် ဒီဝမ်း ဟာဖေဇ် အား စကားပြော အောင် ပြုကြပါသည်။ ထိုပြင် ယောက်တိုင်း ယောက်တိုင်း မိမိတို့ ၏ စိတ် သဘောထား အရ ၊ မိမိတို့၏ အတွေးအခေါ် အရ ကဗျာ ဆရာ ဟာဖေဇ် ၏ နှုတ်မှ ထွက်ခိုင်းကြလေသည်။ ပြီးနောက် ရှင်းလင်းခြင်း အားလုံး နှင့် အောကာင်းပြချက် အားလုံးနှင့် အကြောင်းအရာ များ အားလုံး အဓိပ္ပာယ် အားလုံး ကို မှန်သည်ဟု ကောက်ယူကြပါသည်။ ဤအတွက်ကြောင့် အထက်ဖော်ပြပါ အကြောင်း အရာများ အဓိပ္ပာယ် များ သည် စကားလုံးများ ၊ စာပိုဒ်များ နှင့်ကဗျာ များ ၊ ဂဇလ်များသည် ၎င်းတို့ သဘောအရ အဓိပ္ပာယ်ကောက်သည့်အတွက် ကဗျာဆရာ၏ အဓိပ္ပာယ် အစစ်များ သည် အဓိပ္ပာယ် မရှိ ဖြစ်သွားပေသည်။

          ဤအမြင်၊အတွေးအခေါ် အားယနေ့ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင် အသိုင်း အဝိုင်းတွင် သာသနာအား ဖတ်နည်းအမျိုးမျိုး (ခ) ဖွင့်ဆိုချက်အမျိုးမျိုးဖြင့်တင်ပြ ကြပါသည်။၎င်း အမြင်သည်လည်း ပါးစပ်ဘယ်လောက်ကျယ်သနည်း၊ အဲဒီလောက်စကားများရှိပါသည်။ ဤအမြင်သည် ကျမ်းတော်မြတ် ကုရ်အာန် နှင့် အခြားဘာသာရေး စာသားများကိုအဓိပ္ပာယ် မဲ့ မှု နှင့် သတင်းစကားတိုင်း ဗလ အဖြစ်၊ဖြစ်စေပါသည်။ ဤအမြင် ထားရှိသူများ သည် ထင်မြင် ယူဆ ကြသည်မှာ ကျမ်းတော်မြတ်ကုရ်အာန် သည် လုံးဝ စကား မပြောချေ။ ဘာလုပ်သင့်သနည်း ? ဖြစ်ပါသည်။သို့မဟုတ် မည်သည့် အလုပ်မှ ရှောင်ကြဉ်ရမည်နည်း ? ဖြစ်ပါသည်။ မည်သည့်အရာ သည် အမှန်တရား ၊ မှန်ကန်ပြီး မည်သည့် အရာ သည် မမှန်ကန်ပြီး မှားပါသနည်း ? သို့ဖြစ်ပေမဲ့ ဤ ပုဂိုလ်များသည် မိမိတို့၏ သီးသန့် စိတ် သဘောများ ကို အခြေခံပြီး သီးသန့် အဓိပ္ပာယ် တစ်ခု ပမာအားဖြင့် အမှန်တရား နှင့် အမှား မတရား ၊ အမှန် နှင့်အမှား အဖြစ် ကျမ်းတော်မြတ် ကုရ်အာန် မှ ကောက် ထုတ်ကြ ပါ သည်။

          အကြောင်းမှာ ဤကဲ့သို့သော် လုပ်ရပ်များသည် လူပုဂိုလ်များ ၏ စိတ်သဘောထား များ မှ ပေါက်ပွားလာခြင်း ဖြစ်ပါသည်။ ဤအတွက်ကြောင့် ၎င်းတို့အားလုံး ကို မှန်သည်ဟု နားလည် နိုင်ပေသည်။ သို့ဖြစ်ပေမဲ့ ခြုံ၍ ဆိုရလျှင် အမှန် နှင့် အမှား ကိုဆုံးဖြတ်ခြင်း သည်ပင် အဓိပ္ပာယ်မဲ့ ဖြစ်ပါသည်။ အကြောင်းမှာ သာဓက အားဖြင့် အာယသ်တော် တစ်ပါးတည်း ၏ အဓိပ္ပာယ် အမျိုးမျိုး နှင့် အကြောင်းအရာ အမျိုးမျိုး ထုတ်ကြခြင်း ဖြစ်ပါသည်။အကယ်၍ ဆန်ကျင့်ဖက် နှင့် တစ်ခု နှင့်တစ်ခု ကွဲပြားနေလျှင်လည်းဘဲမှန်သည် ဟု ကောက်ယူကြပါသည်။ ပမာ အားဖြင့် ကဗျာဆရာ ဟာဖေဇ် ၏ဂဇလ် တစ်ခု ကိုကြည့်ပြီးဗေဒင်ဟောကိန်းထုတ်၍ တစ်ယောက်က၎င်း၏ လူနာ သည် ပျောက်ကင်းမည်ဟု အတိတ်နိမိတ်ကောက်လေ၏။ ဒုတိယ တစ်ယောက်မှ မိမိ၏ ဧည့်သည် လာမည့် သတင်းကောင်း အဖြစ် အတိတ်နိမိတ်ကောက်လေ၏။ တတိယ တစ်ယောက်မှ ဤဂဇလ်မှ မျှော်လင့်ချက် ကင်းမဲ့သွားပြီး မိမိ လူနာ ၏ သေမည့်ရက်ကိုစောင့်၍ ထိုင်နေပါသည်။

          သာသနာအား ဖတ်နည်းအမျိုးမျိုး (ခ) ဖွင့်ဆိုချက်အမျိုးမျိုးဖြင့်တင်ပြသည့် အမြင်ရှိသူများ ပြောကြာပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် နှင့် အခြား ဘာသာရေး စာသားများ သည် လည်း ဤအတိုင်း ဖြစ်သည်ဟု ဆိုကြလေ၏။ ၎င်းတို့ သက်ဝင်ယုံကြည်ကြပါသည်။ လူသားများ အနေဖြင့် တစ်ဦးတစ်ဦး တစ်ယောက် နှင့် တစ်ယောက် ကျမ်းတော်မြတ် အား နားလည် သဘောပေါက်မှု နှင့်ပတ်သက်ပြီး နားလည်မှု လွဲမှား ခြင်း ၊ စွပ်စွဲခြင်း မပြုသင့်ချေ။ အကြောင်းမှာ ကျမ်းတော်မြတ် ကုရ်အာန် အား နားလည် သဘောပေါက်ရန် မည်သည့် အမျိုးအစား ၊ မည်သည့် သီးသန့် အင်္ဂါလက္ခဏာ ရပ်မှ ရှိဖို့ အရေး မကြီးသည့် အတွက် ကြောင့် ဖြစ်ပါသည်။ ဤအတွက်ကြောင့် ကျမ်းတော်မြတ် ကုရ်အာန် နှင့် အခြား ဘာသာရေး စာသားများ သည်လည်း ၎င်းတို့ကို နားလည်သဘောပေါက်စေရန် လိုအပ်ကြောင်း တင်ပြသည့် မည်သည့် သတင်းမျှမရှိချေ။ တင်ပြရန် လိုအပ်သည့်အချက်မှာ မနုဿလူသား ကိုယ်တိုင်၏ နားလည်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်၏ အမြင်အရ အမှန်တကယ် ဤအမြင်၏ ရည် ရွယ် ချက်များမှာ နိုင်ငံရေး အတွက် အသုံးပြုရန် လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ပါ သည်။ သို့သော် အပြင်ပိုင်း အရ သာသနာ ကိုနားလည်သဘောပေါက်ရေး (ခ) ဓမ္မပညာ အမြင်တစ်ခု အဖြစ်ခေါင်းစဉ် တပ်ထားပြီး သာသနာ နှင့် ဖြောင့်မတ်မှန်ကန်သည့် လမ်းများ ၏ ဖတ်နည်းအသစ် (ခ) ဖွင့်ဆိုချက်အသစ် နှင့် မအ်ရေဖသ် စသည်ဖြင့် အမည်များ ပေး၍ ဖိတ်ခေါ် ကြပါသည်။ ဘာသာရေးဗဟုဝါဒ ၏အမြင်မှာ သာသနာအား ဖတ်နည်းအမျိုးမျိုး (ခ) ဖွင့်ဆိုချက်အမျိုးမျိုး ဖြင့်တင်ပြပါသည်။ အသိဥာဏ် (ခ) ဆင်ခြင်တုံတရား နှင့် ယုတ္တိဗေဒ (ခ) မန်သစ်က် နှင့် အတော်ကို ဝေးနေပါသည်။ အကြောင်းမှာ အသိဥာဏ်(ခ) ဆင်ခြင်တုံတရား ရှိသူတိုင်း ဤအမြင် အခြေများ နှင့် ၎င်း၏ အကျိုးဆက်များ ကို ဂရုပြု သတိပြုမိသည့်အခါ ၎င်းအမြင်၏ အယောင်ဆန် ၊ အတုအပ ဖြစ်ကြောင်း ၊ အဆီအနှစ်မရှိခြင်း မှားယွင်း ကြောင်း ချက်ချင်း ထောက်ခံပေမည်။ အခြားတစ်ဖက်တွင် ဘာသာရေးဆိုင်ရာ အသိုင်းအဝိုင်း ၊ ပတ်ဝန်းကျင် တွင် ဘာသာရေးဗဟုဝါဒ ၏ ဆိုးရွားပြီး အဖျက်ကို ဆောင်နေသည့် အကျိုး ဆက်များ ကြောင့် ၎င်းကို လွယ်လွယ် ကူကူ နှင့် ကျော်လွှားနိုင်မည် မဟုတ်ပေ။

          သိရှိရသည်မှာ အကြီးမား တကာ အကြီးမားဆုံး ထောင်ချောက်များ မှ တစ်ခု မှာ မနုဿ လူသား အားရန်သူလုပ်ရန် ကျိန်ဆိုထားသည့ှ်ိုင်တွာန် (ခ) မာရ်နတ် ဖြစ်ပါသည်။ ၎င်း မှ ဟဇရသ် အာဒမ် (အ.စ) မှ စ၍ ယနေ့ အထိ တစ်ဆူတည်း ဝါဒီများ နှင့်အလ္လာဟ်ဟို အရှင်မြတ် အားခဝပ် ကိုးကွယ်သူများကို လှည့်စား ကောက်ကျစ်ရန် မိမိ၏ ထောင်ပေါင်း များစွာသော အတွေ့ အကြုံများ ၏ အကူအညီဖြင့် ထောင်ထားပါသည်။ ၎ငှ်းိုင်တွာန် သည် ဖတ်နည်းအမျိုးမျိုး (ခ) ဖွင့်ဆိုချက်အမျိုးမျိုးအမြင် ကို လုပ်ကြံ ဖန်တီးပါသည်။ အချို့ ပွင့်လင်းမြင်သာ ပါသည်ဆိုသည့် သူများသည်လညှ်းိုင်တွာန် ၏အတွေး အခေါ် ၏ လှည့်ဖြားမှု ဒဏ်ကြောင့ှ်ိုင်တွာန်အား ၎င်း၏ အစီအစဉ် တွင် အတူပါဝင် နိုင်ရန် ကိုယ်စိတ်နှလုံးသုံးပါးဖြင့် အပြေးအလွှား ကူညီ ကြပါသည်။

          ဤပုဂိုလ်များသည် မိမိတို့၏ အသိဥာဏ် (ခ) ဆင်ခြင်တုံတရား ၊ စိတ် ၊ တင်ပြမှု၊ ဟောပြောမှု နှင့် ရေးသားမှု အားလုံး ၏ အင်အားများ နှင့် အရည်အချင်းများကှိုင်တွာန် (ခ)မာရ်နတ်ကို ပုံပေးလိုက်ကြပြီး မိမိကိုယ်တိုင်အား မနုဿလူသား များကို လမ်းလွဲ ၊လမ်းမှား ၊ လမ်းချော်အောင်ပြုသည့် အကြောင်းခံများ အဖြစ် ပြုလုပ်လိုက်ကြလေသည်။

          ဤအတွက်ကြောင့် အကယ်၍ ကျနော် အနေဖြင့် သာသနာကိုသိရှိနားလည်ရန် (ခ) ဓမ္မပညာ ကိစ္စ တွင် ဘာသာရေးဗဟုဝါဒ ၏အမြင် ကို အနှစ်ချုပ် အကျဉ်းချုပ် အဖြစ် သာသနာ နှင့် ဖြောင့်မတ်မှန်ကန်သည့် လမ်းများ ၏ ဖတ်နည်းအမျိုးမျိုး (ခ) ဖွင့်ဆို ချက်အမျိုးမျိုး ထိုပြင် လူနည်းစု နှင့် လူများစု ဘာသာ စသည်ဖြင့် ခေါင်းစဉ်များ ကို တင်ပြ ရပါသည်။အကျဉ်းချုပ် နှင့် ရှင်းရှင်းလင်းလင်းအားဖြင့် တင်ပြရမည်ဆိုလျှင် အထက်ဖော်ပြပါ အမြင် (ခ) ရှုထောင့် ဆိုသည်မှာ ဘာသာတရား ၊ ကျမ်းတော်မြတ်ကုရ်အာန် နှင့် အခြား ဘာသာရေးဆိုင်ရာ စာသားများ ကို မှန်ကန်သည် အထောက်အထားများ မဲ့ကြောင်း တင်မြင် ခြင်း ဖြစ်ပါသည်။ လမ်းမှန် နှင့် လမ်းမှား ပြီးနောက် အမှန်နှင့် အမှား ကို ဤကိစ္စ တွင်ဆန်ကျင့်ဘက် နားလည် သဘောပေါက် ထားကြပါသည်။

ဘာသာတရား ပတ်သက်ပြီး ဤအမြင် (ခ) ရှုထောင့် ကိုလက်ခံထားသူများ ၏ အနီးတွင် ကွဲပြားခြားနားမှုနှင့် မတူညီမှုများ ရှိပါသည်။ သို့ပေမဲ့လည်း တစ်ခါတစ်ရံ တစ်ခု တစ်ခု ဆန်ကျင့်ဘက် ၊ တင်မြင်ချက်များ ၊အတွေးခေါ်များ သည် ဤ အမြင်၏ နာမည်များ ဖြစ်ကြပါသည်။ မနုဿလူသားအနေဖြင့် ဘာသာရေးဆိုင်ရာ စာအုပ်များ ဘက်သို့ ဦးလှည့်သည်အချိန် ဤအမြင်မပါဘဲ ကျမ်းတော်မြတ်ကုရ်အာန် နှင့် ဘာသာရေး စာအုပ်များ တွင် အခြား အရာ ကို မဖော်ပြထား သည်ဟု နားလည်သဘောပေါက်လေ၏။

          ဤအမြင်ကို စွဲကိုင်ထားသူများသည် ဤကဲ့သို့ ထင်မြင် ယူဆကြပါသည်။ နအူဇိုဗစ်လ္လာဟ် ကျမ်းတော်မြတ် ကုရ်အာန် သည် စိတ်ကူးယဉ် စာအုပ်တစ်အုပ်ဖြစ်သည်ဟု ယူဆကြလေသည်။ ထိုစာအုပ်သည် လူသား ၏ အတွင်းစိတ်ကူး အမျိုးမျိုး ပေါ်ပေါက်လေ ၏။ ပြီးနောက် လူတိုင်း လူတိုင်းသည် မိမိတို့၏ စိတ် ကူး နှင့် အတွေးအခေါ် ကို အခြေခံပြီး အဓိပ္ပာယ် ဆိုလိုချက် တစ်ခု ကို ကောက်ထုတ်ကြပါသည်။ပြီး၎င်းကို ဘာသာတရား နှင့် ကျမ်းတော်မြတ်ကုရ်အာန် ၏ ဖတ်နည်း အမျိုးမျိုး (ခ) ဖွင့်ဆို ချက်အမျိုးမျိုး နှင့် အတွေးဟု တင်ပြပြီး အလ္လာဟ်ဟို အရှင်မြတ် ဘက်မှဟု အလ္လာဟ်ဟိုအရှင်မြတ် အား ရိုးစွပ်လေ၏။

          ကျွန်ုပ်အနေဖြင့် ဤနေရာတွင် တိုက်တွန်း လိုပါသည်။ ကျွန်ုပ်တို့အနေဖြင့် များသထက်များများ ဘာသာတရား ၏ ဖတ်နည်းအမျိုးမျိုး (ခ) ဖွင့်ဆိုချက် အမျိုးမျိုး ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်အစစ်အမှန် နှင့် ဖြောင့်မတ်မှန်ကန်သည့် လမ်း အမြောက်အများ ၏ အမှန်တရား ကို နားလည် သဘောပေါက်အောင် ပြုသင့်ပါသည်။ ဤဘာသာမဲ့ ဝါဒ ၏ သေစေ ဖျက်စီးစေနိုင်သည့် အကျိုးသက်ရောက်မှုများ (ခ) ရလာဒ် များ နှင့် အာနိသင်များ နှင့်ပတ်သက်ပြီး စဉ်းစားဆင်ခြင် သင့်ပါသည်။ ထိုမှသှာိုင်တွာန် (ခ) မာရ်နတ်၏ ထောင်ချောက်ကို ထောင်ပေးသူများ ၏ ရည်ရွယ်ချက်များ ကို သိရှိမည်ဖြစ်ပါသည်။ ၎င်းတို့ ၏ လှုပ်ရှား မှု၏ အတိမ်အနက်ကို နားလည်ပေမည်။

          မည်သို့ပင်ဆိုစေ ကျွန်ုပ်တို့ အနေဖြင့် အထာက် ဖော်ပြပါ အမြင် (ခ)ှုထောင့် အား ပထမ အုပ်စု ၏ အမြင် (ခ)ှုထောင့် နှင့် နှိုင်းယှဉ် ကြည့်မည်၊ ချင်ချိန်ကြည့် မည်ဆိုလျှင် ပထမ အမြင်၏ူဟ် (ခ) ဝိညာဉ် သည် အလ္လာဟ်ဟို အရှင်မြတ် အား ခဝပ်ကိုးကွယ်ခြင်း နှင့် အလ္လာဟ် ဟိုအရှင်မြတ် ၏ အမိန့် မှန်သမျှကို ရာနှုန်းပြည့် လက်ခံ လိုက်နာခြင်း နှင့် ကျေးကျွန် ပီသ ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။ ဒုတိယ အမြင်ူဟ် (ခ) ဝိညာဉ် မှာ လူသားကိုးကွယ်ခြင်း နှင့် အလ္လာဟ်ဟိုအရှင်မြတ် နှင့် ၎င်း၏ အဲဟ်ကာမ်များ (ခ) ပညတ် တော် များကို ရှောင်ဖယ်သည့်ူဟ် ဖြစ်ပါသည်။

          ခြုံ၍ကြည့်ခြင်း အားဖြင့် ပထမ အမြင် သည် မနုဿ လူသားအနေဖြင့် အလ္လာဟ်ဟို အရှင်မြတ် ၏ ကျေးကျွန်ပီသမှု ကိုလက်ခံရန် ကြိုးပမ်းထားပါသည်။ တစ်ဖက်မှ ဒုတိယ အမြင် တွင် မနုဿ လူသား အားအလ္လာဟ်၏ ကျေးကျွန်မဖြစ်အောင် ကြိုပမ်း ထားပါသည်။ ပြီးနောက် မိမိကိုယ်ကို တိရစ္ဆာန် ကဲ့သို့ရာဂ နှင့်စိတ်အလို အတိုင်း ပြုလုပ်ရန် ဖြစ်ပါသည်။ ဤ အမြင် သည် မနုဿလူသား ၏ဆန္ဒများ နှင့် စိတ်အလိုဆန္ဒကို အဓိက သတ်မှတ် ပေးပါသည်။ ပြီးနောက် ကြိုးစားပါသည်။ ဘာသာတရား နှင့် ကျမ်းတော်မြတ် ကုရ်အာန် ၏ သဖ်စီးရ် နှင့် အကြောင်းပြရှင်းပြချက် ကို မိမိတို့ သဘောအတိုင်း ပြုကြပါသည်။

          ကျမ်းတော်မြတ်ကုရ်အာန် တွင် ဤကဲ့သို့ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များ လာရှိပါသည်။ သာဓက အားဖြင့်

تِلْکَآیَاتُالکِتَابِوَقُرآنمُبِین.[1]بِلِسَانٍعَرَبِیٍّمُبِین.[2]تِلْکَآیَاتُالقُرآنِوَکِتَابٍمُبِینٍ.[3]

قَدجَاءَکُممِنَاللّٰهِنُوروَّکِتَابمُبِین.[4]

 

ဤအာယသ်တော်များတွင် ကျမ်းတော်မြတ်ကုရ်အာန် ရှင်းလင်းပြတ်သားမှု ၊ထင်ထင်ရှားရှား ရှိဖော်ပြမှု နှင့် အာဝဇန်းရွှင်မှု ကို အလေးပေး ဖော်ပြ ထားပါသည်။ ၎င်း အနက် အဓိပ္ပာယ် ဖွင့်ဆိုချက်များ၏ လှို့ဝှက်ချက်များ မှ တစ်ခု မှ ဖတန်နည်းအမျိုးမျိုး (ခ) ဖွင့်ဆိုမှု အမျိုးမျိုး ကဲ့သို့သော် လမ်းလွဲ ၊လမ်းမှားကို ဖြစ်စေသည့် အတွေး အခေါ်များ ကို တားမြစ် နိုင် ရန် ဖြစ်ပေမည်။ ပြီးနောက် ကျမ်းတော်မြတ် ကုရ်အာန် ၏ ရည်ရွယ်သည့် အဓိပ္ပာယ် ကို အဓိပ္ပာယ်မဲ့ ပြီး ဝိုးတဝါးဝါး ဟု ဆိုပြီး တစ်ဦးတစ်ယောက်မှ ဆင်ခြေ ဆင်လက် မပေးနိုင် ရန် ဖြစ်ပါသည်။

          ဤအတွက်ကြောင့် ကျမ်းတော်မြတ် ကုရ်အာန် သည် လမ်းညွှန် စာအုပ် တစ်အုပ် ဖြစ်ပါ သည်။ အလ္လာဟ်ဟို အရှင်မြတ် သည် ဤကျမ်းတော်မြတ် ကုရ်အာန်တွင် မနုဿ လူသား ၏လောကီ လောကုတ္တရာ နှစ်ဌာန ၏ ကံကောင်းပျော်ရွှင် မှု အတွက် အရေးကြီး အချက် အလက် အားလုံး တင်ပြထားပါသည်။ ပြီးနောက် မွတ်စလင်မ်များ ၏ တာဝန်ဝတ္တရား ဖြစ်ပါသည်။ ကျမ်းတော်မြတ်ကုရ်အာန် တွင် စဉ်းစားဆင်ခြင်တွေးခေါ်မှုဖြင့် မိမိတို့၏ တစ်ဦး တစ်ယောက် ချင်းဆိုင်ရာ (ခ) ပုဂလိကအရေး နှင့် အများနှင့်ဆိုင်ရာ (ခ) လူမှုရေး တာဝန်ဝတ္တရားများ ကို သိရှိအောင် လုပ်ရပ် ဖြစ်ပါသည်။ ပြီးနောက် လက်တွေ့ လိုက်နာ ကျင့်သုံးပြီး အောင်မြင်မှု ကို ဆွတ်ခူးရ မည် ဖြစ်ပါသည်။ သို့သော် မည်သူမည်ဝါ ထံတွင် ကျမ်းတော်မြတ်ကုရ်အာန် အား နားလည်နိုင်သည် အရည်အချင်း ရှိဆိုသည့်အချက် တော့ သိရှိဖို့ လိုအပ်ပါသည်။ ၎င်းအတွက် ကျွန်ုပ်အနေဖြင့် ရှေ့ တွင် တင်ပြပါမည်။

[1] စူရဟ် ဟေဂ်ျရ် ၊ အာယသ်တော် အမှတ် ၁                                                                  

[2] စူရဟ် ရှိုအ်ရာအ် ၊ အာယသ်တော် အမှတ် ၁၉၅

[3]စူရဟ်နမလ် ၊ အာယသ်တော် အမှတ် ၁

[4]စူရဟ် မာအေဒဟ် ၊ အာယသ်တော်အမှတ် ၁၅


####################################################
END / 251