အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၈ မေ ၂၀၂၃

၂၀:၅၅:၁၃
1369449

အိုမန်ဘုရင် နှင့် အီရန် သမ္မတ တို့ တွေ့ဆုံခဲ့ကြပြီး အရေးကြီးကိစ္စများကို ဆွေးနွေး

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ မြို့တော် တီဟီရန် တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နှင့် အိုမန် ဘုရင် တို့ ၏ တွေ့ဆုံ မှု မှာ နှစ်နိုင်ငံ ကြားနှင့် ဒေသတွင်း ဆက်ဆံရေးနှင့် ပတ်သက်ပြီး အရေးကြီးသည့် ဆွေး‌နွေး ချက်များကို ပြုခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်ရ်သတင်းဌာန ၏ သတင်း အထောက်အထားများအရ အီရန်သမ္မတ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ နှင့် အိုမန်ဘုရင် ဟိုင်စန်မ် ဘင်န် သွာရစ်က် တို့ ကြား တီဟီရန်တွင် တွေ့ဆုံရာတွင် ဒေသတွင်းနိုင်ငံများ အပါအဝင် နှစ်နိုင်ငံကြား ဆက်ဆံရေးနှင့် ပတ်သက်၍ အရေးကြီးသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ ပူးတွဲအစည်းအဝေး ကျင်းပ မည်ဖြစ် ပါတယ်။

အိုမန် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး စာတမ်း ၄ စောင်ကို လက်မှတ် ရေးထိုး မည်ဖြစ်ကြောင်း သိရှိ ရပါတယ်။

မြို့တော် တီဟီရန် သို့ ရောက်ရှိနေသည့် အိုမန်ဘုရင် ဟိုင်စန်မ် ဘင်န် သွာရစ်က် နှင့် အတူ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စီးပွားရေးနှင့် စက်မှုဝန်ကြီးများ ပါဝင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ အကြီးအကဲများ လည်း ရောက်ရှိနေပြီး ဖြစ်ပါတယ်။

အိုမန်ဘုရင် ဟိုင်စန်မ် ဘင်န် သွာရစ်က် သည် ၂၀၂၀ ခုနှသ်တွင် နန်းတက်ပြီးနောက် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံသို့ လာရောက်သည့် ပထမဆုံးခရီးစဥ် ဖြစ်ပါတယ်။

****************************************************************
END / 251