အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၁ ဇန်နဝါရီ ၂၀၂၃

၁၈:၁၀:၃၁
1335047

  လှိုင်သာယာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

လှိုင်သာယာအနောက်ပိုင်းမြို့နယ် အမှတ် ၂၀ ရပ်ကွက် အနော်ရထာလမ်းမကြီးပေါ်ရှိ လက်ဖက်ရည်ဆိုင်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး ဇန်နဝါရီ ၁ ရက် နေ့လယ်ပိုင်းက အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လှိုင်သာယာအနောက်ပိုင်းမြို့နယ် အမှတ် ၂၀ ရပ်ကွက် အနော်ရထာလမ်းမကြီးပေါ်ရှိ လက်ဖက်ရည်ဆိုင်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး ဇန်နဝါရီ ၁ ရက် နေ့လယ်ပိုင်းက အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

လူဦးရေ သန်ခေါင်စာရင်းကောက်ယူဖို့ ရာအိမ်မှုး၊ ဆယ်အိမ်မှူးတွေနဲ့ ရုံးအနီးရှိ လက်ဖက်ရည်ဆိုင်မှာ စကားပြောနေစဥ် အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ပစ်ခတ်သွားတာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

"ဆိုင်ကယ်နဲ့လာပြီး သေနတ်နဲ့ပစ်သွားတာ၊ ကျန်တဲ့သူတွေလည်း ထွက်ပြေးတာ၊ အုပ်ကြီးလည်း ဒဏ်ရာနဲ့ထွက်ပြေးတာ၊ ဆိုင်အပြင်ရောက်တော့ သေသွားရော၊ ခေါင်းတွေကိုပဲပစ်သွားတာ။"

သေဆုံးသူမှာ ဦးရဲထွန်းဦးဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးဖြစ်သလို ပြည်ခိုင်ဖြိုးပါတီဝင်တဦးလည်းဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီ ကို ပြောပါတယ်။

"သူက မဝတလက်ထက်ကတည်း ဥက္ကဋ္ဌ လုပ်လာတာ ND အစိုးရလက်ထက်မှာ ပြုတ်ပြီး အာဏာသိမ်းတော့ သတင်းပေးလုပ်ရင်း နေရာပြန်ရလာတာ။"

လတ်တလောမှာ စစ်ကောင်စီတပ် နဲ့ ရဲတွေက အမှတ် ၂၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လုံခြုံရေးယူထားပြီး ပစ်ခတ်မှုဖြစ်ရာ အနော်ရထာလမ်းမကြီးတလျှောက် ကား၊ ဆိုင်ကယ်နဲ့လူတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
****************************************************************
END / 251