အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၄ အောက်တိုဘာ ၂၀၂၃

၁၅:၀၄:၅၂
1400973

“လူကြီးမင်းသည် အလ္လာဟ့် လမ်း ၏ မိုဂျာဟစ်ဒ် အစစ်အမှန် ဖြစ်ပါတယ် ” / ရဲဟ်ဗၕ် အင်န်ကေလာဗ် အစ္စလာမ်မီ

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနအီ သည် ယနေ့ နမာဇ် ဇဟိုရ် မတိုင်မီ နိုင်ဂျီးရီးယား အစ္စလာမ်မစ် လှုပ်ရှားမှုအဖွဲ့ အတွင်းရေးမှူးချုပ် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ ပြီးနောက် ၎င်း၏ ဇနီးသည် တို့နှင့်တွေ့ဆုံ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သတင်းအထောက်အထားများအရ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနအီ သည် ယနေ့ နမာဇ် ဇဟိုရ် မတိုင်မီ နိုင်ဂျီးရီးယား အစ္စလာမ်မစ် လှုပ်ရှားမှုအဖွဲ့ အတွင်းရေးမှူးချုပ် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ ပြီးနောက် ၎င်း၏ ဇနီးသည် တို့နှင့်တွေ့ဆုံ ခဲ့ပါတယ်။  ရဲဟ်ဗရ် အင်န်ကေလာဗ် အနေဖြင့် နိုင်ဂျီးရီးယား အစ္စလာမ်မစ် လှုပ်ရှားမှုအဖွဲ့ အတွင်းရေးမှူးချုပ် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ အား အလ္လာဟ့် လမ်းတွင်  ကြိုးပမ်းခဲ့မှုများ ၎င်း မိသားစု ၏ ကြိုးပမ်းမှု များ ကို ဂုဏ်ပြု မိန့်ကြားပြီး ပါလက်စတိုင်း ကိစ္စ အထူးသဖြင့် ဂါဇာကမ်းမြောင်ဒေသကိုရည်ညွန်း မိန့်ကြား ပြီး အစ္စလာမ်သာသနာအပေါ်  လုပ်ကြံ ဖန်တီးမှုအစီအစဥ်များ အများ အပြား ပြုလုပ်နေသည့် ကြားမှ ကမ္ဘာပေါ် တွင် အစ္စလာမ်၏ တန်ခိုးအာဏာ ၏ တိုးမြင့်လာ မှု သည် အစ္စလာမ့် မိုဂျာဟစ်ဒ် များ ၏ ကြိုးပမ်းမှုများ ၏ ရလာဒ် ဖြစ်ကြောင်း လက်ရှိ ဖြစ်ပေါ် နေသည့် ပါလက်စတိုင်း ကိစ္စ တစ် ခုလည်း  အစ္စလာမ် အင်အား ကိုပြသနေသည့် ပြရုပ် တစ်ခု ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါ တယ်။

ဆက်လက်ပြီး အထူးသဖြင့် ပါလက်စတိုင်းတွင် မကြာသေးမီရက်များအတွင်း ဖြစ်ပွားခဲ့သော ဗုံးခွဲမှုများ၊ အထူးသဖြင့် အမျိုးသမီးများ၊ ကလေးများနှင့် အမျိုးသားများ သတ်ဖြတ်ခံရမှုများသည် လူ့စိတ်နှလုံးကို ထိခိုက်နာကျင်စေသော်လည်း ယင်းဖြစ်ရပ်များ၏ အခြားတစ်ဘက်တွင်လည်း ပါလက်စတိုင်းရှိ အစ္စလာမ်၏ မယုံနိုင်လောက်စရာ အလ္လာဟ် တန်ခိုးနှင့် ကျေးဇူးတော်၊ ကရုဏာများကို  ပြသနေသည်ဖြစ်ကြောင်း ပါလက်စတိုင်း တို့သည် အနန္တတန်ခိုးရှင် အလ္လာဟ်ဟို အရှင်မြတ် ၏ ကရုဏာ နှင့် ချီးမြှင့်မှုများ ဖြင့်(မိမိနယ်မြေ ပြန်ရရှိရန်) စစ်ဆင်ရေးကြီးကို  စတင်ခဲ့ပြီး ဖြစ်ပြီး ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း  ပါလက်စတိုင်းတို့၏ ပြီးပြည့်စုံသော အောင်ပွဲဆီသို့ ဦးတည်သွားမည်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနအီ အနေဖြင့် ကမ္ဘာ့ အစ္စလာမ့် လောက ရှိ မွတ်စလင်မ်များ အားလုံး ၏ တာဝန် ဝတ္တရား မှာ ပါလက်စတိုင်း ကို ကူညီရန် ဖြစ်ကြောင်း ဆက်လက်မိန့် ကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနအီ အနေဖြင့် ဆက်လက်ပြီး အီရန်နိုင်ငံ ၏ အစ္စလာမ့်စနစ် နှင့် အစ္စလာမ့်အစိုးရ သည် အစ္စလာမ်မီ ဗျူဟာ ကို ခြေခံပြီး တည်ဆောက် ထားသည့် ဖြစ် ကြောင်း ဤတည်ဆောက် မှုကို ရာစုနှစ်များစွာကြာပြီးပြုလုပ်ခဲ့ရသည် ဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် စတင်တည်ထောင်ချိန်မှစ၍ တနေ့ထက်တနေ့ ပိုမိုအားကောင်းလာ ကြောင်း ၊ အနာဂတ်တွင် ပိုမိုအား ကောင်းလာမည်ဖြစ် ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကမ္ဘာပေါ်တွင် အစ္စလာမ့်လှုပ်ရှားမှုများ တနေ့ထက်တနေ့ တိုးပွားလာနေ ကြောင်း နေ့တွင်၊ အာဖရိက၊ အာရှ၊ ဥရောပနှင့် မြောက်အမေရိကကဲ့သို့သော ကမ္ဘာ့နေရာအနှံ့အပြားတွင် အစ္စလာမ့်လှုပ်ရှားမှုများ ကျယ်ပြန့်လာကာ အလ္လာဟ် ဟို အရှင်မြတ် ကျေးဇူးတော်ချီးမြှင့်မှု ဖြင့် ဤလှုပ်ရှားမှု၏ အောင်မြင်များ ဆွတ်ခူး ရရှိမည် ဖြစ်ကြောင်း အင်အားကြီးမား စွာဖြင့် ရှေ့ သို့ ဆက်လက် ချီတက်သွားမည် ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါ တယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနအီ အနေဖြင့် အစ္စလာမ်မစ် လှုပ်ရှားမှု အဖွဲ့  အတွင်းရေးမှူး ချုပ် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ ပြီးနောက် ၎င်း၏ ဇနီးသည် တို့နှင့်တွေ့ဆုံစဥ် မိမိအနေဖြင့် ဤတွေ့စုံရမှု အတွက် အလွန် ဝမ်းသာ ပီတိ ဖြစ်ရကြောင်း ပြီးနောက် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ  အား  “  လူကြီး မင်းသည် အလ္လာဟ့် လမ်း ၏ မိုဂျာဟစ်ဒ် အစစ်အမှန် ဖြစ်ပါတယ်။လူကြီးမင်းအနေဖြင့် မိမိ၏ မိုဂျာဟစ်ဒ် ဆိုင်ရာ လှုပ်ရှားမှုများ ကို ဆက်လက် ဆောင်ရွက် သွားမည် ဟု မျှော်လင့်  ပါတယ် ။ ” ဟု မိန့်ကြားခဲ့ ပါတယ်။

****************************************************************

END / 251