အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၉ ဖေဖော်ဝါရီ ၂၀၂၃

၁၅:၀၈:၂၁
1347436

"ဝီကီရှီအဟ်" သည် ကမ္ဘာပေါ်ရှိ သုတေသီများအတွက် ယုံကြည်စိတ်ချရသော ပညာဆိုင်ရာ ကျမ်းကိုးများ တစ်ခုဖြစ်သည် / အာယာသွလ္လာဟ် ရမ်တွာန်နီ

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး ချုပ် ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန်နီ မှ ယနေ့တွင် နိုင်ငံအသီးသီးရှိ သုတေသီများသည် ယုံကြည်စိတ်ချရသော ပညာဆိုင်ရာ ကျမ်းကိုးများ တစ်ခုကို ရှာဖွေနေကြပြီး ဝီကီရှီအဟ် သည် ကမ္ဘာပေါ်ရှိ သုတေသီများ အတွက် ယုံကြည်စိတ်ချရသော ပညာဆိုင်ရာ ကျမ်းကိုးများ ဖြစ်လာခဲ့ပြီး ဖြစ်ကြောင်းပြောကြား ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ လက်ရာသစ်များ မိတ်ဆက်ပွဲ အခမ်းအနားကို အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သာသနာ့ ပညာ ရွှေမြို့တော် ကွမ်း ရှိ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ညီလာခံ ခန်းမ တွင် ဖေဖော်ဝါရီလ ၁၆ ရက်  ၂၀၂၃ ခုနှစ် တွင် ကျင်းပ ပြုလုပ်ခဲ့ ပါတယ် ။

ဤအခမ်းအနားတွင် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး ချုပ် ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန်နီ မှ အေမာမ် မူစာ ကာဇင်းမ် (အ.စ) ၏ ကြီးကျယ် မြင့်မြတ်မှုနှင့် အေမာမ် (အ.စ) သာဝကတော်များ အကြောင်းကို ပြောကြားရင်း ကျွန်ုပ်တို့အနေဖြင့် အေမာမ် မူစာ ကာဇင်းမ် (အ.စ) ၏ မွန်မြတ်သော ကိုယ်ကျင့်တရားများကို မလွဲမသွေ လိုက်နာ ကြရန် နှင့် စိတ်ရှည်ခြင်း၊ သည်းခံခြင်း နှင့် ခွင့်လွှတ်ခြင်းဟူသည် ကိုယ်တော်၏ သွန်သင်ချက်များထဲမှ တစ်ခုဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။

အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ မှ ဆက်လက်ပြီး ဆွန်နီ အကြီးအကဲများ သည် အေမာမ် မူစာ ကာဇင်းမ် (အ.စ) အား နာမ်ပိုင်း နှင့် သာသနာ ပိုင်း ဆိုင်ရာ အကြီးအကဲ နှင့် ပညာ ရပ် နှင့်နာမ် ပိုင်းဆိုင်ရာ ဆရာ တစ်ဆူ အဖြစ် လက်ခံ ထားကြောင်း ဆွန်နီ အကြီးအကဲများ မှ စမ်အာနီ အမည်ရှိ ဟီဂျရီ ၆ ရာစု က အာလင်မ်  တစ်ပါးသည် အေမာမ် မူစာ ကာဇင်းမ် (အ.စ) ကဗဲရ် တော်  နှင့် သဝစူလ် ပြုကြောင်း  အေမာမ် ရှာဖီ အနေဖြင့်လည်း အေမာမ် မူစာ ကာဇင်းမ် (အ.စ) ကဗဲရ် တော်   အား သဝစူလ် ပြုခြင်းသည် (ရောဂါများ ၊ အခက်အခဲများ ကို )  ပျောက်ကင်းမှု ၊ လွယ်ကူမှု ပေးသည့် ဆေး အဖြစ် လက်ခံထား ကြောင်း ကို မိန့်ကြား ခဲ့ပါတယ်။              

အာယာသွလ္လာဟ် မှ ဆက်လက်ပြီး အေမာမ် မူစာ ဗင် ဂျအ်ဖရ် (အ.စ) ကြီးမားသည့် လုပ်ရပ် မှာ ကိုယ်စား လှယ်တော်များ  အဖွဲ့ တည်ထောင်ပြီး  အရေးပါ အရာရောက်သည့် အကြီးအကဲများ ကို မြို့ ကြီးများ၊ နိုင်ငံများသို့  မိမိကိုယ်စားလှယ် တော် များ အဖြစ် သတ်မှတ်စေလွတ်ခဲ့ ခြင်း ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး ချုပ် ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန်နီ မှ  မိမိ၏ မိန့်ခွန်း အခြား တစ်ပိုင်းတွင် အခမ်းအနား သို့ကြွရောက် လာကြသည့် လူကြီးများ ဧည့်သည်တော်များ ကျေးဇူးတင်လေးစား ကြောင်း မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) မှ ယခုချိန်အထိ ကြီးမားပြီးတန်ဖိုးရှိသည့် အလုပ်ကြီးများကို ဆောင်ရွက်ပြီး ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် မှဆက်လက်ပြီး သံသယ ဖြစ်စရာမေးခွန်းများ ကို ဖြေကြားပေးထားမှု အတွက် ကွမ်းတွင် အဖွဲ့အမျိုးမျိုး တည်ရှိနေကြောင်း ၎င်းနှင့် သက်ဆိုင်သည့် စာအုပ်အများအပြား ထုတ်ဝေ ပြီးကြောင်း သုတေသီများ အဖြင့် ဂုဏ်ယူဖွယ် အလုပ်အများ အပြား ကို လုပ်ဆောင် နေကြာင်း ဤအတွက် ကြောင့် မိမိ တို့ အနေဖြင့် အဖွဲအစည်း မျိုးစုံ နှင့် ပညာရပ်ဆိုင်ရာ ၊ သင်ကြား မှု ဆိုင်ရာ ၊သုတေသနဆိုင်ရာ ကိစ္စ များ အတွက် သဘောတူ လက်မှတ် များ ရေးထိုးခဲ့ကြောင်း အလုပ်များ ကို လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံ တကာ ဆိုင်ရာအတွက် အသုံး ပြု ခဲ့ကြောင်း မိန့်ကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) တွင် မည်သည့်ကဏ္ဍကို  ဆိုင်းငံ့ထားခြင်းမရှိ ကြောင်း  သို့သော် ထပ်ခါတလဲလဲ သို့မဟုတ် မလိုအပ်သော လက်ရာအချို့ရှိပြီး ခေတ်သစ်ခေတ်တွင် ဒေသဆိုင်ရာများတွင် ဒေသဆိုင်ရာ ဆိုင်ရာ သုတေသီများ  ကိုယ်တိုင် လက်ရာ ထုတ်လုပ် နိုင်ရန် နှင့်  ဒေသခံ ထုတ်လုပ် နိုင်မှု ကို ပြုနေ ကြောင်း မိန့်ကြားခဲ့ပါတယ် ။

ဆက်လက်ပြီး မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) သည် အခုထိ အလုပ်တွေ အများကြီးလုပ်ပြီးကြောင်း အပြည်ပြည်ဆိုင်ရာ အဲဟ်လေ့ဘိုက်(သ) (အ.စ) တက္ကသိုလ် တွင်  မေဂျာ ၇ ခုရှိနေပြီ၊ ဒါပေမယ့် အခုအချိန်မှာ မေဂျာ ၂၄ ခု ရှိလာကြောင်း ၊   PhD ကဏ္ဍ မရှိခဲ့ရမှ ယခု အခါ PhD ဆိုင်ရာ မေဂျာများ တိုးလာ‌ကြောင်း  အပြည်ပြည်ဆိုင်ရာ အဲဟ်လေ့ဘိုက်(သ) (အ.စ) တက္ကသိုလ် တွင်  နိုင်ငံပေါင်း ၉ နိုင်ငံ မှ တက္ကသိုလ်‌ ကျောင်းသူ၊ကျောင်းသားများ ရှိခဲ့ပြီး ယခု အခါ ၂၇ နိုင်ငံ မှ တက္ကသိုလ်‌ ကျောင်းသူ၊ကျောင်းသားများ ရှိလာ ကြောင်း မိန့်ကြား ခဲ့ပါတယ်။

အာယာသွလ္လာဟ်  ရေဇာ ရမ်တွာန်နီ မှ ဆက်လက်ပြီး ကျနော်တို့ အနေဖြင့် ကလေးများ၊ ဆယ်ကျော်သက်များ၊ လူနေမှုပုံစံနှင့် မိသားစုနယ်ပယ်များတွင် ကမ္ဘာ၏လိုအပ်ချက်များနှင့် ကိုက်ညီသော ပရိုဂရမ် အသစ်များရရှိရန် စကလိုင်း  စလောင်းလိုင်း အတွက် ကြိုးပမ်းပြီး ဖြစ်ကြောင်း ပြီးနောက် ဝီကီ ရှီအဟ် ၏ အဆင့်အတန်းနှင့် ပတ်သက်၍ ဝီကီ ရှီအဟ် ကို အထူးလေးစားပြီး ဤစွယ်စုံကျမ်းကို အခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲရန် ကြိုးပမ်း နေကြောင်း ဝီကီရှီအဟ် တည်ထောင် ခြင်းမှာ အသွင်းကူးပြောင်း ရေးအတွက် ဖြစ်ပြီး ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ  မှ လည်း ၇ ကြိမ်  မြောက်   မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ညီလာခံ တွင် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ကြီးကျယ် မြင့်မြတ် မှုများ  နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား နားလည် သဘောပေါက်  အောင်လူအသိုက်အဝိုင်း များ သို့ ပို့ချ ရန် ကျွန်ုပ်တို့ အား တာဝန် ပေးခဲ့ကြောင်း မိန့်ကြား ခဲ့ပါတယ်။

အာယာသွလ္လာဟ်  ရေဇာ ရမ်တွာန်နီ မှ ဆက်လက်ပြီး ဝီကီရှီအဟ် အား ဘာသာစကားများ အရ တိုးတက် ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးထားကြောင်း ပြောကြားရင်း  ချို့ယွင်း လိုအပ်ချက်များကို ရှေ့ ရှုပြီး ဝီကီ ရှီအဟ် တွင် ဘာသာစကား ၁၂  မျိုး ကို ထပ် တိုး ထည့်သွင်းထားခြင်း သည် တန်ခိုး တစ်မျိုး ဖြစ်ကြောင်း ဝီကီရှီအဟ် နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ ၏ ဆောင်ပုဒ်မှာ ကြားဝင်ဆောင်ရွက်ပေးမှုများနှင့် ဒေသန္တရပြုခြင်း၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ် ကြောင်း ယနေ့ခေတ်တွင် နိုင်ငံအသီးသီးရှိ သုတေသီများသည် ယုံကြည်စိတ်ချရသော ပညာရပ်ဆိုင်ရာ  အရင်းအမြစ်ကို ရှာဖွေနေကြပြီး ဝီကီရှီအဟ် သည် ကမ္ဘာပေါ်ရှိ သုတေသီများနှင့် သုတေသီများအတွက် ယုံကြည်စိတ်ချရသော ပညာအရင်းအမြစ် ဖြစ်လာပြီး ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ်  ရေဇာ ရမ်တွာန်နီ မှ ဆက်လက်ပြီး ဝီကီ ရှီအဟ် ဂုဏ်ယူစရာ နှင့် တန်ဖိုး ရှိသည့် လုပ်ဆောင်ချက်  နှင့် ဤစွယ်စုံကျမ်းသည် ပညာရပ်ဆိုင်ရာ နှင့် နာမ်ပိုင်းဆိုင်ရာတွင် အကိုးအကားပြုသည့် စွယ်စုံကျမ်း ဖြစ်လာရန် ဆော့ဖ်ဝဲလ်၊ ဟာ့ဒ်ဝဲနှင့် နည်းပညာဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ထို့ကြောင့်၊ ဝီကီ ရှီအဟ် နှင့်  အခြားဌာနများ၏ အရည်အသွေးကို မြှင့်တင်ရန်အတွက် ကျွန်ုပ်တို့သည် မူဝါဒချမှတ်ရေးကောင်စီကို ဖန်တီးခဲ့ကြောင်း  လှုပ်ရှားမှုများနှင့် လိုအပ်သည်များကို အကောင်းဆုံးဖြစ်အောင် မဂျ်မအ်အေ ဂျဟာနီ ၏ နိုင်ငံ တကာ ဆိုင်ရာ တာဝန်ရှိ အကြီး အကဲ နှင့် တိုင်ပင်ရန် ဝီကီရှီအဟ် ၏ တာဝန်ခံများ အတွက် လိုအပ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

နိဂုံးချုပ်အနေဖြင့် သံသယများ အတွက် အဖြေပေးကြား ရေး ဌာန နှင့် လေ့လာရေးဌာန နှင့်ပတ်သက်ပြီး ၎င်း ဌာန နှစ်ခု ၏ လုပ်ဆောင်ချက်များအတွက် ကျေးဇူးတင်ရှိကြောင်း စသည်ဖြင့်  မိန့်ကြား ရင်း   နှစ်ဌာန ဆိုင်ရာ မှ နှစ်ပေါင်း များစွာ  အလုပ်လုပ်ပေးခဲ့ကြသူများ ကို ကျေးဇူးတင် ဂုဏ်ပြုလွှာများ ချီးမြှင့်ပေး အပ်ခဲ့ပါတယ်။

****************************************************************

END / 251