အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၃ ဇွန် ၂၀၂၃

၂၀:၃၀:၂၈
1370994

အေမာမ် ခိုမေနီ (ရ.ဟ) ၏ ဟောင်ဇေအေလ်မီယေများ သို့ မေတ္တာ ရပ်ခံချက်

အေမာမ် ခိုမေနီ (ရ.ဟ) ၏ ဟောင်ဇေအေလ်မီယေများ သို့ မေတ္တာ ရပ်ခံချက် အား ‌အေမာမ် ခိုမေနီ (ရ.ဟ) ၏ “ဂျေဟာဒ်‌ ဒေ အက္က်ဘဲရ် ယာ မိုပါရေဇေ ပါ နာဖ် “ ဆိုသည့် စာအုပ် ကောက်နုတ် တင်ပြ လိုက်ပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟောင်ဇေအေလ်မီယေ (သာသနာ့တက္ကသိုလ်) များ တွင်တချိန်တည်း ပညာရပ်ဆိုင်ရာ သင်ကြားမှုများနှင့် အတူ ကိုယ်ကျင့်တရားဆိုင်ရာဥပေဒသများ ၊ နာမ်ပိုင်းဆိုင်ရာ ပညာ ရပ်များ ကိုပါ သင်ယူဆည်းပူးရန်နှင့် ပြန်လည်သင်ကြားပို့ချ ပေးရန် လိုအပ်ကြောင်း အေမာမ်ခိုမေနီ (ရ.ဟ) မှ မိန့်ကြားထားပါတယ်။

ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန် မှုများ ၊ အားကောင်း(အတွေ့အကြုံမြင့်) သည့် နာမ်ပိုင်း ဆိုင်ရာ ဆရာများ ၊ဆုံးမသြဝဒါ ထိုင်ဝိုင်းများ   (အရေးကြီး) လိုအပ်ကြောင်း ကိုယ်ကျင့်တရားဆိုင်ရာနှင့် ပြုပြင် ပြောင်း လဲ ရေးဆိုင်ရာ အစီအစဉ်များ ၊သွန်သင်ပဲ့ပင်မှု နှင့် (မိမိကိုယ့်ကို)   စိစစ်မှု ဆိုင်ရာ အတန်း ၊ ၊မအာရေဖ် ဖေ အေလာ ဟီယေ (ခ) အလ္လာဟ်ဟို အရှင်မြတ် သခင်နှင့် ပတ် သက် သည့် နက်နဲစွာ သိရှိနားမှု တို့သည် အန်ဗီယာ (အ.စ) တို့ ၏ ပွင့်ပေါ်လာရ သည့် အဓိက ရည်ရွယ်ချက်များ ဖြစ်ကြောင်း ကိုလည်း မိန့်ကြားခဲ့ပါတယ်။

ပြီးနောက် ဤအရာများ ဟောင် ဇေ အေလ်မီယေများ (သာသနာ့တက္ကသိုလ်များ) တွင် မလွဲမသွေ တရားဝင် နှင့်ထုံးတမ်းအစဉ်အလာ ဖြစ်ဖို့လိုကြောင်း ဝမ်းနည်းစရာပင် ပညာရပ်ဆိုင်ရာ ဌာနများ တွင် ဤကဲ့သို့သော် အရေးကြီး လိုအပ်သည့် အစီအစဉ်များ ကို ဂရုပြုမှု အလွန်နည်း ပါးကြောင်း နာမ်ပိုင်ဆိုင်ရာဝိဉာဉ်ဆိုင်ရာ ပညာရပ်များ လျော့ နည်း ကျဆင်းနေကြောင်း အနာဂတ်တွင် ဟောင်ဇေ အေလ်မီယေ (သာသနာ့တက္ကသိုလ်) များတွင် ကိုယ်ကျင့် တရားစာရိတ္တဆိုင်ရာ အိုလမာ ၊ (မိမိကိုယ့်ကို) စိစစ် မှုဖြင့် တန်ဆာဆင်ထားသည့် အလ္လာဟ်လူများ ကို (ဖြစ်ပေါ် လာအောင်) သွန်သင်မှု မပြုနိုင်မည် ကိုမိမိ  အနေဖြင့် ကြောက်ရွံ့မိ ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကျမ်းတော်မြတ်ကုရ်အာန် မဟာ တမန် တော်မြတ်ကြီး (ဆွ) အခြား အန်ဗီယာများ (အ.စ)  အောင်စီ ယာများ (အ.စ) တို့၏ ချီးမြှင့်ထားသည့် ပင်းမကျ၊ အခြေကျ ကိစ္စများကို အကြို ကိစ္စများ တွင် ဆွေးနွေးမှု နှင့်သုတေ သနပြုမှု တို့ဖြင့် မကျန်နေရန် နှင့် ကောင်းမွန် သည့်လုပ်ရပ်တစ်ခု ကတော့ပညာရေးဆိုင်ရာဌာနများအတွက် အရေးပါအရာရောက်သည့် ကြီးမားသည့်ဖေက် (ဓမ္မသတ် ပညာရှင်များ ) ၊ ဝါကျင့် အဆင့်မြင့်ဆရာများ အနေဖြင့် သင်တန်း၊ဆွေးနွေးမှု နှင့်အတူ သွန်သင်ပဲ့ပင်မှု ၊မိမိကိုယ့်ကို စိစစ်မှုဖြင့် လည်းကွပ်လပ်ကို ဖြည့်ရန် ကြိုးစားရပါမည် ဖြစ်ကြောင်း နာမ်ပိုင်း ဝိဉာဉ်ပိုင်းဆိုင်ရာ နှင့် ကိုယ်ကျင့်တရား ဆိုင်ရာ ကိစ္စများ ကို ပိုမို၍ အလုပ်လုပ်ရပါမည်။ ဟောင်ဇေ အေလ်မီ ယေ (သာသနာ့တက္ကသိုလ်) များ၏ ကျောင်းသားများ (မောင်လာနာများဇာကေရဟ်များ) အတွက်လည်း  (အရေး ကြီး) လို အပ်ချက်မှာ ကောင်းမြတ်သည့် အလေ့အထများ နှင့် စိတ်ရှိုင်း စိတ်ယုတ်ကိုသန့်စင်မှု ကို ရယူပိုင်ဆိုင်နိုင်ရန် ကြိုး ပမ်းအားထုတ် ရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ ပါတယ်။

ဆက်လက်ပြီး အေမာမ် ခိုမေနီ (ရ.ဟ) အနေဖြင့် အရေးကြီး တာဝန် ဝတ္တ ရားများ နှင့် ၎င်းတို့( မောင်လာနာများဇကေရဟ်များ)ပခုံး ပေါ် ရှိ လေးနက်သည့် တာဝန်များကို အလေးပေး (တန်ဖိုးထား) ရန်ဖြစ်ကြောင်း မိန့်ခဲ့ပါတယ်။

ပြီးနောက် အေမာမ် ခိုမေနီ (ရ.ဟ) အနေဖြင့် သာသနာ့ ကျောင်းသား၊ကျောင်းသူများ အနေဖြင့်ယနေ့ ဤ ဟောင်ဇေများတွင် ပညာသင်ယူဆည်းပူးနေပါသည်။ မနက်ဖန် (အနာဂတ် ) တွင် ခေါင်းဆောင်နှင့် ပတ်ဝန်းကျင် ကို လမ်းမှန် ကိုညွှန်ပြ မည့် သူများ အဖြစ်တာဝန်ကိုယူကြမည်သူများဖြစ်ကြောင်း အချို့ ပညာရပ်ဆိုင်ရာ အခေါ် အဝေါ်များကို ကျက်မှတ်ခြင်း သာ အသင်တို့၏ တာဝန် ဟု မထင်ဖို့ အခြားတာ ဝန်များလည်း ရှိပါသေးကြောင်း အသင်တို့ အနေဖြင့် ဤဟောင်ဇေများ(သာသနာ့တက္ကသိုလ်များ ) တွင်နေထိုင်ပြီး တစ်မြို့(သို့မဟုတ်) တစ်ရွာသို့ သွားရောက်ပြီး ထိုနေရာမှ လူများကို လမ်းမှန်ညွှန်ကြားပေးနိုင် သည့် အထိ  မိမိကိုယ့်ကို စိစစ်သူများ ဖြစ်လာသည့်အထိ သွန်သင် ပို့ချပေးနိုင် ရန် မိမိကိုယ်ကို တည်ဆောက်ဖို့ လိုကြောင်း ပဲ့ပင်ပျိုးထောင်ဖို့ လိုကြောင်း မိမိ အနေဖြင့် မျှော်လင့်ထားကြောင်း သာသနာ့ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် ဓမ္မသတ်တက္ကသိုလ် သို့ သွားရောက် ခဲ့ပါသည်။ မိမိကိုယ်တိုင် စိစစ်သူ ပြီးသူသန့် စင်ပြီးသူ အဖြစ်တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ၊ထိုမှသာ ပြည်သူလူထု (ဂျမာ အသ်သားများ)ကို တည်ဆောက်ပေး နိုင်မည်ဖြစ် ကြောင်း အစ္စလာမ် မီ၊ (အစ္စလာမ့် ဆိုင်ရာ) အခ်လက်ကီ (ကိုယ် ကျင့် တရားဆိုင်ရာ ) စည်းမျည်းစည်းကမ်းများ ဥပဒေသများ နှင့် အညီ ၎င်းတို့ကို (ပြည်သူလူထု) ကို သွန်သင်ပဲ့ ပင် ပေး နိုင်ရမည် ဖြစ်ကြောင်း အကယ်၍ မြတ်အလ္လာဟ် အလိုလား ပါစေနှင့် ( မလုပ်ပါစေနှင့်)  ၊သာသနာ့ တက္ကသိုလ် တွင်နေပြီး မိမိကိုယ့်ကို မပြုပြင် နိုင်မည်၊နာမ်ပိုင်းဆိုင်ရာများကို မဆွတ်ခူး  နိုင်မည် ဆိုလျှင် မည်သည့် နေရာသို့ သွားပါလေ العياذ بالله  လူထုကို လမ်းလွဲလမ်းမှား သို့ ပို့ရာ ဖြစ်မည်ဖြစ်ကြောင်း အစ္စလာမ် သာသနာ နှင့်မောင်လာနာ အသိုင်းအဝိုင်းကို မကောင်း မြင်ကြ ပေလိမ့်မည်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး  အေမာမ် (ရ.ဟ) မှ သာသနာ့ ကျောင်းသား၊ကျောင်းသူများ အပေါ်(ကြီးမား) လေးလံသည် တာဝန်ဝတ္တရား များ ရှိကြောင်း  အကယ်၍ ဟောင်ဇေများတွင်နေပြီး မိမိ ၏တာဝန် ဝတ္တရား ရှိသည်အတိုင်းမလုပ်ဆောင်မည်၊ မိမိ၏ စိတ်ရှိုင်းစိတ်မှိုက် ကို မသန့်စင်မည် သီးသန့် ပညာ ရပ်ဆိုင်ရာ အခေါ်အဝေါ် အချို့ ကို ကျက်မှတ်ခဲ့မည်၊ အူစူလ်ဆိုင်ရာ ၊ ဖေက်ဆိုင်ရာ ဥပဒေသများ ကိုသာ မှန်အောင်ပြုနေမည် ဆို လျှင် အနာဂတ်တွင် အလ္လာဟ်အရှင်မြတ် မလိုလားပါစေနှင့် (မလုပ်ပါစေနှင့် ) အစ္စလာမ် သာသနာ တော် နှင့် အစ္စလာမ်မီ အသိုင်းအဝိုင်း ကို အန္တရာယ် ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း၊ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။  العياذ بالله သာသနာ့ ကျောင်းသား၊ ကျောင်းသူများ ကြောင့်  လူထု အတွက် လမ်းလွဲ လမ်းမှား မှုနှင့် တိမ်းစောင်း သွေဖည်မှုကို ဖြစ်စေမည် ဖြစ်ကြောင်း   အကယ်၍ သာသနာ့ ကျောင်းသား၊ ကျောင်း သူများ လုပ်ရပ် ၊ ကိုယ်ကျင့်တရား ၊ နှင့် မသင့်လျော် သည့်အပြုအမှု ဆက်ဆံမှုကြောင့် တစ်ဦး တစ်ယောက် လမ်းလွဲလမ်းမှားရောက်သွားမည်၊ အစ္စလာမ် သာသနာတော် ကနေထွက်သွားမည် ဆိုလျှင် အသင် အနေ ဖြင့် အကြီးမား တကာ အကြီးမားဆုံး ဂိုနာ (အပြစ်) ကျူး လွန် သူဖြစ် မည်ဖြစ်ကြောင်း ပြီးနောက် အသင်၏ သောင်ဗာ (ဝန်ချ တောင်း ပန်မှု ) ကို (အလ္လာဟ်ဟို အရှင်မြတ် သခင်) လက်ခံ ဖို့ဆိုတာ ခက်ခဲ မည်ဖြစ်ကြောင်း ဤ အတွက်ကြောင့် အကယ်၍ တစ်ဦး တစ်ယောက် အသင်ကြောင့် တရားလမ်းမှန်ရောက်မည် လမ်းမှန် ရမည်ဆိုလျှင် ရီဝါယသ်တော်အရ  (( နေရောင် ခြည် ကျရောက်သည့်အရာများ အားလုံးထက် သာလွန် ပိုမြတ် ၊ပိုကောင်း ပေသည်။ ))  သာသနာ့ ကျောင်းသား၊ကျောင်းသူများ ၏ တာဝန် ဝတ္တရား သည် အလွန်တရာ မှပင် လေးလံ (ကြီးမား) ကြောင်း  သာသနာ့ ကျောင်းသား၊ကျောင်းသူများ ၏ တာဝန် ဝတ္တရား သည် သာမန်လူထု  တာဝန် ဝတ္တရား နှင့် မတူ ကြောင်း ဖြစ်ကောင်း ဖြစ်နိုင်ပါ တယ် ... သာမန်လူထု အတွက် မိုပါဟ် (လုပ်လည်း စဝါးဗ်မရ ၊မလုပ်လည်း ငရဲမရှိ )  သည့် အလုပ်များ ဟာ သာသနာ့ ကျောင်းသား၊ကျောင်းသူများ အတွက် ဟရာမ် ဖြစ်နေပေမည်ဖြစ်ကြောင်း လူထုနေဖြင့် မြောက်များသွာသော မိုပါဟ် အလုပ်များကို အသင် လုပ်မည် မဟုတ်ဟု မျှော်လင့်ထားကြကြောင်း (ဒါကြောင့်) ဘယ်လိုလုပ်ပြီး အသင်ကို အောက်တန်းကျသည့် ၊ခွင့်ပြုချက်မရှိသည် အလုပ် များ ကို လုပ်ခွင့်ပြုမည်နည်း? အကယ်၍ အလ္လာဟ်ဟို အရှင်မြတ် သခင်မလုပ်ပါနှင့် သာသနာ့ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် ကျူးလွန်ခဲ့မည်ဆိုလျင် လူထုအနေဖြင့် အစ္စလာမ် သာသနာတော် နှင့်ပတ်သက်ပြီး ၊မောင်လာနာ အသိုင်းအဝိုင်း နှင့်ပတ်သက်ပြီး မကောင်း မြင်သွား မည်ဖြစ်ကြောင်း  ဝမ်းနည်းသည်မှာ ဤနေရာဖြစ်ပါကြောင်း အကယ် ၍ လူထု အနေဖြင့် ၎င်းတို့ မမျှော်လင့်ထားသည့် လုပ်ရပ် တစ်ခုခု ကို သာသနာ့ ကျောင်းသား၊ကျောင်းသူများ လုပ်ဆောင်တာ မြင်သွားမည်ဆို လျှင် ဒီးန်မှ လမ်းလွဲလမ်းသို့ ရောက်သွားမည်ဖြစ်ကြောင်း မောင်လာနာ အသိုင်းအဝိုင်း မှ မျက်နှာ လွဲ သွားမည်ဖြစ်ကြောင်း မောင်လာနာတစ်ပါးတည်းကို  မျက်နှာလွဲမည် မဟုတ်ကြောင်း အလိုလေး ! မောင်လာနာ တစ်ပါး မကောင်းလျှင် ထို မောင် လာနာ ကိုသာ မကောင်း မြင်ရမည် ။ သို့သော် အကယ် ၍ မောင်လာနာ တစ်ပါး မသင့်လျော်သည့် လုပ်ရပ်လုပ်ဆောင် မည် ကိုယ်ကျင့် တရား နှင့်ယဉ်ကျေးမှုကို ဆန့်ကျင် သည် အလုပ် ကို လုပ်ဆောင် တာကို မြင်တွေ့မည်ဆိုလျှင် စိစစ်ခြင်း ၊ စူစမ်း ခွဲခြမ်း မပြုတော့ကြကြောင်း ပမာအားဖြင့်ကုန်သည် များ အကြား အချို့ မမှန် မကန်ပြုသူများ ၊လမ်းလွဲ လမ်းမှား နေသူ များ ရှိပါသည်။ ဌာနဆိုင်ရာ များတွင် စာရိတ္တ ဖောက်ပြန် နေသူများ မကောင်းမြတ် ၊မသင့်လျော် သည့်အလုပ် ကို လုပ်ဆောင်တာ တွေ့မြင် သိရှိရမည်  ဖြစ်ကြောင်း  (ထိုနည်းတူစွာ ) ဖြစ်နိုင် ပါသည်။ မောင်လာနာများ (ဇာကေရဟ်များ ) အကြား တွင်  လည်း အချို့ မသူတော်စင်များ လမ်းလွဲလမ်းမှားသူများ ရှိပါမည်။ ဤ အတွက်ကြောင့် ကုန်စုံရောင်းသူ တစ်ယောက်   မတရား ဈေးတင်ရောင်း မည်ဆိုလျှင် မည်သူမည်ဝါ ကုန်စုံံ ရောင်းသူ ကတော့ ဈေး မတရားတင်ရောင်းသူဟုဆိုမည်။ အကယ်၍ ရေမွှေးရောင်သူ မကောင်းသည့် အလုပ် လုပ် မည်ဆိုလျှင် မည်သူ မည်ဝါ ရေမွှေး ရောင်းသမား ကတော့ မကောင်းတာ လုပ်သူ ဟုပြောပေမည်။ သို့သော် မောင်လာနာ  (ဇာကေရဟ်) တစ်ပါး မသင့်လျော်သည့် အလုပ် တစ်ခု ကို လုပ်ဆောင် မည်ဆိုလျှင် မည်သူမည်ဝါ မောင်လာနာ (ဇာကေ ရဟ်) ကတော့ လမ်းလွဲ လမ်းမှား ရောက်သွား  သည် ဟု မပြောဘဲ မောင်လာနာများ (ဇာကေရဟ် များ ) မကောင်း ဟု ပြောမည်ဖြစ်ကြောင်း မိန့်ခဲ့ပါတယ်။

သာသနာ့ ပညာရှင်များ ၏ တာဝန် ဝတ္တရား မှာ အလွန်တရာ လေးလံ (ကြီးမား) ပါသည်။ အိုလမာ  တာဝန် ဝတ္တရားများ မှာ သာမန် လူထု ထက်ပို၍ပင်များပြားပါသည်။ အကယ်၍   ((အူစူလ် ))  ကာဖီ နှင့် ဝစာအေလ် ရှီအာ  ကျမ်း လာ အိုလမာ၏ တာဝန်ဝတ္တရားများဆိုင်ရာအခန်းကို လေ့လာ ကြည့် ရှုမည်ဆိုလျှင် လေးလံ (ကြီးမား) သည့် တာဝန် ဝတ္တရားများ ၊ အန္တရာယ်များသည့် အိုလမာ၏ တာဝန် ဝတ္တရားများ ကိုတင်ပြ  ထားကြောင်းကို တွေ့မြင်ရပါမည် ဖြစ်ကြောင်း မိန့် ကြားခဲ့ပါတယ်။

ရီဝါယသ်တော်တွင်လာ ရှိပါသည်။ အာလင်မ် အသက်ထွက်ဖို့ လည်ချောင်းထိ ရောက်လာချိန်တွင် အာလင်မ်အတွက် သောင်ဗာ (ဝန်းချတောင်းပန်ခြင်း ) ပြုရန် မဖြစ်နိုင် တော့ကြောင်း၊ ထိုအချိန်တွင် ၎င်း၏ သောင်ဗာ ကို (အလ္လာဟ်ဟို အရှင်မြတ် သခင် ) လက်ခံတော်မူမည် မဟုတ် ကြောင်း အကြောင်းမှာ အလ္လာဟ် ဟို အရှင်မြတ် သခင်အ နေဖြင့် ဂျဟေလ် တစ်ဦးတစ်ယောက် ၏ ဘဝ နောက်ဆုံး မိနစ်ပိုင်း အချိန် များ အထိ သောင်ဗာ ကို လက်ခံတော်မူပါ ကြောင်းအခြား ရီဝါယသ်တော်တစ်ခု တွင်လည်း လာရှိပါ သည်။  အာလင်မ် တစ်ပါး ၏ ဂိုနာ အပြစ်တစ်ခုကို ခွင့်လွတ် မပလပ်မှီ အရင် ဂျဟေလ် တစ်ဦး ၏ ဂိုနာ အပြစ် ၇ ၀ ကို ခွင့်လွတ်ပလပ်တော်မူပေမည် ဖြစ်ကြောင်း အကြောင်းမှာ အာလင်မ်၏ ဂိုနာ အပြစ် တစ်ခု သည် အစ္စလာမ် နှင့် အစ္စလာမ်မီ အသိုင်းအသိုင်းကို အလွန်တရာ ပျက်စီး ဆုံး ရှုံးမှု ကို ဖြစ်စေသည့် အတွက်ကြောင့် ဖြကြောင်း သာမန်လူထု နှင့်ဂျဟေလ်အကယ်၍ အပြစ် ဂိုနာ တစ်ခုခု ကို ကျူးလွန်မည်ဆိုလျှင် သီးသန့် မိမိကိုယ်သာ ဝမ်းနည်း ပူဆွေးခြင်း ငြိုငြင်ခြင်း ၊ မိမိအပေါ် ပျက်စီး ဆုံး ရှုံးမှု ကိုပြုခြင်း သာဖြစ်ပါကြောင်း သို့သော် အကယ်၍ အာလင်မ် တစ်ပါးပါး မှ လမ်းလွဲလမ်းမှားသွားမည် သွေဖည်သွား မည်၊ မသင့်လျော် သည့် အလုပ်ကို  လုပ်ဆောင်မည်ဆိုလျှင် တစ်လောကလုံးကို လမ်းလွဲ လမ်းမှား အောင် သွေဖည် ပြုခြင်း ၊အစ္စလာမ်သာသနာတော် နှင့် အိုလမာယေ အစ္စလာမ် ကိုဖျက်စီးဆုံး ရှုံးအောင် ပြုခြင်းဖြစ်ပါကြောင်း မိန့်ကြားခဲ့ပါတယ်။  

ပြီးနောက် ရီဝါယသ်တော်တွင် လာရှိပါသည်။ အဲဟ် လေ့ဂျဟန္နမ် (ငရဲသားများ ) အနေဖြင့် မိမိပညာအပေါ် လက် တွေ့ လုပ်ဆောင်မှု မရှိသည့် (အပြောနှင့် အလုပ် မညီ သည့်) အာလင်မ် ၏ အပုတ်နံ့ ကြောင့် ဒုက္ခရောက်မည်ဖြစ်ကြောင်း  ဤ အတွက်ကြောင့် လောကကြီးတွင် ပညာရှင်နှင့်ပညာမဲ့အကြား အစ္စလာမ် သာသနာ နှင့် အစ္စလာမ်မီ အသိုင်း အဝိုင်း ကို အကျိုးပြုမှု နှင့် ပျက်စီးမှု တွင် အလွန်တရာ ကွာခြား  ကြောင်း  အကယ်၍ အာလင်မ် တစ်ပါးပါး သွေဖည် လမ်း မှား သွားမည်ဆိုလျှင် ဖြစ်နိုင်ပါသည်။ အွန်မ်မသ် တစ်ခုလုံး  သွေဖည် လမ်းမှား ပြီး ကူးစက်သွားပေမည်။  အကယ်၍ အာလင်မ် တစ်ပါးပါး အနေဖြင့်  စိတ်ညစ် စိတ်ရိုင်း အောင် သန့်စင်အောင်ပြုသူ အစ္စလာမ်မီ ဆိုင်ရာ ကိုယ်ကျင့် တရား နှင့် စည်းမျည်းစည်းကမ်းကို လိုက်နာ ဆောင်ရွက်မည် ဆိုလျှင် ပတ်ဝန်းကျင် အသိုင်း အဝိုင်း ကိုသန့်စင်ဖြူစင် အောင်ပြု လုပ်ပြီးလမ်းမှန်ကို ပြသ မည် ဖြစ်ပါကြောင်း မိန့်ဆို ခဲ့ပါတယ်။

ပြီးနောက် ကျနော် (ခိုမေနီ) အနေဖြင့်နွေရာသီ များတွင် အချို့ ကျေးရွာ များ ကို သွားရောက်ခဲ့ကြောင်း ရွာသူ ရွာသား များ အလွန်တရာ ယဉ်ကျေး သိမ်မွေ့ ပြီး ရှရီအသ်အရ လက်တွေ့ နေထိုင်သူများ ဆိုတာတွေ့ခဲ့ရကြောင်း  ဤအတွက် လှိူ့ ဝှက်ချက်ကတော့ ၎င်းတို့၏ အနီးမှာ သူတော်စင် သူတော်ကောင်း ဖြောင့်မတ်မှန်ကန်သူ ၊ သီလ သမာဓိ ရှိသူ အာလင်မ် သတင်းသုံးနေကြောင်း သိရပါသည်။ အကယ်၍ သီလ သမာဓိရှိသည့် အာလင်မ်  မှန်ကန်သည့်အာလင်မ်  ပတ်ဝန်း ကျင်တစ်ခု (သို့မဟုတ်) မြို့ တစ်မြို့ ၊ (သို့မဟုတ်) မြို့နယ် တစ်ခု ရှိနေမည်ဆိုလျှင် ၎င်း၏တည်ရှိနေမှု သည် လူထု အတွက် စိတ်ရှိုင်းစိတ်မှိုက်ကိုသန့်စင်ဖို့ ၊လမ်းမှန်ရဖို့ အကြောင်းခံ ဖြစ်သွားပေသည် ယုတ်စွ  ၎င်းအာလင်မ် အနေ ဖြင့် နှုတ်ဖြင့်ပင် သာသနာမပြု ၊ မမိန့်ပါစေ လိုကြောင်း ကျနော် (ခိုမေနီ )အနေဖြင့် ၎င်းတို့၏ တည်ရှိနေမှု သည် ဆုံးမသြဝါဒ နှင့် သင်ခန်းစာယူဖို့ အရင်းအနှီး ဖြစ်နေ သည့် ပုဂ္ဂိုလ်များကို တွေ့ဖူးပါသည်။ ၎င်းတို့ကို ကြည့်ယုံလေး သက်သက်ဖြင့် နိုးဆော် အသိပေးမှုကို ဖြစ်စေပါကြောင်း  အခုလည်းပဲ တီဟီရန်မြို့ရှိ ရက်ကွပ်များ နှင့်ပတ်သက်ပြီး ခြုံ၍ သတင်းရှိပါတယ်။ ရပ်ကွပ်များ ၏ (အနေအထား အခြေအနေ ) ကွာခြားပါသည်။ သန့်ရှင်ပြီး စိတ်ရှိုင်း စိတ်မှိုက် ကို သန့်စင်ထားသည့် အာလင်မ် နေထိုင်သည့် ရပ်ကွက် ရှိလူထု သည်လည်း သူတော်စင် သူတော်ကောင်း အီမာန် ရှင်များ ဖြစ်ကြပါတယ်။ အခြားရက်ကွပ် တစ်ခု တွင် လမ်းမှားရောက် အကျင့်ပျက်ခြစားနေသည့် ခေါင်းဗောင်းရှင် မောင်လာနာ ရှေ့ဆောင်အေမာမ် လုပ်တာကိုတွေ့ရပါတယ် ။ စားဖို့သောက်ဖို့ ဈေးကွက်လုပ်ထားပါသည်။(မိမိငွေရဖို့ အကြံ အဖန်များလုပ်ထားပါတယ်။) ထိုနေရာမှာ ၎င်းအနေဖြင့်  အုပ်စုတစ်စုကို လှည့်ဖြား နေတာကို တွေ့ရပါတယ်။၎င်းတို့ကို (ဂိုနာများဖြင့်) ညစ်ပေးအောင်ပြုပြီး လမ်းလွဲလမ်းမှား ကို ရောက် အောင်လုပ်ထားပါကြောင်း ဤမကောင်းမှု၊ညစ်ညမ်းမှု ၏အနံ့ အသက်ကြောင့် အဲဟ်လေ့ဂျဟန္နမ်(ငရဲသားများ) ကို ဒုက္ခဖြစ်စေပါ ကြောင်း ဤအနံ့အသက်ဆိုး ကို မကောင်းသည့် အာလင်မ် ၊အပြောနှင့်အလုပ် မညီသည့်အာလင်မ် ၊ လမ်းမှား ရောက်နေသည့် အာလင်မ် တို့မှ ဤလောကကြီးတွင် ယူ ဆောင် လင်း ဖြစ်ပါကြောင်း ၎င်းတို့၏ အနံ့ သည်အခြား လောက တွင်လည်း  အဲဟ်လေ့ ဂျဟန္နမ် ကိုဒုက္ခ ဖြစ် စေ ပါကြောင်း မိန့်ခဲ့ပါတယ် ။ 

ဆက်လက်ပြီး ၎င်းတို့ပေါ်(ပြစ်ဒဏ်ကြောင့်) ထပ်တိုးခြင်းမျိုး မဟုတ် ကြောင်း ဤလောကတွင် ပြုလုပ်ခဲ့သည်အရာများသာ အာခေရသ် လောကုတ္တရာတွင် ဖြစ်ပေါ်မည် ဖြစ်ပါကြောင်းကျွန်ုပ်တို့အား  (မိမိတို့၏) လုပ်ရပ်မှ အပ အခြား အရာ ပေးမည် မဟုတ် ကြောင်း အကျင့် ပျက်ခြစား၊မစင်ကြယ်သည့် အာလင်မ်တစ်ဦး တစ်  ယောက်ကို အခြေခံ မည် ဆိုလျှင် ပတ်ဝန်းကျင် ကိုလည်း မကောင်း သည်ဖက် ဆွဲ သွားပေမည်။ ယုတ်စွ ဤလောကီ တွင် ၎င်းတို့၏ အပုတ်နံ့ ကို နှာခေါင်းများ ခံစား နိုင်မည် မဟုတ် ချေ။ သို့သော် အာခေရသ် တွင် ၎င်းတို့၏ အပုတ်နံ့ ကိုခံစား နိုင်မည် ။ သို့သော် သာမန်လူသား တစ်ဦး(မကောင်း သည့်အာလင်မ် ) ယူဆောင်လာသည့် အကျင့်ပျက်ခြ စား မှုများ၊ ညစ်ညမ်းမှုကို မယူဆောင်လာ နိုင်ချေ။ သာမန် ပုဂ္ဂိုလ်  အနေဖြင့် မည်သည့်အခါ မျှ မိမိကိုယ်ကို အေမာမ်မသ် ၊ မဲဟ်ဒဝီယသ် နှင့်ပတ်သက်ပြီး အဆိုကို ပြုမည် မဟုတ်ချေ။ နဗူဝသ် ၊ အူလူဟီယသ် (အလ္လာဟ်ဖြစ်ကြောင်း ) အဆို ကို လည်း ပြုမည် မဟုတ်ချေ။ ဤအာလင်မ် အကျင့်ပျက်ခြစား နေသူ သာ လျှင် လောကကြီးကို အကျင့်ပျက် ခြစားမှု ဖက်သို့ ဆွဲဆောင်နေခြင်းဖြစ်ပါ ကြောင်း

اذا فَسَدَالعالِمُ، فَسَدَالعالَم

အာလင်မ် ဖွာစေက် ဖြစ်သည့်အချိန် လောကကြီး ဟာလည်း ဖွာစေက် ဖြစ်သွားပါတော့သည် ဟု မိန့်ကြားခဲံ့ပါတယ်။

****************************************************************

END / 251