ကင်ညာ နိုင်ငံ ၏ မြို့ တော် နိုင်ရိုဘီရှိ ဂျအ်ဖရီယဟ်အစ္စလာမ့် စင်တာ တွင် ကင်ညာ မွတ်စလင်လူငယ်အဖွဲ့ နှင့် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ တာဝန်ရှိ လူကြီး များတွေ့ဆုံ ပြီး အစည်းအဝေး ပြုခဲ့ပါတယ်။ H.I ဒေါက်တာ မဲဟ်ဒီ ဖရ်မန်နီယန် ( မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ပညာ နှင့် ယဥ်ကျေးမှု ဆိုင်ရာ လက်ထောက်လူကြီး ) အနေဖြင့် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ဌာနအသီးသီးကို အထူးသဖြင့် ဆိုက်ဘာစပေ့ နှင့် ပတ်သက်ပြီး ရှင်းလင်းမိတ်ဆက်ပေးခဲ့ပါတယ်။
မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ကြိုးပမ်းမှုများ ဖြစ်သည့် နဗါအက်ပလီကေးရှင်း ၊ ပိုရ်သာလ် လမ်းညွှန်၊ ဒစ်ဂျစ်တယ် စာကြည့်တိုက် ၊ ဝီကီရှီအဟ် တို့နှင့် ပတ်သက်ပြီး ကင်ညာ မွတ်စလင်လူငယ်အဖွဲ့ အား H.I ဒေါက်တာ မဲဟ်ဒီ ဖရ်မန်နီယန် မှ ရှင်းပြ မိတ်ဆက်ပေးခဲ့ပါတယ်။
ကမ္ဘာ့ ဘာသာပေါင်း ၃၆ပါးဖြင့် ပြုစုထားသည့် ဒစ်ဂျစ်တယ် အစ္စလာမ့်သွန်သင်ချက်များ ကိုလည်း မိတ်ဆက် ပေးခဲ့ပါတယ်။ ဤ ဒစ်ဂျစ်တယ် မှာ ဂစ် ၄၀ ရှိပါတယ်။
H.I ဝလီယွလ္လာဟ်မအ်ဒနီပူးရ် ( မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ပညာရေးညွှန်ကြား ရေးမှူးချုပ်) မှ အစ္စလာမ့်ဘာသာရပ် အမျိုးမျိုး အတွက် အွန်လိုင်းနှင့် အော့ဖ်လိုင်းတွင် သင်တန်းများ ကျင်းပပေး ဖို့ အဆင်သင့် ရှိကြောင်း ပြောကြားခဲ့ပါတယ်။
စကလိုင်းန် ဂြိုလ်တုကွန်ရက် မန်နေဂျာ မိုဟမ္မဒ် ကဇင်းမ် ကဇင်းမီ မှ မိမိ ကွန်ရက်သည် အာရဗီ ဘာသာ စကားဖြင့် လည်ပတ်နေသည်ဖြစ်ကြောင်း ကွဲပြားမှုများ ဖြင့် ထုတ်လွှင့်နေကြောင်း လူမှုရေး ကွန်ရက်များကို အာရုံ ထားမှုသည် စကလိုင်းန် ဂြိုလ်တုကွန်ရက် ၏ လတ်တလေ လှုပ်ရှား မှုများ ဖြစ်ကြောင်း ရှင်းပြ ပြောပြပါတယ်။
အပြည်ပြည်ဆိုင်ရာ အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ အုပ်ထိန်းသူ ဟစန် ဆဒရာယီ အာရေဖ် မှ လည်း ကမ္ဘာ ဘာသာ စကား ၂၆ မျိုး ဖြင့် ဤသတင်းဌာန ၏ လုပ်ဆောင်ချက်များ ဖြစ်ကြောင်း အာဖရိက တိုက်သား အများ အပြား နားလည်သည့် အင်္ဂလိပ် ၊ ပြင်သစ် ၊ ဆွာဟီလီ၊ ဟာဆာ ဘာသာ စကား များ သည် ဤ ၂၆ ဘာသာစကားတွင် ပါဝင်ကြောင်း သက်ဆိုင်ရာ နိုင်ငံများ ရှိ အမိစကားသုံး မိမိတို့လုပ်ဖော် ကိုင်ဖက်များ ဖြင့် သတင်းများ အကြောင်း အရာများ ကို ကိုယ်တိုင်ရေးသား ထုတ်ဝေ မှု သည် အဗ်နာ သတင်းဌာန ၏ လှုပ်ရှားမှုအသစ် ဖြစ်ပြီး အဗ်နာ ၏ လေးနက်သည့် မူဝါဒများ မှ တစ်ခု ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဤ ရင်းနှီးသောတွေ့ဆုံမှု
တွင် တက်ရောက်လာကြသည့် ကင်ညာ မွတ်စလင်လူငယ်အဖွဲ့ အများစု သည်
မီဒီယာ နှင့် ဆိုက်ဘာစပေ့ တက်ကြွ လှုပ်ရှား သူများ ဖြစ်ကြပြီး
ဘာသာရေးအသိပညာဖြန့်ဝေရန်အတွက် မီဒီယာ နှင့် ဆိုက်ဘာစပေ့ ကို ကိုအသုံးပြုရန်
လိုအပ်ကြောင်း မိမိ တို့၏အမြင်များကို တင်ပြခဲ့ကြပါတယ်။
****************************************************************
END / 251