အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
အင်္ဂါနေ့

၁၈ အောက်တိုဘာ ၂၀၂၂

၂၁:၀၉:၁၁
1315106

ရုရှားစစ်စခန်းတွင် ပစ်ခတ်မှုဖြစ်၍ ၁၁ ဦး သေဆုံး

ယူကရိန်းနဲ့ကပ်နေတဲ့ ရုရှားစစ်စခန်းမှာ မနေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြိး အနည်းဆုံး ၁၁ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယူကရိန်းနဲ့ကပ်နေတဲ့ ရုရှားစစ်စခန်းမှာ မနေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြိး အနည်းဆုံး ၁၁ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

အနောက်တောင်ပိုင်း ဘဲလ်ဂိုရော့ဒ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုကို ရုရှားကာကွယ်ရေး၀န်ကြီးဌာနက အကြမ်းဖက်မှုလို့ သမုတ်ခဲ့ပါတယ်။

သေနတ်သမားဟာ ၂ ဦးဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စုဟောင်းက နိုင်ငံသားတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်ခစန်းမှာ စေတနာ့၀န်ထမ်းစစ်သားတွေ ပစ်မှတ်လေ့ကျင့်နေတဲ့အချိန် ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ။

ယူကရိန်းစစ်ပွဲမှာ ပါ၀င်တိုက်ခိုက်ဖို့ အရန်အင်အားကို ပူတင်က ဆင့်ခေါ်ထားတဲ့အတွက် ရုရှားနိုင်ငံတစ်၀ှမ်း ဆန္ဒပြမှုတွေ မြင့်တက်နေတဲ့အချိန် အခုတိုက်ခိုက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတရဲ့ အကြံပေး Oleksiy Arestovych က ပစ်ခတ်သူတွေဟာ တာဂျစ်ကစ္စတန်နိုင်ငံကဖြစ်ပြီး စစ်စခန်းမှာ ဘာသာရေးနဲ့ပတ်သက်လို့ စကားများရာကနေတွေ သေနတ်နဲ့ပစ်ခဲ့တာလို့ ဆိုပါတယ်။

****************************************************************
END / 251