အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၈ ဖေဖော်ဝါရီ ၂၀၂၃

၁၉:၀၃:၃၆
1344801

ဆလ်ဝသ် အာယသ်တော် နှင့်ပတ်သက်ပြီး လေ့လာ မှတ်သားစရာများ ကို ဖော်ပြ လိုက် ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆလ်ဝသ် ပို့သရန်လာရှိသည့် အာယသ်တော် (အဲဟ်ဇါဗ် ၊ ၅၆ ) တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) အပေါ် အလ္လာဟ်ဟို အရှင်မြတ် နှင့် ကောင်းကင်တမန်များ မှ ဆလ်ဝသ် (ကောင်းချီး မင်္ဂလာပို့ကြောင်း) ရည်ညွှန်းထားပါသည်။ မိုအ်မင် (ခ) သက်ဝင်ယုံ ကြည် သူ များကိုလည်း တမန်တော်မြတ် (ဆွ) အပေါ် ဆလ်ဝသ် ပို့သရန် တောင်းဆို ထားပါ သည်။ ရှီအဟ်မွတ်စလင်မ် အများအပြားသည် ဤအာယသ်တော် ကြားသည့်အခါ မိုဟမ္မဒ် (ဆွ) အာလေ့မိုဟမ္မဒ် (အ.စ) အပေါ် ဆလ်ဝသ်ပို့သကြပါသည်။ ဖော်ပြပါ ဆလ်ဝသ် အာယသ်တော်  အား သအ်ကီဗါသ် သေနမာဇ်ဇေမဂ်ရိဗ်  တွင် သေလာဝသ် ပြုရန် အကြုံထားပါသည်။

အလာမဟ်သွဗာသွဗါရီ မှ သဖ်စီးရ် အလ်မီးဇန်းကျမ်းတွင်ဆလ်ဝသ် ပို့သခြင်း ကို အလ္လာဟ်ဟို အရှင်မြတ်   နှင့် ကောင်းကင်တမန်များ ၏ နောက်လိုက် ခြင်း အဖြစ် သတ်မှတ်ထားပါသည်။ ထိုနည်းတူစွာ မကာရေမ်မိုရှီရာဇီး မှ မိမိ၏ ပရန်းမ်မေ ကုရ်အာန် ကျမ်း တွင် အဲဟ်လေ့စွန္နသ် ၏ ဟဒီးစ်တော်များ နှင့် သဖ်စီးရ်များ ဆိုင်ရာ ကျမ်းကိုး ကျမ်းကား များ မှတင်ပြထားသည့် ဟဒီးစ်တော်များကို ကိုးကားပြီး တမန်တော်မြတ် (ဆွ) ၏ အိမ်တော်သူ၊အိမ်တော်သားများ (ခ) အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ်ဆလ်ဝသ်ပို့သခြင်းကို ဆလ်ဝသ် (စူရဟ်၃၃ ၊ အာယသ်တော် ၅၆ )  ၏ အစိတ် အပိုင်း ဖြစ် ကြောင်း ဖော်ပြထားပါသည်။

စာသား နှင့် ဘာသာပြန်

إِنَّ اللهَ وَ مَلائِكَتَهُ يُصَلُّونَ عَلَى النَّبِيِّ يا أَيُّهَا الَّذينَ آمَنُوا صَلُّوا عَلَيْهِ وَ سَلِّمُوا تَسْليماً .

ဘာသာပြန်အဓိပ္ပာယ်

ဧကန်မုချ အလ္လာဟ် ဟို အရှင်မြတ် သခင် ပြီးနောက် ထိုအရှင်မြတ်၏ ကောင်းကင် တမန်များ တမန်တော်မြတ်အပေါ် ဆလ်ဝသ် (ကောင်းချီးမင်္ဂလာ ) ပို့သကြပါသည်။ အို - အီမာန် သက်ဝင် ယုံကြည်သူအပေါင်းတို့  ၎င်းတမန်တော်မြတ် အပေါ် ဆလ်ဝသ် နှင့် စလာမ် ပို့သ ထိုက်တန်သည့် အတိုင်း ပို့သ ကြပါလေ။

ဆလ်ဝသ်

اللّهُمَّ صَلِّ عَلی مُحَمَّد وَآلِ مُحَمَّد وَعَجِّل فَرَجَهُم

 

မြန်မာအသံထွက်

အလ္လာဟ်ဟွန်မဟ် ဆွလေအလာ မိုဟမ္မဒ် ၊ ဝအာလေ မိုဟမ္မဒ် ၊ ဝအ‌ဂျေလ်ဖရဂျဟွန်မ်

ရှိက္ခ်သူစီ‌ရေးသားထားသည့် မစ်ဗါဟိုလ်မိုသဟဂျစ်ဒ် စာအုပ် တွင် သအ်ကီဗါသ် သေနမာဇ် ဇေမဂ်ရိဗ်   တွင် သက်စ်ဗီဟာသေ ဟဇရသ် ဇဲဟ်ရာ (စ.အ) အပြီး ဤ အာယသ်တော် အား သေလာဝသ်ပြုရန် တိုက်တွန်းထားပါသည်။(၁) ရှိက္ခ် အဘာစ် ကွမ်းမီ အနေဖြင့် လည်း မဖာသီဟိုလ်ဂျေနန် စာအုပ် တွင် ဤအတိုင်း မစ်ဗါ ဟိုလ်မိုသဟဂျစ်ဒ် စာအုပ် ကိုးကားဆင့်ပြန်ထားပါသည်။ ဤအတွက်ကြောင့် အီရန် နိုင်ငံတွင် ဂျမာအသ်နမာဇ် ဝတ်ပြုပြီးတိုင်း တစ်ဦးတစ်ယောက်မှ ဤအာယသ်တော် အား အသံကျယ်ကျယ်ဖြင့် သေလာဝသ်ပြုပါသည်။ နမာဇ်ဖတ် ဝတ်ပြုသူများ မှလည်း ၃ကြိမ် ဆလ်ဝသ် ပို့သကြပါသည်။

သဖ်စီးရ်

၁၅ရာစုနှစ်၏ ရှီအဟ်သဖ်စီးရ်ပညာရှင် အလာမဟ်သွဗာသွဗါရီ မှ သဖ်စီးရ် အလ်မီးဇန်း ကျမ်းတွင် ရှီအဟ် ၊ ဆွန်နီ ကျမ်းရင်းမြစ်များကို ကိုးကား ပြီး ဆလ်ဝသ် ပို့သနည်းမှာ  မိုအ်မင်များမှ အလ္လာဟ်ဟိုအရှင်မြတ်ထံ တမန်တော်မြတ်(ဆွ)နှင့် ကိုယ်တော် ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) အ‌ပေါ်ဆလ်ဝသ် ပို့သပေးရန် တောင်းဆို ခြင်း ဖြစ်ကြောင်း ရေးသားထားပါသည်။(၃)ထိုနည်းတူစွာ ၎င်းမှာ မိုအ်မင်များ အနေ                     ဖြင့် တမန်တော်မြတ်(ဆွ) နှင့် ကိုယ်တော် ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) အ‌ပေါ် ဆလ်ဝသ်ပို့သခြင်းသည် အမှန်တကယ် အလ္လာဟ်ဟို အရှင် မြတ် နှင့် ကောင်းကင် တမန်များ  နောက်လိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။ပြီးနောက် အာယသ် တော် တွင် တားမြစ်ထားချက်များကို အလေးပေးထားပါသည်။ ထိုအာယသ် တော်တွင် အလ္လာဟ်ဟိုအရှင်မြတ် နှင့် အရှင့်၏ တမန်တော်မြတ်ကို ညှဥ်းဆဲ ၊ဒုက္ခပေး ‌သူများအပေါ်  လောကီ၊လောကုတ္တရာ တွင်လာအ်နသ် ပို့ထားပါ သည်။ ရီဝါယသ် တော်တစ်ခုတွင် အေမာမ်ကာစင်မ် (အ.စ) ထံ အလ္လာဟ် ၊ ကောင်းကင်တမန်များ နှင့် မိုအ်မင်များသည် တမန်တော်မြတ် (ဆွ) အပေါ် ဆလ်ဝသ် ပို့သကြရာ ဆလ်ဝသ် ဆိုသည်မှာ အဘယ်နည်း? ဆိုသည့်မေးခွန်း တစ်ခု ၏အဖြေ တွင် အလ္လာဟ်၏ ဆလ်ဝသ် သည် အရှင့် ၏ရဲဟ်မသ်တော်ဖြစ်ပြီး ကောင်းကင်တမန်များ ၏ ဆလ်ဝသ် သည် ၎င်းတို့၏  ချီမွမ်းထောပန ခြင်း ဖြစ်ကြောင်း တမန်တော်မြတ် (ဆွ) အပေါ် မိုအ်မင်များ ပို့သ သည့် ဆလ်ဝသ် သည် ကိုယ်တော်မြတ် (ဆွ) အတွက် ဒိုအာ ဖြစ်ကြောင်းမိန့်တောမူခဲ့ပါသည်။

ရှီအဟ် မရ်ဂျအ်အေသက္က်လီးဒ် အာယာသွလ္လာဟ် မကာရေမ်မိုရှီရာဇီး မှ မိမိ၏ ပရန်းမ်မေ ကုရ်အာန် ကျမ်း  တွင် အဲဟ်လေ့ ဆွန်နသ် ၏ ဟဒီးစ်တော်များ နှင့် သဖ်စီးရ် များ ဆိုင်ရာ ကျမ်းကိုး ကျမ်းကား များ မှတင်ပြထားသည့် ဟဒီးစ်တော်များကို ကိုးကားပြီး တမန်တော်မြတ် (ဆွ) ၏ အိမ်တော်သူ၊အိမ်တော်သားများ (ခ) အဲဟ်လေ့ ဘိုက်(သ) (အ.စ) အပေါ်ဆလ်ဝသ်ပို့သခြင်းကို ဆလ်ဝသ် (အဲဟ်ဇါဗ် ၊ အာယသ်တော် ၅၆ )  ၏ အစိတ် အပိုင်း ဖြစ် ကြောင်း ဖော်ပြထားပါသည်။(၇) ဤကိစ္စ နှင့် ပတ်သက် ပြီး အာယာသွလ္လာဟ် မှ အဲဟ်လေ့စွန္နသ် ၏ကျမ်းများ ပမာအားဖြင့် ဆဟီးဟ် ဘုခါရီကျမ်း ဆဟီးဟ် မွတ်စလင်မ်ကျမ်း သဖ်စီးရ်ဒွဒ်ရေလ်မန်စူရ် ကျမ်း နှင့် သဖ်စီးရ်သဗ်ရီ တို့မှ အချို့ ဟဒီးစ်တော်များကို ကိုးကား တင်ပြထားပါသည်။

သဖ်စီးရ် မဂျ်မအိုလ်ဗရန်းန် ကျမ်းတွင် ဖွဆ်လ်ဗင်ဟစန် သွဗ်ရစီ မှ အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ထံမှ ဟဒီးစ်တော် တစ်ပါးကို ဆင့်ပြန်ထားပါသည်။ ၎င်း ဟဒီးစ်တော် အရ အကယ်၍ အကြင်မည်သူမဆို တမန်တော်မြတ် (ဆွ) အပေါ် ဆလ်ဝသ် ပို့သမည် ဆိုလျင် ကောင်းကင်တမန်များသည် ၎င်းအပေါ် ၁၀ကြိမ် ဆလ်ဝသ် ပို့သ မည်ဖြစ်ပါသည်။ ပြီးနောက် ၎င်း၏ ဂိုနဟ်အပြစ် ၁၀ခု အား အလ္လာဟ်ဟိုအရှင် မြတ်မှ  ခွင့်လွတ် ပလပ်တော် မူမည်ဖြစ်ပါသည်။ပြီးနောက် ၎င်း၏ လုပ်ရပ်များတွင် ကောင်းမှု ၁၀ ခုကို ရေးမှတ်စေတော်မူပေမည်။

ဆလ်ဝသ်ပို့သရန် ဝါဂျစ်ဗ်မပြုမနေရ ဖြစ်ခြင်း ၏ အထောက်အထား

ရှီအဟ် သဖ်စီးရ်ပညာရှင်များ နှင့် မရ်ဂျအ်အေသက္က်လီးဒ် အာယာသွလ္လာဟ် မကာ ရေမ်မိုရှီရာဇီး တို့၏ အဆိုအရ စူရဟ် အဲဟ်ဇါဗ် ၏ အာယသ်တော် ၅၆ အရ အနည်းဆုံး တစ်သာ တာ တွင် တစ်ကြိမ် တမန်တော်ြမတ်(ဆွ) အပေါ် ဆလ်ဝသ် ပို့သရန် မပြု မနေဖြစ်ကြောင်း သက်သေပြနေပါသည်။ ထိုနည်းတူစွာ အဲဟ်လေ့ ဆွန်နသ် ၏ အာလင်မ် မေ ဒီးန် နှင့် စာရေးဆရာ ရှိက္ခ် မန်ဆူရ်အလီ နာဆေဖ် မှ မိမိ ရေးသားထားသည့် စာအုပ် ၊ အသ်သာဂျိုလ်ဂျာမေအ်‌လစ်လ်အူစူလ် တွင် ဖော်ပြပါ အာယသ်တော်  မှ တမန်တော်မြတ် (ဆွ) အပေါ် ဆလ်ဝသ် နှင့် စလာမ် ပို့သရန် ဝါဂျစ်ဗ် မပြုမနေရ ဖြစ်ကြောင်း ထင်ရှားနေပြီး အိုလမာအားလုံး မှ တညီ တညွတ် တည်း လက်ခံ ထားကြောင်း ကိုရေးသားသီးကုံးထားပါသည်။

ဆလ်ဝသ် နှင့်ပတ်သက်သည့် ဥပ‌ဒေ

ဆလ်ဝသ် နှင့်ပတ်သက်ပြီး ပို့သရန် ဝါဂျစ်ဗ်(ခ) မပြုမနေရလား? မွတ်စ်သဟဗ် (ခ) ပြုလျင်ဆဝါးဗ်ရမည် ဆိုသည့် ကိစ္စ နှင့် ဆက်နွယ်ပြီး ဓမ္မသတ်ပညာရှင်များ အကြား အကွဲအလွဲ ရှိပါတယ်။ ရှီအဟ် ဓမ္မသတ် ပညာရှင်များ အနေဖြင့် နမာဇ်၏ ပထမသရှ်ဟွန်ဒ် နှင့် ဒုတိယ သရှ်ဟွန်ဒ် တွင် ဆလ်ဝသ် ပို့သခြင်းကို ဝါဂျစ်ဗ် အဖြစ် လက်ခံ ထားကြပါတယ်။ ထိုမှအပ မွတ်စ်သဟဗ် ဟု လက်ခံထားကြပါတယ်။ သို့သော် ဆွန်နီ ဓမ္မသတ် ပညာရှင်များ အကြား ရှာဖေအီ မဇ်ဟဗ် သာလျင် ဒုတိယ သရှ်ဟွန်ဒ် တွင် ဆလ်ဝသ် ပို့သခြင်းကို ဝါဂျစ်ဗ် အဖြစ် လက်ခံ ထားပါတယ်။

ကျမ်းကိုးများ

၁- ရှိက္ခ်သူစီ၊မစ်ဗါဟိုလ်မိုသဟဂျစ်ဒ် ၊ ဟီဂျရီ ၁၄၁၈ ၊ စာမျက်နှာ ၈၅

၂- ရှိက္ခ် အဘာစ် ကွမ်းမီ ၊ ကွတ်လ်လီယာသ် မဖာသီဟိုလ်ဂျေနန် ၊ အွစ်ဝဟ် ပုံနှိပ်တိုက်၊စာမျက်နှာ ၁၇

၃- အလာမဟ်သွဗာသွဗါရီ ၊ အလ်မီးဇန်းကျမ်း ၊ အီရန်သက္ကရာဇ် ၁၃၉၃ ခုနှစ် ၊ အတွဲ ၁၆ ၊ စာမျက်နှာ ၃၃၈

၄-စူရဟ် အဲဟ်ဇာဗ် ၊ အာယသ်တော် ၅၇

၅-ရှိက္ခ် ဆူဒူက် ၊ ဆဝါဗ် ဗိုလ်အအ်မာလ် ဝ အေကာဗိုလ်အအ်မာလ် ကျမ်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၅၆

၆- မကာရေမ်မိုရှီရာဇီး ၊ ပရန်းမ်မေ ကုရ်အာန် ကျမ်း ၊ အီရန်သက္ကရာဇ် ၁၃၈၁ ခုနှစ် ၊ အတွဲ ၉ ၊ စာမျက်နှာ၃၉၉- ၄၀၃

၇-ဘုခါရီ ၊ ဆဟီးဟ် ဘုခါရီကျမ်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၉ ၊ စာမျက်နှာ ၉၃၇ ၊ ဟဒီးစ်တော် အမှတ် ၄၇၉၇

၈-မွတ်စလင်မ် နိုက်ရှားပူရီ  ၊ ဆဟီးဟ် မွတ်စလင်မ်ကျမ်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၂၊ အတွဲ ၁ ၊ စာမျက်နှာ ၃၀၅ ၊အခန်းအမှတ် ၁၇ ၊ ဟီဒီးစ်တော် ၆၅

၉ - စူယူသီ ၊ ဒွဒ်ရေလ်မန်စူရ် ကျမ်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၀ ၊ အတွဲ ၆ ၊ စာမျက်နှာ  ၆၄၆- ၆၄၇

၁၀- သွဗ်ရီ ၊ သဖ်စီးရ် ဂျအ်မေအိုလ်ဗရန်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၂ ၊ အတွဲ ၁၉၊ စာမျက်နှာ ၁၇၆

၁၁- သွဗ်ရေစီ ၊ သဖ်စီးရ် မဂျ်မအိုလ်ဗရန်းန် ကျမ်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ၊ အတွဲ ၈၊ စာမျက်နှာ ၅၇၉

၁၂-မန်စူရ် ၊အဗ်ဒိုလ်ဟမီးဒ် ယူစွဖ် ၊ နိုင်းလိုလ်ခိုင်းရာသ် ဖီးအလ်ကရာအသ် အလ်အရှ်ရဟ် ၊အတွဲ ၁၆ ၊စာမျက်နှာ ၃၄၃၊၃၄၄၊၃၃၈

၁၃ - ဝီကီ ရှီအဟ် အွန်လိုင်း စာမျက်နှာ

၁၄ - မကာရေမ်မိုရှီရာဇီး ၊ ပရန်းမ်မေ အေမာမ် အမီးရိုလ်မိုအ်မေနီ ၊ အီရန်သက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၂၀၀ - ၂၀၁

*************************************************************

END / 251