အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၂၀ ဒီဇင်ဘာ ၂၀၂၂

၂၀:၂၄:၅၄
1332529

ရဟတ်ယာဉ်အမှုအတွက် ပို့ဆက်ဝန်ကြီးဌာန ဂုဏ်ထူးဆောင်အကြံပေးပုဂ္ဂိုလ်ကို ဆက်လက်စစ်ဆေး

ရဟတ်ယာဉ်အမှုတွေအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီဇင်ဘာ ၂၀ ရက် ဒီနေ့ နေပြည်တော်အချုပ်ထောင်ရှိ အထူးသီးသန့်တရားရုံးမှာ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 
ရဟတ်ယာဉ်အမှုတွေအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီဇင်ဘာ ၂၀ ရက် ဒီနေ့ နေပြည်တော်အချုပ်ထောင်ရှိ အထူး သီးသန့်တရားရုံးမှာ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိငါးမှုလုံးအတွက် စွဲချက်တင်အမိန့်ချကာ ပြန်ခေါ် သက်သေ တွေနဲ့ စွပ်စွဲခံရသူတွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေး ပြီးဖြစ်လို့ တရားခံပြသက်သေတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။

တရားရုံးနဲ့ နီးစပ်သူတဦးက “ဒီနေ့ ခံပြသက်သေအဖြစ် ပို့ဆက်ဝန်ကြီးဌာနရဲ့ ဂုဏ်ထူးဆောင် အကြံပေးပုဂ္ဂိုလ် ဦးလင်းထက်ကို စစ်တယ်။ သူ့ကို ရဟတ်ယာဉ်ဝယ်တာနဲ့ ပြုပြင်ထိန်းသိမ်းတဲ့ ပုဒ်မနှစ်ခုအတွက် စစ်တာ” လို့ ပြောပါတယ်။

အမှုနဲ့ပတ်သက်လို့ တရားလို၊ တရားလိုပြသက်သေ၊ စွပ်စွဲခံရသူတွေနဲ့ တရားခံပြ သက်သေ တွေကို စစ်ဆေးပြီးဖြစ်လို့ နောက်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက် ပေးရမယ်လို့  အဆိုပါ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

“နောက်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးမယ်။ ရုံးချိန်းကို နှစ်ပတ်ခွာချိန်းဖို့ တောင်း ဆိုတာ တပတ်ပဲပေးတယ်။”

ဒီရဟတ်ယာဉ်ဝယ်တာ၊ ငှားတာ၊ ပြုပြင်ထိန်းသိမ်းတာတွေဟာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက်ဖြစ်ပြီး NLD အစိုးရလက်ထက်မှာ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ တာဝန်ပါ ယူခဲ့တဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြီးခဲ့တဲ့ရုံးချိန်းမှာ စွဲဆိုထားတဲ့အမှုတွေနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ထားတယ်ဆိုတဲ့အကြောင်း ထွက်ဆိုထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီးဝယ်တာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်း တာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်အမှုအတွက် စွပ်စွဲခံရသူတွေဘက်က တရားခံပြသက်သေတွေအနေနဲ့ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ အပါအဝင် အရင် ပို့ဆက်ဒုဝန်ကြီး ဦးကျော်မျိုး၊ ရဟတ် ယာဉ်ကုမ္ပဏီ က မန်နေဂျင်းဒါရိုက်တာတဦး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ တို့ကို စစ်ဆေးပြီး ဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်ဝယ်ယူတာ၊ ငှားရမ်းတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်လို့ အာဏာ သိမ်းစစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စွပ်စွဲ တရားစွဲ ဆိုထားပေမဲ့ စွပ်စွဲခံရသူတွေဖြစ်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီပဲ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ တယ်လို့ ထွက်ဆိုထားပါတယ်။

****************************************************************
END / 251