အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါကစ္စတန် နိုင်ငံ ပါရာကျနာ မြို့ အာဖဂန်နစ္စတန် နှင့် နယ်စပ်အနီးရှိ မြို့ ၏ စာသင်ကျောင်းတွင် အစ္စလာမ် ခုတုံး လုပ် အကြမ်းဖက်အဖွဲ့ လက်နက်ကိုင် အဖွဲ့ စေပါယေ ဆွဟာဗဟ် အဖွဲ့၏ ယောက်ကျားမပီသသည့် တိုက်ခိုက်မှုအတွင်း ရှီအဟ် ကျောင်းဆရာခုနစ်ဦး ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။
ပါကစ္စတန်
ဒေသခံ မီဒီယာများ ၏ အဆိုအရ အစ္စလာမ် ခုတုံး လုပ် အကြမ်းဖက်အဖွဲ့ စေပါယေ
ဆွဟာဗဟ် အဖွဲ့ သည် ပါရာကျနာ မြို့ ရှိ သရီမန်ဂဲရ် ဒေသ ရှိ အစိုးရ
အထက်တန်း ကျောင်း ၏ ကျောင်းဆရာ ၇ ဦးအား သေနတ်
နှင့် ရက်ရက်စက်စက် ပစ်သတ်ခဲ့ကြောင်း သိရှိရပါတ
ရဲတပ်ဖွဲ့ ၏ အဆိုအရ မိုဟမ္မဒ် ရှရီးဖ် အမည်ရှိ သူအား ကားစီးလက်နက်ကိုင် များ ၏ ပစ်ခတ်မှူကြောင့်သေဆုံးခဲ့ကြောင်း ပြီးနောက် လက်နက်ကိုင် အကြမ်းဖက်သမားများသည် အစိုးရ အထက်တန်းကျောင်း အတွင်း သို့ ဝင်လာပြီး မီးရ်ဟိုစိုင်း ၊ ဂျဝါဒ် ဟိုစိုင်း ၊ နဝီးဒ် ဟိုစိုင်း ၊ ဂျဝါဒ်အလီ ၊မိုဟမ္မဒ်အလီ ၊ အလီ ဟိုစိုင်း ဆိုသည့် ကျောင်း ဆရာ ၇ ဦး အား ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။
ရှီအဟ် ကျောင်း ဆရာများကို သတ်ပြီးနောက် အကြမ်းဖက်သမားများ သည် ဗီဒီယို ရိုက်ကူးပြီး ထုတ်ဝေ ခဲ့ပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် ကျောင်းမှ ကျောင်းသားများသည် နှစ်စဉ် စာမေးပွဲများ ဖြေဆို နေသည့် အချိန် ဖြစ်ပြီး အခင်းဖြစ်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဂျီယို ဒီဗီ ၏ တင်ပြချက်အရ လူသတ်မှု၏ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းနှင့် ဖြစ်စဉ်နှစ်ခုစလုံးတွင် သေဆုံးခဲ့ရသည့် ဆရာများသည် ရှီအဟ် မွတ်စလင်မ် လူနည်းစုများဖြစ်ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က သတင်းအချက်အလက်များ စုဆောင်းပြီး စုံစမ်း စစ်ဆေးနေကြောင်း သိရှိရပါတယ်။
ပါကစ္စတန် သမ္မတ အာရဖ်အလဝီ အနေဖြင့် ပါရာကျနာ မြို့ရှိ အစိုးရအထက်တန်း ကျောင်း ၏ ဤ လူမဆန်သည် ကျောင်းဆရာ များ ရက်စက် စွာ အသတ်ခံရ မှု အား ပြင်းထန်စွာ ပြစ်တင် ရှုတ်ချ ခဲ့ပြီး ဤ ရာဇဝတ်မှုကျူးလွန် သူများ အား ဖော်ထုတ် ဖမ်းဆီးရန် အတွက် တရားဥပဒေ စိုးမိုးရေး အေဂျင်စီ ကို ထိရောက်စွာ အရေးယူ ပေးရန် တောင်းဆို ခဲ့ကြောင်းသိရှိရပါတယ်။
ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး ဘေလာလ် ဘူသူ ဇရ် ဇကလည်း ဒီတိုက်ခိုက်မှု နောက်ကွယ်က သူတွေကို ပြစ်ဒဏ်ပေးဖို့နဲ့ ရဲနဲ့ အစိုးရ က ချက်ချင်း စေ့စေ့စပ်စပ် စုံစမ်း စစ်ဆေးဖို့ တောင်းဆို လိုက် ကြောင်း သိရှိရပါတယ်။
၎င်းမှဆက်လက်ပြီး ဤကဲ့သို့သော အဖြစ်အပျက်များကို မည်သည့် တန်ဖိုး နှင့် ဖြစ်စေ သည်းမခံနိုင်ကြောင်း ၎င်းတို့ကို တားဆီး ရန် သေချာ ပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်သမ္မတဟောင်း အာဆဖ်အလီ ဇရ်ဒါရီ က ပါရာကျနာ တွင် ကျောင်းဆရာ ၇ ဦး အသတ်ခံရမှုအပေါ် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းအား အကြမ်းဖက်ရာဇ၀တ်မှုဟု ခေါ်ဆိုကာ ကျောင်း ဆရာများကို သတ်ဖြတ်ခြင်းတွင် ပါဝင်ပတ်သက်နေသော ရာဇ၀တ်ကောင်များကို အရေးယူသင့်သည် ဟု ပြောကြားခဲ့ပါတယ်။
အာဆဖ်အလီ ဇရ်ဒါရီ မှ အကြမ်းဖက်မှု ကြောင့် သေဆုံး သွားသူများ နှင့် ၎င်းတို့၏ ကျန်ရစ်သူများ သည်းခံ နိုင်စွမ်း နှင့် ဆဝါးဗ် ရရှိရန် ဒိုအာ ပြုပေးကြဖို့ မေတ္တာ ရပ်ခံခဲ့ပါတယ်။
ပါရာကျနာ မြို့သည် ကိုရမ် မျိုးနွယ်စုများ ၏ အချက်အချာ မြို့ ဖြစ်ပြီး အများစု သည် ရှီအဟ် မွတ်စလင်မ်များ ဖြစ်ကြပါတယ်၊ ပါကစ္စတန် နိုင်ငံ ၏ အနောက်မြောက်ဘက်တွင် ရှိပြီး ၂၀၁၈ ခုနှစ် တွင် ခိုင်ဘဲရ် ဗက်ခ်သူခွာန် ပြည်နယ် ဖြစ်ခဲ့ပါတယ်။
မကြာသေးမီ နှစ်အနည်းငယ်အတွင်း တက္က်ဖီရီ အကြမ်းဖက်သမားများ မဇ်ဟဗ် ဂိုဏ်းပြဿနာ လုပ်သူများ သည် ပါရာကျနာ ရှိ အကာအကွယ် မဲ့ အရပ်သားများ အတွက် တင်းကျပ် မှုများ ကန့်သတ်မှုများကို ပြုလုပ် ခဲ့ကြောင်း သိရှိရပါတယ်။
****************************************************************
END / 251