အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁ ဇွန် ၂၀၂၃

၀၆:၀၉:၂၈
1370267

အီရန် နှင့် အာဖဂန်နစ္စတန်နယ်စပ် ၏ အခြေအနေများ ငြိမ်သက်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ နှင့် အာဖဂန်နစ္စတန် နိုင်ငံ တို့၏ ဘုံနယ်နိမိတ်ရှိ အခြေအနေမှာ တင်းမာမှုကင်းပြီး အေးဆေးတည်ငြိမ်နေပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News သတင်းအထောက်အထားများ အရ အီရန် အစ္စလာမ်မစ်  ပြည်သူ့ သမ္မတနိုင်ငံ ၏ ပြည်ထဲရေး ဝန်ကြီး အဲဟ်မဒ် ဝဟီဒီ က တာလီဘန်(ခ)သွာလီဘန် အရာရှိတွေနဲ့ ညှိနှိုင်းမှုကနေ တင်းမာမှုတွေ ပြေလည်သွားပြီလို့ ဗုဒ္ဓဟူးနေ့က အစိုးရအဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။
ဂျာနယ်လစ်တစ်ဦး၏ အမေးကို ဖြေကြားရာတွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ နှင့် အာဖဂန်နစ္စတန် နယ် နိမိတ်တွင် လက်ရှိအခြေအနေမှာ အေးဆေးတည်ငြိမ်နေပြီး ပုံမှန်အတိုင်း သွားလာမှု ဆက်လက် လုပ်ဆောင် နေကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ အာဏာပိုင်များ၏ မဟာဗျူဟာနှင့် အစီအစဉ်ဆွဲမှုနှင့် တာလီဘန် (ခ)သွာလီဘန် အာဏာပိုင်များ၏ အချိန်မီဝင်ရောက်စွက်ဖက်မှုကြောင့် ဘုံနယ်စပ်ရှိ တင်းမာမှုများကို ဖယ်ရှားခဲ့ပြီး ယခုအချိန်တွင် ပြဿနာမရှိကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ ပြည်ထဲရေး ဝန်ကြီး အဲဟ်မဒ် ဝဟီဒီ က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့သည့် စနေနေ့တွင် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံနှင့် တာလီဘန် တပ်ဖွဲ့များကြား တင်းမာမှုများ ဖြစ်ပွားခဲ့ပြီး စစ်သာန် နှင့် ဘိုဂျစ်စတန်  ပြည်နယ်နှင့် အာဖဂန်နစ္စတန်နိုင်ငံနီးမ်ရိုဇ် ပြည်နယ်တို့ရှိ နယ်စပ်နှင့် ကျေးလက်ဒေသအချို့တွင် တင်းမာမှုများ ဖြစ်ပွားခဲ့ကြောင်း မှတ်သားဖွယ်တွေ့ရှိရပါတယ်။
****************************************************************
END / 251