အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
စနေနေ့

၄ ဖေဖော်ဝါရီ ၂၀၂၃

၁၅:၁၄:၅၄
1343600

သုဝဏ္ဏတံတားပေါ်တွင် အိမ်စီးကားမောင်းလာသူတဦး ဓားထိုးလုယက်ခံရ

ရန်ကုန် သင်္ကန်းကျွန်းမြို့နယ်နဲ့ သာကေတကို ဆက်သွယ်ထားတဲ့ သုဝဏ္ဏတံတားပေါ်မှာ ဖေဖော်ဝါရီ ၄ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က အိမ်စီးကားမောင်းလာသူ အမျိုးသားတဦး ဓားထိုးလုယက်ခံရပြီး သွေးထွက်လွန်နေတာကြောင့် အနီးနားနေလူတွေက သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရန်ကုန် သင်္ကန်းကျွန်းမြို့နယ်နဲ့ သာကေတကို ဆက်သွယ်ထားတဲ့ သုဝဏ္ဏတံတားပေါ်မှာ ဖေဖော်ဝါရီ ၄ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က အိမ်စီးကားမောင်းလာသူ အမျိုးသားတဦး ဓားထိုးလုယက်ခံရပြီး သွေးထွက်လွန်နေတာကြောင့် အနီးနားနေလူတွေက သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မိုးစေတနာလူမှုကူညီရေးအသင်း တာဝန်ရှိသူက "မြင်ရသလောက်တော့ သွေးကတော့ တော်တော်လေးတော့ သွေးထွက်များတယ်။ ကျနော်တို့ ရောက်သွားချိန်က ၁၂ နာရီ ၁၅ မိနစ်လောက်ဖြစ်နေပြီ။ လူနာကို ဈေးသည်တွေက တက်စီငှားပြီး စံပြဆေးရုံကို ပို့လိုက်ပါပြီ။ ကားက သုဝဏ္ဏလမ်းဆုံဘက်ကို လာတာ သာကေတဘက်‌ကနေ။ ကားက ဟွန်ဒါဖစ် ကား။ ယာဉ်မောင်းက တစ်ယောက်တည်း မောင်းလာတာ။ ဈေးသည်တွေ ပြောတာက ဓားနဲ့ထိုးတဲ့ လူတွေက နှစ်ယောက် ကားနဲ့ လာတာ။ ပွိုင့်က စိမ်းသွားတော့ မောင်းပြေးသွားတယ်၊ ကျနော်တို့ အဲဒီကို ရောက်တဲ့အချိန် သင်္ဃန်းကျွန်းက ရဲတွေလည်း လာစစ်ဆေးနေပါပြီ" လို့ ပြောပါတယ်။

ဓားထိုးလုယက်သူတွေက ဟွန်ဒါဖစ်ကားသော့ကိုပါ ချိုးသွားခဲ့ပြီး ယာဉ်မောင်းကို ဓားနဲ့ ထိုးသွားခဲ့တာကြောင့် သွေးထွက်လွန်နေလို့ တံတားပေါ်က ဈေးသည်တွေက နီးစပ်ရာ စံပြဆေးရုံကို ပို့ပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရနေပြီလို့ သိရပါတယ်။

အခင်းဖြစ်ပွားပြီးနောက် သင်္ဃန်းကျွန်းမြို့မရဲစခန်းက လာရောက်စစ်ဆေးနေတယ်လို့ သိရပြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီး သင်္ဃန်းကျွန်းရဲစခန်းကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည် ဖြေကြားခြင်း  မရှိပါဘူး။

****************************************************************
END / 251