အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၈ ဖေဖော်ဝါရီ ၂၀၂၃

၁၄:၅၁:၂၂
1349676

ယူကရိန်းကို အမေရိကန် က ဘယ်လောက် အထိ ကူညီပေးခဲ့လဲ ?

ယူကရိန်းကို ရုရှားက ကျူးကျော်ပြီး တစ်နှစ်အကြာတွင် အမေရိကန် အစိုးရသည် ယူကရိန်း ကို ကူညီရန် ဒေါ်လာ ၇၅ ဒသမ ၅ ဘီလီယံ ခွဲဝေပေးခဲ့ပြီး ယင်းပမာဏမှာ တိုက်ပွဲကို အားကောင်းစေရန်အတွက် စစ်ရေး အကူ အညီဖြစ်ကြောင်း အမေရိကန် မဂ္ဂဇင်း "The Hill" က ဖော်ပြထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

အမေရိကန် မဂ္ဂဇင်း "The Hill" က ယူကရိန်းကို ရုရှားစစ်တပ်က ကျူးကျော်ဝင်ရောက်ပြီး တစ်နှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ယူကရိန်း ကို အမေရိကန်က ဒေါ်လာ ၇၅.၅ ဘီလီယံ ပေးအပ်ခဲ့ကြောင်း  သိရှိခဲ့ရပါတယ်။

 

ဒီအချက်အလက်တွေအရတော့ စစ်ရေးအကူအညီအတွက် ဒေါ်လာ ၂၉.၃ ဘီလီယံ သုံးစွဲထားပါတယ်။ ယူကရိန်းနိုင်ငံ၏ အလုံးစုံလုံခြုံရေး၊ ၎င်း၏ စီးပွားရေး၊ စွမ်းအင်လုံခြုံရေးနှင့် စစ်ပွဲကြောင့် ဖြစ်ပွားခဲ့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းနိုင် စေရန်အတွက် နောက်ထပ် ဒေါ်လာ ၄၅ ဘီလီယံကို ယူကရိန်းနိုင်ငံသို့ ပေးပို့ခဲ့ပြီး၊ ယူကရိန်းပြည်သူများအတွက် လူသားချင်း စာနာ ထောက် ထားမှု ဆိုင်ရာ အကူအညီများအတွက် ဒေါ်လာ ၁.၉ ဘီလီယံကို သုံးစွဲခဲ့ပါတယ်။

ဤကူညီမှုများ သည် အမေရိကန် အနေဖြင့် လူသားချင်း စာနာမှုထက် မိမိ ၏ အင်အားချင်းတူ ရန်သူ ရုရှား ကို သူတစ်ပါး လက်ဖြင့် ပြိုရန်အတွက် ပြုလုပ်နေခြင်း ဖြစ်ပါတယ်။ တစ်နည်းအား ဖြင့် လူအခွင့်အရေး ဆို ညာသံပေးပြီး လူတွေကို အရူးလုပ်ကာ မိမိတို့ အကျိုးအမြတ်ကို ရှာနေခြင်း ဖြစ်ပါ တယ်။

ပြီးခဲ့သော သီတင်းပတ်က ယူကရိန်းကို ရုရှားကျူးကျော်မှု နှစ်ပတ်လည်နေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ကိယက်ဗ်မြို့သို့ အလည် အပတ်ရောက်ရှိပြီးနောက် အမေရိကန်က ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၄၆၀ ပေးအပ်မည်ဟု ကြေညာခဲ့ပါတယ်။  ဖေဖော်ဝါရီ ၂၄ ရက်တွင် အိမ်ဖြူတော်က ယူကရိန်းအတွက် ဒေါ်လာ ၂ ဘီလီယံ အကူအညီပေးရေး အစီအစဉ်ကိုလည်း ကြေညာခဲ့ ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251