အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
ဗုဒ္ဓဟူးနေ့

၂၆ အောက်တိုဘာ ၂၀၂၂

၂၀:၂၃:၁၇
1317591

သရဲမျက်နှာဖုံးဖြင့် ကလေးများကိုခြောက်သည့် ဆရာမများ ညှင်းပမ်းမှုဖြင့် တရားစွဲခံရ

အမေရိကန်ပြည်ထောင်စု မစ္စစီပီ နေ့ကလေးထိန်းကျောင်းက ဆရာမ ၅ ဦးဟာ ကလေးငယ်တွေအပေါ် ညှင်းပမ်းမှုနဲ့ တရားစွဲဆို ခံလိုက်ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အမေရိကန်ပြည်ထောင်စု မစ္စစီပီ နေ့ကလေးထိန်းကျောင်းက ဆရာမ ၅ ဦးဟာ ကလေးငယ်တွေအပေါ် ညှင်းပမ်းမှုနဲ့ တရားစွဲဆို ခံလိုက်ရပါတယ်။

သရဲမျက်နှာဖုံးတွေဝတ်ကာ ကလေးတွေကို ခြောက်လှန့်ပြီး ငြိမ်အောင် ထိန်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။

Lil’ Blessings Child Care & Learning Center နေ့ကလေးထိန်းစင်တာက ဆရာမတွေ ဟောလိုဝင်းပွဲက သရဲမျက်နှာဖုံးဝတ်ပြီး ကလေးတွေကို ခြောက်လှန့် ထိန်းကြောင်းနေတဲ့ ဗီဒီယို ၂ ခု စက်တင်ဘာလနဲ့ အခုလအစောပိုင်းမှာ ဆိုရှယ်မီဒီယာပေါ် ပြန့်နှံ့ခဲ့ပြီး ဝဖေန်မှုတွေလည်း ရှိလာပါတယ်။

အခင်းဖြစ်ပွားတဲ့ မွန်ရိုခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ကီဗင် ကရွတ်က ဆရာမ ၄ ဦးကို ကလေးငယ်တွေ ညှင်းပမ်းမှု စွဲချက် ၃ ခုနဲ့ တရားစွဲဆိုခဲ့ပြီး အခြားတစ်ဦးကို တိုင်ကြားဖို့ ပျက်ကွက်မှုနဲ့ တရားစွဲဆိုခဲ့တယ်လို့ ပြောပါတယ်။

ဒီလို ခြောက်လှန့်မှုကြောင့် အသက် ၂ နှစ်အရွယ် သမီးဖြစ်သူမှာ စိတ်ဒဏ်ရာရနေပြီး ညဖက်တွေမှာ ကြောက်လန့်ကာ အိပ်မပျော်ဖြစ်နေတယ်လို့ မိခင်တစ်ဦးဖြစ်တဲ့ ကာတီလင် ဂျွန်ဆင်က ပြောပါတယ်။

“မျက်နှာဖုံးဝတ်ထားထား မထားထား သူတို့ရဲ့ အပြုအမူက လက်ခံနိုင်စရာ မရှိပါဘူး။ ကျွန်မ သွေးတွေဘာတွေတောင်တိုးတယ်။ ကလေးအတွက်လည်း စိတ်မကောင်းဘူး။ ဒေါသထွက်ရပါတယ်”

ရဲအရာရှိ ကရွတ်က အခုလို တရားစွဲဆိုမှုဟာ တစ်ခြားသူတွေ သင်ခန်းစာယူဖို့ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

****************************************************************
END / 251