အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media 
ဗုဒ္ဓဟူးနေ့

၁၆ နိုဝင်ဘာ ၂၀၂၂

၁၉:၃၁:၂၂
1323847

အင်ဒိုပြည်သူများအတွက် ယူအေအီးက ဗလီတစ်လုံး လက်ဆောင်ပေး

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက အင်ဒိုနီးရှားပြည်သူတွေကို လက်ဆောင်အဖြစ် ပေးအပ်တဲ့ ဗလီ၀တ်ကျောင်းတော်တစ်လုံးကို တနင်္လာနေ့က ဖွင့်လှစ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက အင်ဒိုနီးရှားပြည်သူတွေကို လက်ဆောင်အဖြစ် ပေးအပ်တဲ့ ဗလီ၀တ်ကျောင်းတော်တစ်လုံးကို တနင်္လာနေ့က ဖွင့်လှစ်ခဲ့ပါတယ်။

ယူအေအီးက အထင်ကရ ရှိခ်ဇယဒ်ဗလီ၀တ်ကျောင်းတော်နဲ့ တစ်ထေရာတည်းတူတဲ့ ဗလီဖြစ်ပြီး နာမည်ကိုလည်း ဆင်တူပေးထားပါတယ်။ ဗလီဟာ ဂျာဗားကျွန်းက ဆူရာကာတာမြို့မှာ တည်ရှိပါတယ်။

ဖွင့်ပွဲအခမ်းအနားကို အင်ဒိုနီးရှားသမ္မတ ဂျိုကို၀ီဒိုဒိုနဲ့ ယူအေအီးသမ္မတ မိုဟာမင် ဘင် ဇယဒ်တို့ တက်ရောက်ခဲ့ပါတယ်။

ဗလီမှာ အင်ဒိုလူမျိုးတွေရဲ့ အနုပညာလက်ရာတွေကို ထည့်သွင်းထားပြီး လူပေါင်း ၁ သောင်း တစ်ပြိုင်တည်း၀တ်ပြုနိုင်ပါတယ်။

ဗလီအမှတ်သညာဖြစ်တဲ့ အမိုးခုံး ၅၆ ခု၊ မင်နာရာမျှော်စင် ၄ ခု၊ တိုင်ပေါင်း ၃၂ တိုင်နဲ့ ဗလီ၀တ်ကျောင်းတော်ကို ဖွဲ့စည်း တည်ဆောက်ထားတာပါ။

အင်ဒိုနီးရှားသမ္မတ ဂျိုကို၀ီဒိုဒိုက ဒီဗလီ၀တ်ကျောင်းတော်ဟာ ၀တ်ပြုရာနေရာအပြင် အစ္စလာမ့်ရေးရာ ပညာရပ်တွေကို ဆည်းပူးလေ့လာနိုင်မယ့်နေရာ၊ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်၀င်စားရာနေရာ ဖြစ်လာလိမ့်မယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

****************************************************************
END / 251