အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၇ ဇွန် ၂၀၂၃

၁၄:၃၈:၅၄
1371655

အသံထက်မြန်သည့် ဖသ်သါဟ် အမည်ရှိ ဒုံးကျည်ကို အီရန် တည်ထွင်

ဒုံးခွင်းစနစ်တွေကို ဖြတ်ကျော်၀င်ရောက်နိုင်သည့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပြည်တွင်းဖြစ် အသံထက်မြန်တဲ့ ဖသ်သါဟ် အမည်ရှိ ဒုံးကျည်ကို ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒုံးခွင်းစနစ်တွေကို ဖြတ်ကျော်၀င်ရောက်နိုင်သည့်  အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပြည်တွင်းဖြစ် အသံထက်မြန်တဲ့  ဖသ်သါဟ် အမည်ရှိ ဒုံးကျည်ကို ကို  ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ပါတယ်။

‘ ဖသ်သါဟ်  ’ လို့အမည်ပေးထားတဲ့ ဒီ ဒုံးကျည်ဟာ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ စစ်တပ်ကို ပတ်၀န်းကျင်နိုင်ငံတွေထက် သာစေမှာ ဖြစ်ပါတယ်။

အသံထက် ၅ ဆ မြန်တဲ့  ဤ  ဒုံးကျည်တွေကို လက်ရှိ ကမ္ဘာမှာ အမေရိကန်၊ ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့သာ ပိုင်ဆိုင်ထားပါတယ်။  ဖသ်သါဟ် အမည်ဖြင့် ဤ ဒုံးကျည် ကို အီရန် မှ တည်ထွင် ပြီးနောက် ဤ စာရင်းမှာ အီရန်က ပါ၀င်လာပြီး ဖြစ်ပါတယ်။

 ဖသ်သါဟ် အမည်ရှိ ဒုံးကျည်ဟာ တစ်စက္ကန့်ကို ၁၆၈၈၀ ပေ သွားပြီး မိုင်ပေါင်း ၈၇၀ အထိ ရောက်ရှိနိုင်ပါတယ်။

အသံထက်မြန်တဲ့ ဖသ်သါဟ် အမည်ရှိ  ဒုံးကျည် တီထွင်ထုတ်လုပ်နေကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ လေတပ်အကြီးအကဲ အမီရ် အလီ ဟာဂျီဇာဒါက ပြီးခဲ့တဲ့ နို၀င်ဘာလမှာ ထုတ်ပြောခဲ့ခြင်းဖြစ်ပါတယ်။  ပြီးကြားပြီး  ၆ လအကြာမှာပဲ ပထမဆုံး ဒုံးကျည်ကို ထုတ်ပြလာနိုင်တာ ဖြစ်ပါတယ်။

အသံထက်မြန်တဲ့  ဖသ်သါဟ် အမည်ရှိ ဒုံးကျည်တွေဟာ ကမ္ဘာ့လေထုရဲ့ အပြင်ဖက်ကနေပါ ပျံသန်းနိုင်ပြီး ဒုံးခွင်းစနစ်တွေက ဟန့်တားဖို့ မလွယ်ကူတဲ့ ဒုံကျည်မျိုးဖြစ် ကြောင်း သိရှိရပါတယ်။

အံ့သြ စရာမှာ အမေရိကန် နှင့် မဟာမိတ်နိုင်ငံများ မှ မတရား စီးပွားပိတ်ဆို့ပြီး အီရန် ပြည်သူများ မိမိ တို့ အစိုးရ အား ပုန်ကန် စော်ကားရန် ပြုနေသည့် အကြား မှ ဤ ကဲ့သို့ သို့ အဆင့်မြင့် ဒုံးကျည် များ ကို တည် ထွင် နေခြင်း ဖြစ်ပါတယ်။

****************************************************************
END / 251