အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၇ ဇွန် ၂၀၂၃

၁၆:၂၅:၄၉
1371669

ကောင်းကင်တမန်များအား မိမိအိမ်သို့ ဖိတ်ခေါ်နည်း

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ကောင်းကင်တမန်များ အား မိမိအိမ်သို့ ဖိတ်ခေါ်နည်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဂျာမေအိုလ်အခ်ဘာရ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول الله صلى ‏الله ‏عليه ‏و ‏آله وسلم:
كُلُّ بيتٍ لا يَدخُلُ فيهِ الضَّيفُ لا تَدخُلُهُ المَلائكةُ.

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

“အကြင်သူ၏ အိမ်တွင် ဧည့်သည် မလာလျှင် ထိုအိမ် တွင် ကောင်းကင် တမန်များသည်လည်း မလာ ရောက်ကြချေ။”

ကျမ်းကိုး ။ ။ ဂျာမေအိုလ်အခ်ဘာရ် ကျမ်း ၊ ၃၇၈/၁၀၅၈

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော် တို့ အိမ်များတွင် ကောင်းကင်တမန်များ လာစေလိုလျှင် ကြွမြန်းလာစေလိုလျှင် ဧည့်သည်များ ကိုဖိတ်ကြားရမည် ဖြစ်ပါတယ်။

****************************************************************
END / 251