အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၄ ဒီဇင်ဘာ ၂၀၂၁

၂၀:၂၄:၂၇
1205208

ကျမ်းတော်မြတ်ကုရ်အာန် တွင် ကောင်းမြတ်သည့် နှုတ်ကပတ် တော်များ ၏တည်ရှိမှု

ဟဇရသ် အာယာသွလ္လာဟ် မစ်ဗာယဇ်ဒီ (ရ.ဟ) ရေးသားသီးကုံးထားသည့် (( ကုရ်အာန် ၏ ဒဲရ် အာယေနေဟ် ဟေ နဲဟ်ဂျို လ် ဗလာဂါဆိုသည့် ကျမ်း မှ အခန်းကဏ္ဍ တစ်ခု ဖြစ်သည့် ((ကျမ်းတော်မြတ်ကုရ်အာန် တွင် ကောင်းမြတ်သည့် နှုတ်ကပတ်တော်များ ၏တည်ရှိမှု)) အား ချစ်ခင်လေးစားရပါသည့် အဗ်နာ ပရိတ်သတ်များ အတွက် တင်ပြအပ်ပါတယ်။


          သို့ရာတွင် ကျမ်းတော်မြတ်ကုရ်အာန် အနေဖြင့် ကိုယ်တိုင်မိန့်ဆို ထားပါသည်။ ရှင်းလင်း ပြီး ထင်ရှားသည့် စကားဖြင့် ကျရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ပြီးနောက် ယောက်တိုင်း ယောက်တိုင်း ကိုယ်စီ ကိုယ်စီ မိမိတို့၏ နားလည်မှု နှင့်အရည်အချင်း ၊စွမ်းရည် အရ ဤ ကောင်းကင်ကျ ကျမ်းမြတ်မှ အကျိုး ခံစားနိုင်ပါသည်။ သို့ သော် ဤ အချက်ကိုတော့ ဂရုပြု ရန် အရေးကြီးပါသည်။ ကျမ်းတော်မြတ်ကုရ်အာန် သည် အလွန်တရာ အာဝဇန်းရွှင်ပြီး(ခ) စိတ်ကို ဆွဲဆောင်နိုင်စေပြီး ၊အလွန်တရာ စကားပြောနည်းပညာ ၊ ဟောနည်းပညာ နှင့်ညီပြီး နှုတ်ကပတ်တော် (ခ) စကား နှင့်တင်ပြမှုသည် ကောင်းမြတ်မှုများအားလုံး နှင့်တန် ဆာဆင် ထားပါသည်။ ထိုပြင် ရှင်းလင်းနေပါသည်။ အထက်ဖော်ပြပါ အချက်များဘက်သို့ ဂရုပြုသတိပြုမိစေရန် အချက်သည်လည်းပဲ ကျမ်းတော်မြတ် ကုရ်အာန် အား မှန်ကန်စွာ အသုံးပြု နိုင်ရန် အတွက် လိုအပ်သည့် အဓိက စည်းကမ်းချက်များ မှ တစ်ခု ဖြစ်ပါသည်။

          ကျမ်းတော်မြတ်ကုရ်အာန်တွင် တစ်ခါတစ်ရံ အာယသ်တော်တစ်ပါးသည် အမိန့် တစ်ခုခု အား အားလုံးအတွက် ဖြစ်စေ နှင့် ခြုံ၍ဖြစ်စေ တင်ပြလာရှိပါသည်။ ပြီး နောက် အခြား အာယသ်တော်တစ်ပါးသည် ၎င်း အမိန့် ၏ ကန့်သတ်ချက်ကိုရှင်းလင်း ဖော်ပြပါသည်။ သို့မဟုတ် အာယသ်တော်တစ်ပါးတွင် အမိန့်တစ်ခုခု အား မွတ်သွလက်(ခ) လွတ်လပ်စွာ စသည်းမျည်းစည်းကမ်းမပါဘဲ တင်ပြထားပါသည်။ တစ်ခြား အာယသ်တော်တစ်ပါးဖြင့် ၎င်း အမိန့် ၏ စည်းမျည်း စည်းကမ်း ကို သိရှိရပါသည်။ မီစာလ် ၊ ကေနာယဟ် ၊ အစ်သေ အာရဟ်၊ မိုဂျာဇ် စသည်ဖြင့် ကျမ်းတော်မြတ်ကုရ်အာန် ပညာရပ်ဆိုင်ရာ စကားလုံး များ ကို သုံး၍ အကြောင်းအရာ များကို တင်ပြထားပါသည်။ ၎င်းအသုံးအနှုန်းကို ကျမ်းတော်မြတ် ကုရ်အာန် တွင် သုံး နှုန်းထားပါသည်။ အကြောင်းမှာ ကျမ်းတော်မြတ်ကုရ်အာန် သည် မနုဿ လူသား အား တိုက်ရိုက် ညွှန်၍မိန့်ထားသည့် အတွက်ကြောင့် ဖြစ်ပါသည်။ ပြီးနောက် အထက်ဖော်ပြပါ နည်းလမ်း ၊ ပုံစံ နှင့် ရည်ရွယ်ချက် ၊ အကြောင်းအရာ ကိုတင်ပြရာ တွင် မနုဿ လူသား နှင့် အသိဥာဏ် ဆင်ခြင်တုံတရား ရှိသူများ၏ စကား ကို ကောင်းမြတ်မှုများ ဟု နားလည် သဘောပေါက်ရပါမည်။ ဤအတွက်ကြောင့် ကျမ်းတော် မြတ် ကုရ်အာန် သည် လည်း အထက်ပါ နည်းလမ်းများ ကို မိမိ ၏ အဲဟ်ကာမ် (ခ) ပညတ်တော်များ နှင့် အသိပညာများ ကို တင်ပြရာတွင် အကောင်းတကာ အကောင်းဆုံး ပုံစံ ကို အသုံးပြုထား ပါ သည်။

          ဤအတွက်ကြောင့် ကျမ်းတော်မြတ်ကုရ်အာန် တွင် အသုံးပြုထားသည့် နည်းလမ်းများ သည် အသိဥာဏ်များ ဆင်ခြင်တုံတရား ရှိသူများ မိမိတို့၏ ရည်ရွယ်ချက်များ နှင့် အကြောင်းအရာ များ ကို တင်ပြသည့် နည်းလမ်းကို သာ အသုံးပြု ထားပါသည်။ သို့သော် ကွာ ခြား ချက်မှာ ဤသို့ဖြစ်ပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် တွင် အသုံး ပြု ထားသည့် နှုတ်ကပတ်တော် (ခ) စကား နှင့် တင်ပြမှု ဆိုင်ရာ၏ ပညာရပ်များ အမျိုးအစား နှင့် အခြေအနေ သည် ကောင်းမြတ်မှု ၊ ပုံစံ ၊ နည်းလမ်း အရ မနုဿ လူသား တို့ ၏ စကား တွင် သုံး ထားသည့် ကောင်းမြတ်မှု များ နှင့် နှိုင်းယှဉ် ရန် မဖြစ်နိုင်ပါ။

          ဤအချက် အတွက် အထောက်အထား သက်သေ မှာ ကျမ်းတော်မြတ်ကုရ်အာန် သည် အလ္လာဟ်ဟို အရှင်မြတ် ၏ နှုတ်ကပတ်တော် (ခ) စကား ဖြစ်ပါသည်။ အလွန်တရာ အာဝဇန်းရွှင်သည့် တင်ပြမှု နှင့် အတူ မဟာတမန်တော်မြတ် (ဆွ) အပေါ် ချပေးတော်မူ သည့် အတွက်ကြောင့် ဖြစ်ပါသည်။        ကျမ်းတော်မြတ်ကုရ်အာန် အာဝဇန်းရွှင် စေ သည့် ပညာရပ် များ ၏ အခြေခံသဘောတရားများ မနုဿ လူသား အား သင်ကြားပေးပါသည်။ ဤအလ္လာဟ်ဟို အရှင်မြတ် ၏ ကျမ်း စာအုပ် အနေဖြင့် အလွန်တရာလှပ ပြီး အာဝဇန်းရွှင် မှု နှင့် အတူ တင်ပြပြီး လူသားများ အား သောင်ဟီးဒ် (ခ) တစ်ဆူတည်း ဝါဒ ၊လမ်းညွှန်မှု ၊ ပြီးပြည့်စုံ မှု၊ ကံကောင်း ပျော်ရွှင်မှု နှင့် အောင်မြင်မှု ဘက်သို့ ဖိတ်ခေါ် နေပါသည်။

          ဤအခန်း ၏ နောက်ဆုံး ပိုင်း ဆွေါ်နွေးမှု ၏ အနှစ်ချုပ် နှင့်ရလာဒ် အဖြေ မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။           ပထမအရင် ဖော်ပြထားသည့် အချက်များ နှင့်အတူ ကျမ်းတော်မြတ် ကုရ်အာန် တွင် ပါဝင်သည့် ကောင်းမြတ် လှပသည့် စကား နှင့် အချက်များ ဘက်သို့ အာရုံစိုက် ၊ ဂရုပြုစေလာရန် ကျမ်းတော်မြတ်ကုရ်အာန်အား နားလည် သဘော ပေါက်ဖို့ လိုအပ်သည့် စည်းမျည်း စည်းကမ်းများ မှ ဖြစ်ကြောင်း ဖြစ်ပါသည်။ ထိုအချက် ဘက်သို့ အာရုံမပြု ၊ ဂရုမစိုက်မည်ဆိုလျှင် မှားယွင်းသည့် နားလည်မှု ၊မှားယွင်းသည့်အသိ ၊ သဖ်စီးရ် အမှား နှင့် ရင်ဆိုင်ရမည် မှာမုချ ဧကန် ဖြစ်ပါသည်။

****************************************************************

END / 251