အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၁ ဖေဖော်ဝါရီ ၂၀၂၃

၁၈:၀၉:၃၄
1347992

လိုင်းလသိုလ်မဘီးသ် အာယသ်တော် အကြောင်း

လိုင်းလသိုလ်မဘီးသ် အာယသ်တော် အကြောင်း နှင့်ပတ်သက်ပြီး လေ့လာ မှတ်သားစရာများ ကို ဖော်ပြ လိုက် ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လိုင်းလသိုလ်မဘီးသ် အာယသ်တော် သို့မဟုတ် အာယသ် တော် ရှေရာအ် (စူရဟ် ဘကရဟ် အာယသ်တော် အမှတ် ၂၀၇ ) ဖြစ်ပါသည်။ ဟဇရသ် အလီ (အ.စ) မှ တမန်တော်မြတ် မုဟမ္မဒ် (ဆွ) အား အသက်ကို ကာကွယ်စောင့်ရှောက် ရန် ကိုယ်တော်မြတ် (ဆွ) ၏ အိပ်ရာတော် ပေါ်တွင် အိပ်စက်တော်မူ ခဲ့သည့် ည ခေါ် လိုင်းလသိုလ်မဘီးသ် နှင့်ပတ်သက်ပြီး ထိုညတွင် ကျရောက်ခဲ့သည့် အာယသ်တော် ဖြစ်ပါသည်။ ဤအာယသ်တော် သည် အလ္လာဟ် ဟို အရှင်မြတ် ၏ နှစ်သက်၊ ကျေနပ် မှု ကို ရရှိ ရန် မိမိ၏ အသက်ကိုပင် စွန့်လွတ် စတေးသူများ ကို ချီးမွမ်းထားသည့် အာယသ်တော် ဖြစ်ပါသည်။ ရှီအဟ် အိုလမာ နှင့်  အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် အငြိုး အတေးမထားသည့် စွန်နီ အိုလမာ အချို့ သည် ဤအာယသ် တော် အား အေမာမ် အလီ (အ.စ) ၏ ကိုယ်တော်မြတ် (ဆွ) အတွက် စတေးမှု ကြောင့် ကျရာက် လာကြောင်း တင်ပြထားကြပါသည်။

 

အာယသ်တော်၏ စာသား နှင့် ဘာသာပြန်

 

စူရဟ် ဘကရဟ် အာယသ်တော် အမှတ် ၂၀၇ (၂/၂၀၇)  ဖြစ်ပြီး လိုင်းလသိုလ်မဘီးသ် အာယသ်တော် သို့မဟုတ် အာယသ် တော် ရှေရာအ် ဖြင့် ကျော်ကြားပါသည်။

 

وَ مِنَ النَّاسِ مَن یشْرِی نَفْسَهُ ابْتِغَاءَ مَرْضَاتِ اللَّـهِ وَ اللَّـهُ رَءُوفٌ بِالْعِبَادِ ﴿۲۰۷﴾

 

အဓိပ္ပာဟ်

လူသားများ အကြားတွင် အလ္လာဟ် ဟို အရှင်မြတ် ၏ နှစ်သက်မှုကျေနပ်မှု ကို ရရှိ ရန် မိမိ၏ အသက်ကို ရောင်းစားသော သူရှိ၏။ အလ္လာဟ် ဟို အရှင်မြတ် သည် (ဤကဲ့သို့သော်) ကျွန်များ ကို အလွန်တရာ သနားကြင်နာတော်မူ ပါသည်။

 

အာယသ်တော် ကျရောက်သည့် အကြောင်းခံ

အလာမဟ် သွဗာသွဗါရီ မှ သဖ်စီးရ်အလ်မီးဇန်းကျမ်း တွင် ရေးသား သီးကုံးထား ပါ သည်။ ရီဝါယသ်တော် အများအပြား တွင် ဤ ဖြစ်ရပ်မှန် နှင့်ပတ်သက်ပြီး အာယသ် တော် ရှေရာအ် သည် လိုင်းလသိုလ်မဘီးသ် တွင် ကျရောက် ကြောင်း လာရှိပါသည်။ (၁)  မိုအ်သဇလီ စွန်နီ ဂိုဏ်း အာလင်မ် အစ်ဗ်နေအဘီ အလ်ဟဒီးဒ် မှ ရှရ်ဟ် ဟေနဲဟ် ဂျိုဘလာဂါဟ် ကျမ်း တွင် သဖ်စီးရ်ပညာရှင်များ အားလုံး မှ ဤအာယသ်တော် သည် ဟဇရသ် အလီ (အ.စ)  နှင့်ပတ်သက်ပြီး ကျရောက်ခြင်း ဖြစ်သည်ဟု ယုံကြည်ကြ ကြောင်း နှင့် လိုင်းလသိုလ်မဘီးသ် တွင် ကျရောက် ကြောင်း ဆိုထား ပါသည်။(၂) လိုင်းလသိုလ်မဘီးသ် (မဘီးသ်ည ) တွင် မွတ်ရှ်ရေက်များ မှ စုပေါင်းပြီး မက္ကာဟ် ရွှေမြို့   တော် ရှိ အစ္စလာမ့် တမန်တော်မြတ် (ဆွ) ၏ အိမ်တော်အား တိုက်ခိုက်ပြီး ကိုယ်တော်အား သတ်ပစ်ရန် ကြံစည် ခဲ့ကြပါသည်။ ဤညတွင် အေမာမ် အလီ (အ.စ) သည် တမန်တော်မြတ် (ဆွ) ၏အသက်အား ကာကွယ်စောင့်ရှောက်ရန် ကိုယ်တော်၏ အိပ်ရာတော် တွင် အိပ်စက်တော် မူခဲ့ပါသည်။ဤသို့ဖြင့် မွတ်ရှ်ရေက်များ ၏ အကြံ အစည် မှ ကိုယ်တော်မြတ် (ဆွ) ကို လွတ်‌မြောက်စေခဲ့ပါသည်။

အချို့ စွန်နီ အိုလမာ အနေဖြင့် သက်သေအကိုးအကား ရီဝါယသ်တော်များ ဖြင့် ဤ အာယသ်တော် သည် အဘူဇဲရ် ၊ ဆိုဟိုင်ဗ်ဗင်စနာန် (၄) အမာရ်ယာစေရ် နှင့် ၎င်း၏ မိဘ နှစ်ပါး ၊ ခဗါဗ် ဗင်အရ်သ် နှင့် ဘေလာလ် ဟဗ်ရှီး (၅) တို့ နှင့်ပတ်သက်ကြောင့် လက်ခံထားကြပါသည်။ သို့သော်လည်းပဲ ဤ ရီဝါယသ်တော်များ သည် မှန်ကန် ကြောင်း နှင့် ပတ်သက်ပြီး သံသယ ရှိနေပါသည်။ပြီးနောက် အချို့ သုတေသီများ ၏အဆိုအရ ဤ ရီဝါယသ်တော်များသည် မလိုမုန်းထားမှု နှင့် အေမာမ် အလီ (အ.စ) ၏ ကြီးကျယ်မြင့်မြတ်မှုကို ဖုံးကွယ်ရန် ရီဝါယသ် အတုများ ပြုထားကြောင်း သိရှိရပါသည်။ (၆)

 

သဖ်စီးရ်ဆိုင်ရာ ပွိုင့်များ

ယရှ်ရာ «یَشْری» ဆိုသည့် ဝေါဟာရသည် မဆ်ဒဲရ်(ပင်မ)  «شِراء» ရှေရာအ် မှ ဖြစ်ပါ သည်။ (၇) ရောင်းခြင်းဟု အဓိပ္ပာဟ် ရပါသည်။ (၈) အာယသ်တော် ရှေရာအ် သည် အလ္လာဟ် ဟို အရှင်မြတ် ၏ နှစ်သက်မှု ကျေနပ်မှု ကို ရှာဖွေပြီး ယင်းအတွက် အသက် စတေးလိုသည့် ဆန္ဒရှိသူများနှင့်ပတ်သက်ပြီး ဖော်ပြထားသည့် အာယသ်တော် ဖြစ်ပါ သည်။ (၉)  ဤပုဂ္ဂိုလ်များ သည်  စူရဟ်ဘကရဟ် ၏အာယသ်တော် ၂၀၄ မှ ၂၀၆ အထိ ဖော်ပြထားသူများ နှင့် ဆန့်ကျင်ဘက်ဖြစ်ပါသည်။ စူရဟ်ဘကရဟ် ၏အာယသ်တော် ၂၀၄ မှ ၂၀၆ အထိ ဖော်ပြထားသူများမှာ တစ်ကိုယ်ကောင်းဆန်သူ၊ ခေါင်းမာသူ၊ ရန်လိုသူ နှင့် မိမိကိုယ်ကို အကောင်းကိုသာ လိုလားသူအဖြစ် သရုပ်ဆောင်ပြသူ မိုနာဖေက် တို့ ဖြစ်ပါသည်။ ၎င်းတို့၏ ပန်းတိုင်မှာ ပြဿနာ များ ပေါ်ပေါက်ရန်  ဖြစ်ပါသည်။ (၁၀)

အလာမဟ် သွဗာသွဗါအီ ၏ အဆိုအရ ဤအာယသ်တော်များ ၏ စီယာက်(ခ) နောက်ခံ အကြောင်းအရာအရ တမန်တော်မြတ် (ဆွ) ၏လက်ထက်တွင် အုပ်စု နှစ်စု ရှိ ခဲ့ကြောင်း ဆိုထားပါသည်။ (၁၁) အချို့ သော ကျမ်းတော်မြတ် ဘာသာပြန် ဆရာများသည် အာယသ်တော်နောက်ဆုံး ဝါကျ ဖြစ်သည့် ( وَالله رَءُوفٌ بِالْعِبَادِ) အား အလ္လာဟ်ဟို အရှင်မြတ် ၏ သနားကြင်နာမှု၊ ဂရုဏာ ခံရမည့်ကျွန် များ သည် (အလ္လာဟ်ဟို အရှင်မြတ် ၏ နှစ်သက် ကျေနပ်မှု နောက်လိုက်သူများ ) ဟုပြန်ဆို ထားကြပါသည်။ သို့သော် အလာမဟ် သွဗာသွဗါအီ ဆရက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန်‌ ၏အဆိုအမြင်အရ အေဗါဒီ (ကျွန်များ)  သည် အလ္လာဟ်ဟို အရှင်မြတ် ၏ သနားကြင်နာမှု၊ ဂရုဏာပြုမှုကို ခံရမည့်သူများ ဖြစ်သော်လည်း အခြား ကျွန်များဖြစ်ကြသည့်  စတေး အနစ်နာ ခံမှုကြောင့် အလ္လာဟ်ဟို အရှင်မြတ် ၏ သနားကြင်နာမှု၊ ဂရုဏာ ခံရမည့် ကျွန် များ လည်း ရှိကြောင်း အမှန်တကယ် ထိုကျွန်များသည် မိမိတို့ ၏ အသက် ကို အလ္လာဟ် ဟို အရှင်မြတ် နှစ်သက်ကျေနပ်မှု လမ်းတွင် ဆက်သ လိုသူများ ဖြစ်ကြပြီး အပြစ်အနာအဆာ အမျိုးမျိုးမှ ကင်းရှင်းသည့် အလ္လာဟ် ဟို အရှင်မြတ် ၏ ဂရုဏာပြုမှုကို ခံရမည့် ကျွန်များ ဖြစ်ကြောင်း  ဆိုလိုထားပါသည်။

နဖ်စ်(အသက်) ကို ရောင်းချခြင်း ၃မျိုး

အချို့ သဖ်စီးရ်ပညာရှင်များ မှ အာယသ်တော် ‌ရှေးရာအ် ရှိ အသက်ကို ရောင်းချခြင်း နှင့်ပတ်သက်ပြီး အဆင့် ၃ ဆင့် ကို တင်ပြထားပါသည်။ အဆင့်(၁) အသက်ကို ရောင်းချခြင်း သည် ဂျဟန္နမ်ငရဲမီး ကို ကြောက်ရွံ့ ‌ခြင်းကြောင့် ဖြစ်ပါသည်။ အဆင့် (၂) ဂျန္နသ်သုခဘုံအား လိုလား သည့် အတွက်ကြောင့် အသက်ကို ရောင်းချခြင်း ဖြစ်ပါသည်။ ပြီးနောက် =အဆင့်(၃) အလ္လာဟ်ဟို အရှင်မြတ် ၏ နှစ်သက်ကျေနပ်မှု ၊နှစ်မြို့မှု အတွက် အသက်ကို ရောင်းချခြင်း ဖြစ်ပါသည်။ ပညာရှင်များ အနေဖြင့် အဆင့် အမြင့် တကာ အမြင့်ဆုံးအဆင့် သည် အသက်ကို ရောင်းချခြင်း ၊အဆင့် ၃ ကို လက်ခံ ထားကြပါသည်။ ဤအဆင့် ၃ တွင် မနုဿလူသား သည် မိမိ အသက် ၏ အစား ) အလ္လာဟ်ဟို အရှင်မြတ် ၏ နှစ်သက်ကျေနပ်မှု ၊နှစ်မြို့မှု မှအပ အခြား မည်သည့်အရာ ကို မလိုလားချေ။ အေမာမ် အလီ (အ.စ) သည် လိုင်းလသိုလ်မဘီးသ်  (မဘီးသ်ည) တွင် တမန်တော်မြတ် (ဆွ) ၏ အိပ်ရာတော်ပေါ် တွင် အိပ်စက်တော် ခြင်းသည် အဆင့် ၃ ၏ သာဓက တစ်ခု ဖြစ်ပါသည်။

အလာမဟ် သွဗာသွဗါအီ ၏ အဆိုအရ အလ္လာဟ်ဟို အရှင်မြတ် ၏ နှစ်သက်ကျေနပ်မှု ၊နှစ်မြို့မှု အတွက်  အသက်ကို ရောင်းချ ခြင်းဆိုသည်မှာ ၎င်းပုဂ္ဂိုလ်များ ထံတွင် အလ္လာဟ်ဟို အရှင်မြတ် ၏ နှစ်သက်ကျေနပ်မှု ၊နှစ်မြို့မှု မှအပ အခြားမည်သည့် အရာ ကိုမှ မလိုလားကြပေ။ ဤပုဂ္ဂိုလ်များသည် အလ္လာဟ်ဟို အရှင်မြတ် ၏ နှစ်သက်ကျေနပ်မှု ၊နှစ်မြို့မှု ကိုသာ လိုလားကြပြီး စိတ်အလိုစိတ်ဆန္ဒ နောက်ကို မလိုက်ကြချေ။

ကျမ်းကိုးများ

1.     ကြည့်ပါ - အလာမဟ်သွဗာသွဗါရီ ၊ အလ်မီးဇန်းကျမ်း ဟီဂျရီ ၁၃၉၀ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၀၀

2.     အစ်ဗ်နေအဘီအလ်ဟဒီးဒ် ၊ ရှရ်ဟ် ဟေနဲဟ် ဂျိုဘလာဂါဟ် ကျမ်း ၊ ဟီဂျရီ ၁၄၀၄ခုနှစ် ၊ အတွဲ ၁၃ ၊ စာမျက်နှာ ၂၆၂

3.     သူစီ ၊ အလ်အမာလီ ၊ ဟီဂျရီ ၁၄၁၄ ခုနှစ် ၊ စာမျက်နှာ ၄၆၆

4.     သွဗ်ရီ ၊ သဖ်စီးရ် ဂျအ်မေအိုလ်ဗရန်း ၊ ဟီဂျရီ ၁၄၂၂ ခုနှစ်  ၊ အတွဲ ၃ ၊ စာမျက်နှာ ၅၉၁

5.     ဖခ်ရိုရ်ရဇီး ၊ အလ်သဖ်စီးရ် ရိုလ်ကဘီးရ် ၊ ဟီဂျရီ ၁၄၂၀ခုနှစ် ၊ အတွဲ၅ ၊ စာမျက်နှာ ၃၅၀

6.     ဟာရှင်မီ ၊ ဘရ်ရစီ စဗဗ်ဗ်ေ နူဇူလ် လေ အာယေ အစ်ရှ်သရာ ယေ နဖ်စ် ၊ စာမျက်နှာ ၁၅၃

7.     ဆွာဒစ်က်ကီ တီဟီရန်နီ ၊ အလ်ဖိုရ်ကာန် ၊ ဟီဂျရီ ၁၄၀၆ ခုနှစ် ၊ အတွဲ၃ ၊ စာမျက်နှာ ၂၂၅

8.     မကာရေမ်မိုရှီရာဇီး ၊ သဖ်စီးရ် နမူနဟ် ၊ အီရန်သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၂၊ စာမျက်နှာ ၇၈

9.     သွာလေကာနီ ၊ ပရ်သူယေအဇ်ကုရ်အာန် ၊ အီရန်သက္ကရာဇ် ၁၃၆၂ ခုနှစ် ၊ အတွဲ ၂၊ စာမျက်နှာ ၁၀၀

10. မကာရေမ်မိုရှီရာဇီး ၊ သဖ်စီးရ် နမူနဟ် ၊ အီရန်သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၂၊ စာမျက်နှာ ၇၉

11. အလာမဟ်သွဗာသွဗါရီ ၊ အလ်မီးဇန်းကျမ်း ဟီဂျရီ ၁၄၁၇ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၉၈

12. အလာမဟ်သွဗာသွဗါရီ ၊ အလ်မီးဇန်းကျမ်း ဟီဂျရီ ၁၃၉၃ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၉၈၇ ၊  အလ်အလမီ ပုံနှိပ် ၊ ဘေရွတ်

13.ဆွာဒစ်က်ကီ တီဟီရန်နီ ၊ အလ်ဖိုရ်ကာန် ၊ ဟီဂျရီ ၁၄၀၆ ခုနှစ် ၊ အတွဲ၃ ၊ စာမျက်နှာ ၂၂၅၊ ၂၂၆

14. အလာမဟ်သွဗာသွဗါရီ ၊ အလ်မီးဇန်းကျမ်း ဟီဂျရီ ၁၃၉၀ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၉၈ 

15.ဝီကီ ရှီအဟ် အွန်လိုင်း စာမျက်နှာ

*************************************************************

END / 251