အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီအာရေဗျ နိုင်ငံရှိ ရာဇ၀တ်တရားရုံးသည် ဆော်ဒီရှီအာနိုင်ငံသား နှစ်ဦးဖြစ်သည့် အလီမိုဟမ္မဒ် အာလေ့ ရဘီးအ် နှင့် အလီဟစန် အလ်ဆဖဝါနီ တို့အား သေဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။
အလီဟစန် အလ်ဆဖဝါနီ ၏ အစ်ကို ဖြစ်သူ အား အလီမိုဟမ္မဒ် အာလေ့ရဘီးအ် ဇန်နဝါရီ ၁၄ ရက်က မော်ရိုကို အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး မော်ရိုကိုအာဏာပိုင်များက ၎င်းအား ဆော်ဒီ အာဏာပိုင်များ ထံ လွဲပြောင်းပေးခဲ့ပါတယ်။
အလီမိုဟမ္မဒ် အာလေ့ ရဘီးအ် နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ဝရမ်း ထုတ်ခြင်း မရှိဘဲ ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၁ ခုနှစ်တွင် နိုင်ထက်စီးနင်းပြုပြီး တရားမဝင် ဖမ်းဆီး ခြင်း ကို ပြုခဲ့ကြပါတယ်။
ဤဖမ်းဆီးမှုသည် အလီမိုဟမ္မဒ် အာလေ့ ရဘီးအ် ၏ မိသားစုအပေါ် ဆိုးရွားသော နှောင့်ယှက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အာဏာပိုင်များက အလီမိုဟမ္မဒ် အာလေ့ ရဘီးအ် နှင့် အလီဟစန် အလ်ဆဖဝါနီ တို့အား ဖမ်းဆီးရန် မအောင်မြင် ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။
အလီမိုဟမ္မဒ် အာလေ့ ရဘီးအ် အား ဖမ်းဆီးစဉ်အတွင်း ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး သုံးလကြာ တစ်ဦးတည်း အကျဉ်းချထားခြင်း ခံခဲ့ရခြင်း ဖြစ်ပါတယ်။ စစ်ဆေးမေးမြန်းမှုအတွင်း အလီမိုဟမ္မဒ် အာလေ့ ရဘီးအ် အား အတင်း အဓမ္မ ဝန်ခံခိုင်းပြီး လက်မှတ်ရေးထိုးခိုင်း ခဲ့ကြောင်း သိရှိရပါတယ်။
အစိုးရရှေ့နေရုံးသည် အလီမိုဟမ္မဒ် အာလေ့ ရဘီးအ် နှင့် အလီဟစန် အလ်ဆဖဝါနီ မိသားစုနှစ်ခုလုံးအား စွဲချက်တင်ပြီး ၎င်းတို့၏ပြစ်ဒဏ်ကို တောင်းဆိုခဲ့ ခြင်း ဖြစ်ပါတယ်။
အလီမိုဟမ္မဒ် အာလေ့ ရဘီးအ်အား အကြမ်းဖက်အဖွဲ့အစည်းတွင် အဖွဲ့ဝင်ဖြစ်ခြင်း၊ အကြမ်း ဖက်ဝါဒကို ပံ့ပိုးပေးခြင်း၊ အကြမ်းဖက်သမားအများအပြားကို အကူအညီပေးခြင်းနှင့် အစား အသောက်များ ထောက်ပံ့ ပေးခြင်း၊ သတင်းကွန်ရက်နှင့် လူမှုကွန်ရက်များကို အသုံးပြုကာ ဆက်သွယ် ရန် အစီအစဉ်များ အပါအဝင် စွဲချက်များစွာဖြင့် မတရား သေဒဏ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ပါ တယ်။
ဆော်ဒီအာဏာပိုင်များ သည် အကီဒဟ် ဆိုင်ရာ အရ ဖမ်းဆီးထားသူများ ကို ထောင်ဒဏ် နှစ် ၂၀ ချမှတ် ကြောင်း သိရှိရပါတယ်။
အလီမိုဟမ္မဒ် အာလေ့ ရဘီးအ် နှင့် အလီဟစန် အလ်ဆဖဝါနီ တို့သည် တရားသူကြီးရှေ့တွင် ၎င်းတို့အပေါ် စွဲဆိုထားသည့် စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပြီး ၎င်းတို့သည် အတင်းအကြပ် ဝန်ခံရန် အတင်းအကြပ် လက်မှတ်ရေးထိုးခိုင်းပြီး ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ရက်စက်ကြမ်းကြုတ် စွာ ပြုမူခြင်းတို့ကို ခံခဲ့ရကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ၎င်းတို့ နှစ်ဦး မှ ပြစ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းဥပဒေ ပုဒ်မ ၄အရ စွပ်စွဲခံရသူတိုင်းသည် စုံစမ်းစစ်ဆေးမှုနှင့် တရားခွင်အဆင့်များအတွင်း မိမိကိုယ်ကို ခုခံကာကွယ်ရန် ရှေ့နေ သို့မဟုတ် ရှေ့နေများထံမှ အကူအညီရယူပိုင်ခွင့်ရှိသော်လည်း ၎င်းတို့အတွက် အတား အဆီးများ ကို ပြုလုပ်ခဲ့ ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
****************************************************************
END / 251