အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အနောက်ပိုင်းကို ဒီဇင်ဘာ ၂၃ ရက် က ပြင်းထန်တဲ့ ဆောင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ဘတ်ဖဲလိုးမြို့မှာ မြင်နိုင်စွမ်းတွေ သိသိသာသာ လျော့ကျသွားပါတယ်။
လေပြင်းတိုက်လို့ ခရစ္စမတ်အားလပ်ရက်ပိတ်ရက်မတိုင်မီ ခရီးသွားလာရတာ အနှောင့်အယှက် ဖြစ်ခဲ့ပြီး နှင်းတွေအောက်မှာ နစ်မြုပ်နေတဲ့ အိမ်တွေနဲ့ ယာဉ်တွေကို ဗီဒီယိုတွေမှာ မြင်တွေ့ရ ပါတယ်။
နယူးယောက်အနောက်ပိုင်းက အီရီ ရေကန်အစွန်းမှာရှိတဲ့ ဘတ်ဖဲလိုးမြို့နဲ့ အနီးတဝိုက် ခရိုင် တွေမှာ ကားမမောင်းဖို့ ပိတ်ပင်ထားခဲ့ပြီး ရာသီဥတုကြောင့် ဘတ်ဖဲလိုး ဧရိယာ နယ်စပ် ဖြတ်တံတား ၃ စင်းစလုံးကို ကနေဒါကနေ ဝင်ရောက်သွားလာခွင့် ပိတ်ထားပါတယ်။
အရိုးစိမ့်တဲ့ အအေးဓာတ်ဟာ နိုင်ငံအရှေ့ဘက်ကို စိမ့်ဝင်လာပြီး မွန်တာနာကနေ တက္ကဆက်အထိ ကျယ်ပြန့်တဲ့ ပြည်နယ်တွေကို ထိခိုက်စေခဲ့တာပါ။
ဒါကြောင့် အမေရိကန်လူဦးရေရဲ့ သုံးပုံနှစ်ပုံကျော်ဖြစ်တဲ့ လူသန်းပေါင်း ၂၄၀ လောက် အတွက် ဒီဇင်ဘာ ၂၃ ရက်က ဆောင်းရာသီ ရာသီဥတုသတိပေးချက်တွေ၊ အကြံပေးချက်တွေ ကြေညာထားခဲ့တယ်လို့ အမျိုးသားမိုးလေဝသဌာန (NWS) က ပြောပါတယ်။
****************************************************************
END / 251