အဲဟ်လေ့ဘိုက် (သ) (အ.စ) တက္ကသိုလ် ကျောင်းအုပ် ကြီး ဒေါက်တာ စအီးဒ် ဂျဇာရီ မအ်မူအီ မှ ယူဂန်ဒါနိုင်ငံ ရှိ ကမ်ပါလာ တက္ကသိုလ် သို့ သွားရောက် လည်ပတ် ခဲ့ပါတယ်။
ကျောင်းအုပ် ကြီး ဒေါက်တာ စအီးဒ် ဂျဇာရီ မအ်မူအီ မှ မိမိ၏ ခရီးစဥ် နှင့်ပတ်သက်ပြီး အဗ်နာ သတင်းဌာန ကို ပြောကြားသည်မှာ - ယူဂန်ဒါနိုင်ငံ အန်ဘသဟ် မြို့ ရှိ တက္ကသိုလ် ၅ ခု သို့ သွားရောက်လည်ပတ် ခဲ့ကြောင်း ဖြစ်ပါတယ်။ တွေ့ဆုံမှုတစ်ခုမှာ ယခင်က အီရန်နိုင်ငံဆိုင်ရာ ယူဂန်ဒါသံအမတ်ဖြစ်ခဲ့ပြီး အီရန်ယဉ်ကျေးမှုကို ကောင်းမွန်စွာ တတ်ကျွမ်းသည့် ကမ်ပါလာ တက္ကသိုလ် ဥက္ကဋ္ဌနှင့် တွေ့ဆုံမှုဖြစ်ပါတယ်။
အဲဟ်လေ့ဘိုက် (သ) (အ.စ) တက္ကသိုလ် ကျောင်းအုပ် ကြီး ဒေါက်တာ ဂျဇာရီ မှ ယူဂန်ဒါနိုင်ငံ မှ ဤတက္ကသိုလ်၏ အခြားတက္ကသိုလ် လေးခုကို သွားရောက် ခဲ့ပြီး၎င်းတို့၏ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာ စင်တာတို့ ကို လေ့လာကြည့်ရှုပြီး သက်ဆိုင်ရာ အကြီးအကဲများနှင့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
ကျောင်းအုပ် ကြီး ဒေါက်တာ စအီးဒ် ဂျဇာရီ မအ်မူအီ မှပြောကြားသည်မှာ တက္ကသိုလ်များ နှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် မိမိတို့ သည် တတ်နိုင်မှု အများအပြား ရှိကြောင်း တစ်ဘက်မှ လည်း ပူးပေါင်း ဆောင်ရွက်မှု အတွက် စိတ်အားထက်သန် မှု ရှိရန် လိုကြောင်းပြောကြားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြီးမိမိတို့အနေဖြင့် နယ်ပယ်ငါးခုဖြစ်သည့် ကျောင်းသားဖလှယ်မှု၊ ဆရာများ အတွက် တက္ကသိုလ် ဆိုင်ရာ ကျယ်ပြန့်သည့် ဘာသာရပ်မျိုးစုံ လေ့လာမှုအခွင့်အလမ်းများ၊ တက္ကသိုလ်သင်တန်းများ တိုးချဲ့မှု၊ ယူဂန်ဒါကျောင်းသားများနှင့် ဆရာများအတွက် ပူးတွဲပညာ ဆိုင်ရာ သင်တန်းများကို ကျွန်ုပ်တို့ အဆိုပြုခဲ့ပြီး သဘောတူညီချက်ကို တရားဝင်လက်မှတ်ရေးထိုးခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။
****************************************************************
END / 251