အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၂ ဖေဖော်ဝါရီ ၂၀၂၃

၁၇:၂၄:၄၉
1348315

ဟဇရသ် ဇိုင်နဗ် (စ.အ) ၏ ဆင်းရဲဒုက္ခ အပေါ် ငိုကြွေးခြင်း၏ ဆဝါးဗ်

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ဟဇရသ် ဇိုင်နဗ် (စ.အ) ၏ ဆင်းရဲဒုက္ခ အပေါ် ငိုကြွေးခြင်း၏ ဆဝါးဗ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဝဖယာသ်သိုလ်အအေမဟ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول الله صلی الله علیه وآله وسلم:

 

مَن بَكى عَلى مُصابِ هذِهِ البِنتِ (زَينَبَ بَنتِ عَلِيٍ عليهاالسلام) كانَ كَمَن بَكى عَلى أخَوَيهَا الحَسَنِ و الحُسَينِ عليهماالسلام.


မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော်
မူ၏။

အကြင်မည်သူမဆို (ကျွန်ုပ်၏) ဤသမီးတော် ( ဇိုင်နဗ် ဗင်သေအလီ  (စ.အ) ) ၏ ဆင်းရဲဒုက္ခ အပေါ် ငိုကြွေး မည်ဆိုလျင် ၎င်းအနေဖြင့် သူမ၏ အစ်ကိုများ ဖြစ်သည့် ဟစန် (အ.စ) နှင့် ဟိုစိုင်းန် (အ.စ) (တို့၏ ဆင်းရဲဒုက္ခ) အပေါ်  ငို ကြွေးသည့် ပမာ ဖြစ်လေ၏။

ကျမ်းကိုး ။ ။ ဝဖယာသ်သိုလ်အအေမဟ် ကျမ်း၊ စာမျက်နှာ ၄၃၁

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး သခင်မကြီး ဇိုင်နဗ် (စ.အ) ၏ ဆင်းရဲ ဒုက္ခ အပေါ် ငိုကြွေးခြင်း၏ ဆဝါးဗ် ကို ခန့်မှန်း နိုင်မည် ဖြစ်ပါတယ်။

****************************************************************

END / 251