အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၇ အောက်တိုဘာ ၂၀၂၁

၂၀:၂၅:၄၈
1192994

ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် မာအေ့ဒဟ် ၏ အာယသ်တော် ၅၅ အား စွန်နီ ရှီအာ ဘာသာပြန် များ ကို လေ့လာကြပါစို့

ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် မာအေ့ဒဟ် ၏ အာယသ်တော် ၅၅ အား စွန်နီ ရှီအာ ဘာသာပြန် များ ကို လေ့လာကြပါစို့ ဆိုသည့် ကဏ္ဍ မှာ မြန်မာစာပေတတ် ရှီအာ မွတ်စလင်မ်များ နှင့် စွန်နီမွတ်စလင်မ် များ အနေဖြင့် မိမိတို့၏ အာလင်မ်များ ပြန်ထားသည့် မြန်မာ ဘာသာပြန် အား လေ့လာ နိုင်ပြီး မြတ်အလ္လာဟ် ပေးသနားထားသည့် အသိဥာဏ်ကိုအသုံးပြု ပြီးအကောင်းဆုံးကို နှလုံးသွင်းနိုင်ရန်အတွက် ဖော်ပြရခြင်းဖြစ်ပါသည်။ စွန်နီ ရှီအာ ပဋိပက္ခ လုပ်ရန် ၊ စွန်နီမှန်တယ် ၊ရှီအာ မှန်တယ် ဆိုပြီးအငြင်းအခုံ ပြုရန်မရည်ရွယ် ကြောင်း ပွင့်လင်းစွာ တင်ပြအပ်ပါတယ်။


بِسۡمِ اللّٰہِ الرَّحۡمٰنِ الرَّحِیۡمِ .

اِنَّمَا وَلِیُّکُمُ اللّٰہُ وَ رَسُوۡلُہٗ وَ الَّذِیۡنَ اٰمَنُوا الَّذِیۡنَ یُقِیۡمُوۡنَ الصَّلٰوۃَ وَ یُؤۡتُوۡنَ الزَّکٰوۃَ وَ ہُمۡ رٰکِعُوۡنَ ﴿۵۵

စွန်နီ အာလင်မ်များ ၏ ဘာသာပြန်

5|55|​ အမှန်​စင်​စစ်​အသင်​တို့​၏​ကလျာ​ဏမိတ်​သဟာ​ယအ​ဆွေ​ခင်​ပွန်း​ကား​အလ္လာဟ်​အရှင်​မြတ်​သာ​လျှင်​ လည်း​ကောင်း၊​ ထို​အရှင်​မြတ်​၏​ ရစူလ်​တမန်​တော်​မြတ်​သာ​လျှင်​ လည်း​ကောင်း၊​အကြင်‘မုအ်​မင်န်’​သက်​ဝင်​ ယုံ​ကြည်​သော​သူ​တို့​သာ​လျှင်​လည်း​ကောင်း​ဖြစ်​ကြ​ကုန်​၏။ ထို(‘မုအ်​မင်န်’​သက်ဝင် ယုံ​ကြည်သော)​ သူ​တို့​သည်​ကျိုး​နွံ​သူ​များ​အဖြစ်​နှင့်​ဆွ​လာသ်​ဝတ်​ပြု​ကြ​၏။‘ဇကာတ်’​တရား​ဝင်​ဒါ​နကြေး​ ကို​ လည်း​ ပေး​ဆောင်​ကြ​၏။ ထို​သူ​များ​သည်​ကျိုး​နွံ​သူ​များ​ဖြစ်​ကြ​၏။

သီရိပျံချီ ဃာဇီမိုဟာမက်ဟာရှင်မ် နှင့်အဖွဲ့

 

 

5|55|​ အသင်​တို့​၏​ မိတ်​ဆွေ​သည်​အလ္လာဟ်​အရှင်​မြတ်၊​အရှင်​မြတ်​၏​တမန်​တော်​နှင့်​ အကြင်​အီ​မာန်​ယုံ​ကြည်​သူ​ များ​ဖြစ်​ကြ​သည်။ထို​ယုံ​ကြည်​သူ​များ​သည်​ကျိုး​နွံ​သူ​များ​ဖြစ်​လျက်​စွ​လာသ်​ဝတ်​ပြု​ကြ​ သည်။ဇကာသ် (ဆင်း​ရဲ​သား​နှင့်​လို​အပ်​သူ​များ​၏​ဝေ​စု)​ကို​လည်း​ပေး​ဆောင်​ကြ​သည်။

ဆရာ ဟာရှင်မ်(ခ)တင်မြင့်

၅၅။သင်​တို့​၏​အဆွေ​ခင်​ပွန်း​သည်​အလ္လာဟ်​သာ​ဖြစ်​၏။၎င်း​ပြင်​အသျှင်​မြတ်​၏​တမန်​တော်​နှင့်​ဆွ​လာသ်​ ဝတ်​ပြု​သော၊​ဇကာသ်​အလှူ​ပေး​သော၊​ဦး​ညွတ်​သော၊​ယုံ​ကြည်​သူ​များ​လည်း​ဖြစ်​၏။

သီရိပျံချီ ဦးဘစိန်

 

ရှီအာ အာလင်မ် ၏ ဘာသာပြန်

ဧကန်မုချ အသင်တို့ ၏ ဝလီ (ခ) ဘက်စုံကိစ္စ ကို ကြီးကြပ် အုပ်ထိန်းသူ သည် အလ္လာဟ်ဟို အရှင်မြတ် သာလျှင် ဖြစ်ပါသည်။ပြီးနောက် ၎င်း၏ တမန်တော်မြတ် နှင့် မိုအ်မင် (ခ) သက်ဝင် ယုံကြည် သူ များ ပမာအားဖြင့် ဟဇရသ် အလီ အဗ်နေအဘီသွာလစ်ဗ် ၊ ဝလီ (ခ) ဘက်စုံကိစ္စ ကို ကြီးကြပ် အုပ်ထိန်းသူ ဖြစ်ပါသည်။ ၎င်းတို့သည် နမာဇ် ဖတ်ရမည့် စည်းမျည်း စည်းကမ်းနှင့် အညီ နမာဇ် ကို ဆောက်တည်ပါ သည်။ ပြီးနောက် ရကူပြုနေသည့် အချိန်တွင် ဇကားသ် (ခ) ဆဒ်ကာ ပေး ဆောင်ပါ သည်။[1] (၅၅)

 

လောကီ နှင့်လောကုတ္တရာ အောင်မြင်ကြပါစေ …

အင်န်ရှာအလ္လာဟ်

 

[1] ဤအာယသ်တော်သည် အာယသ်သေဝေလာယသ် အဖြစ်ကျော်ကြားပြီး မြောက်များစွာသော် ရှီအာ နှင့်စွန်နီ ရီဝါယသ် တော်များ တွင် ဤအာယသ်နှင့်ပတ်သက်ပြီးလာရှိပါသည်။

#############################
END / 251