အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၂ မတ် ၂၀၂၄

၀၀:၁၁:၃၂
1446032

သခင်မကြီး ဟဇရသ် ခဒီဂျဟ် (စ.အ) အား ဟဇရသ် အာအေရှဟ် ၏ စော်ကားမူ

သခင်မကြီး ဟဇရသ် ခဒီဂျဟ် (စ.အ) အား ဟဇရသ် အာအေရှဟ် ၏ စော်ကားမူ အား ဆဟီးဘုခါရီ ကျမ်း မှ ထောက်ပြသွားမည် ဖြစ်ပါတယ်။ စာဖတ်သူ အနေဖြင့် ကိုယ်တိုင် စဥ်းစား ဆုံးဖြတ် နိုင်ရန် ဖြစ်ပါတယ်။ ပြဿနာထက် အမှန်တရားကို သိရှိရန် တရားမျှတကြရန် ရည်ရွယ်၍ ဖော်ပြခြင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆဟီးဘုခါရီကျမ်း ၏ ဟဒီးစ်တော် အမှတ် ၃၈၁၅ တွင် အောက်ပါအတိုင်း လာ ရှိပါတယ်။ အာရဘီ စာသားအား အောက်ပါအတိုင်း ရေးသားတင်ပြ အပ်လိုက်ပါတယ်။

3815. حَدَّثَنِي مُحَمَّدٌ أَخْبَرَنَا عَبْدَةُ عَنْ هِشَامِ بْنِ عُرْوَةَ عَنْ أَبِيهِ قَالَ سَمِعْتُ عَبْدَ اللَّهِ بْنَ جَعْفَرٍ قَالَ سَمِعْتُ عَلِيًّا رَضِيَ اللَّهُ عَنْهُ يَقُولُ سَمِعْتُ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ ح حَدَّثَنِي صَدَقَةُ أَخْبَرَنَا عَبْدَةُ عَنْ هِشَامٍ عَنْ أَبِيهِ قَالَ سَمِعْتُ عَبْدَ اللَّهِ بْنَ جَعْفَرٍ عَنْ عَلِيِّ بْنِ أَبِي طَالِبٍ رَضِيَ اللَّهُ عَنْهُمْ عَنْ النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ خَيْرُ نِسَائِهَا مَرْيَمُ وَخَيْرُ نِسَائِهَا خَدِيجَةُ.

ရည်ညွှန်း - https://mohaddis.com/View/Sahi-Bukhari/T2/3815

မြန်မာအဓိပ္ပာယ် -

ဟဇရသ်အလီ (အ.စ) ထံ မှ ရီဝါယသ်တော် လာရှိပါတယ်။  ဟဇရသ် အလီ (အ.စ) မှ တမန်တော်မြတ် (ဆွ) ထံ မှ ဆင့်ပြန် တင်ပြသည်မှာ - ကိုယ်တော်မြတ် (ဆွ) မိန့်တော် မူသည်။ «  ဟဇရသ် မရ်ယန်မ် (စ.အ) သည် မိမိ ခေတ်ကာလ ၏ အမျိုးသမီးများ တွင် အကောင်း တကာအကောင်းဆုံး(အမြင့်မြတ်ဆုံး) အမျိုး သမီး ဖြစ်ပါသည်။ ထိုပြင် ဟဇရသ် ခဒီဂျဟ် (စ.အ) သည် ဤ အွန်မသ် တွင် အားလုံးထက် အမြင့်မြတ်ဆုံး သူ ဖြစ်ပါ သည်။ »

အထက်ပါ ဟဒီးစ်တော် အရ သခင်မကြီး ၏ ကြီးကျယ်မြင့်မြတ် မူကို ထင်ရှား စွာ သိရှိရမှာဖြစ်ပါတယ်။

ပြီးနောက် ဆဟီးဘုခါရီကျမ်း ၏ ဟဒီးစ်တော် အမှတ် ၃၈၁၅ တွင် အောက်ပါအတိုင်း လာ ရှိပါတယ်။ အာရဘီ စာသားအား အောက်ပါအတိုင်း ရေးသားတင်ပြ အပ်လိုက်ပါတယ်။

3821. وَقَالَ إِسْمَاعِيلُ بْنُ خَلِيلٍ أَخْبَرَنَا عَلِيُّ بْنُ مُسْهِرٍ عَنْ هِشَامٍ عَنْ أَبِيهِ عَنْ عَائِشَةَ رَضِيَ اللَّهُ عَنْهَا قَالَتْ اسْتَأْذَنَتْ هَالَةُ بِنْتُ خُوَيْلِدٍ أُخْتُ خَدِيجَةَ عَلَى رَسُولِ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ فَعَرَفَ اسْتِئْذَانَ خَدِيجَةَ فَارْتَاعَ لِذَلِكَ فَقَالَ اللَّهُمَّ هَالَةَ قَالَتْ فَغِرْتُ فَقُلْتُ مَا تَذْكُرُ مِنْ عَجُوزٍ مِنْ عَجَائِزِ قُرَيْشٍ حَمْرَاءِ الشِّدْقَيْنِ هَلَكَتْ فِي الدَّهْرِ قَدْ أَبْدَلَكَ اللَّهُ خَيْرًا مِنْهَا .

ရည်ညွှန်း - https://mohaddis.com/View/Sahi-Bukhari/T2/3821

မြန်မာအဓိပ္ပာယ် -

ဟဇရသ် အာအေရှဟ် ထံ မှ ရီဝါယသ်တော် လာရှိပါတယ်။ ၎င်းမှ ပြောကြားသည်မှာ - တစ်ချိန်တစ်ခါ ဟဇရသ် ဟာလဟ် ဘင်န်သေ ခိုဝိုင်းလစ်ဒ်  ဟဇရသ် ခဒီဂျဟ် (စ.အ) ၏ ညီမ ဖြစ်သူသည်  ကိုယ်တော်မြတ် (ဆွ) ထံ အထဲသို့ လာရန် ခွင့်တောင်းလေ၏။ ထိုအခါ ကိုယ်တော်မြတ် (ဆွ) အနေဖြင့် ဟဇရသ် ခဒီဂျဟ် (စ.အ) ခွင့်တောင်းခဲ့သည်ကို အောက်မေ့ သတိရသွားလေသည်။ ကိုယ်တော် (ဆွ) ရုတ်တရက် တုန်လှုပ် သွားတော်မူပြီး မိန့်တော်မူလေ၏။  «   အိုအလ္လာဟ် - သူမသည် ဟာလဟ် ဖြစ်ပါတယ်။ »  (ထိုအခါ) ဟဇရသ် အာအေရှဟ် မှ ပြောကြားသည်မှာ - ကျွန်မအနေဖြင့် မနာလို ဖြစ်ပြီးတော့ ပြောကြားပါသည်။ « ကိုယ်တော် အနေဖြင့် ကိုရိုင်းရှ် ၏ အဖွားကြီးကို သတိရနေပါတယ်။ သူမသည် (သွားကျိုးသွား၍) အနီရောင်အနီရောင် သွားဖုံးသာ ကျန်ခဲ့သူမ ဖြစ်ပါတယ်။  သူမသေသွားတာ အချိန် ကြာမြင်နေပြီး ဖြစ်ပါတယ်။ သူမအစား အလ္လာဟ်ဟို အရှင်မြတ် သည် ကိုယ်တော်အား သူမထက် ကောင်းသည် ကြင်ယာတော် ကို ပေးထားပြီး ဖြစ်ပါတယ်။  »

စဥ်းစားဆုံးဖြတ်နိုင်ရန် အနှစ်ချုပ်

(၁) ကျမ်းတစ်ကျမ်းတည်းတွင် ဆန့်ကျင်ဘက်ကို တွေ့နေရပါတယ်။

(၂) အူရ်ဒူဘာသာပြန် ဆိုသူ ရှိက်လ်ခိုလ်ဟဒီးစ် ဟာဖေဇ် အဗ်ဒိုလ်စသာရ် ဟမာဒ် (ဒါရိုစ်စလာမ် ) အနေဖြင့် ဟဇရသ် အာအေရှဟ် ပြောကြားသည့် فَغِرْتُ فَقُلْتُ  ဆိုသည်အား ကျွန်မ မနာလို ဖြစ်ပြီးတော် ပြောကြားပါသည်အစား ကျွန်မ ဝံသာနု စိတ်ဖြစ်လာပြီး ဟုဘာသာပြန်သည့်နေရာတွင် ခယာနသ် လုပ်ထား ပါတယ်။

(၃) ဟဇရသ် အာအေရှဟ် သည် ဤကျမ်း၏ တော်ဟဒီးစ်တော် အရ ဤ အွန်မသ်တော် တွင် အားလုံး ထက် အမြင့်မြတ်ဆုံး သူအား အဖွားကြီး  ၊ သွားမရှိသူ ဟုစော်ကား ရိုင်းထားခြင်းဖြစ်ပါတယ်။ ကိုယ်တော်မြတ် (ဆွ) ပထမဆုံးကြင်ယာတော် အား နောက်မှ ကိုယ်တော်မြတ် (ဆွ) ကြင်ယာတော် ဖြစ်သူသည်ဤကဲ့သို့ မပြောသင့်ချေ။

(၄) ဤ အွန်မသ်တော် တွင် အားလုံး ထက် အမြင့်မြတ်ဆုံး သူအား စော်ကားပြီး မိမိကိုယ် အထင်ကြီး မာန်ထက်က မအဇလ္လာဟ် မိမိသည် ဟဇရသ် သည် ခဒီဂျဟ် (စ.အ) ထက် ပိုကောင်း သည် ဟု ပြောပီး ကိုယ်တော်မြတ် (ဆွ) ၏ ဟဒီးစ် အား စော်ကားထားပြီး ဟဒီးစ်တော် မှားနေသလို ပြောနေကြောင်း ဖြစ်ပါတယ်။

(၅) အဲဟ်လေ့စွန္နသ် (ခ) စွန်နီများ သည် ဟဇရသ် အာအေရှဟ် အား ခေါ်သည့်အခါ အမာအာအေရှဟ် ၊ မိုအ်မင်များ၏ မိခင်မွန် ဟဇရသ်အာအေရှဟ် (ရ.သွေ့) သခင်မဆိုပြီး ပြောကြရေးကြပါတယ်။ ဟဇရသ် ခဒီဂျဟ် (စ.အ) သခင်မအားဤကဲ့သို့ ရေးခြင်းမျိုး မရှိသလောက် ဖြစ်ပါတယ်။

မှတ်ချက် - ရှီအဟ် အကီဒဟ် အရ (အ.စ) ၊ (စ.အ) ရေးသားထားခြင်းဖြစ်ပါတယ်။ မျက်မှန် အစိမ်း မတတ်ဘဲ ရှီအဟ် စွန်နီ အစွဲများကို ဘေးချိတ်ပြီး ဖြူစင်သည့် နှလုံးသားဖြင့် မျှမျှတတ လေ့လာ ပြီး ဆုံး ဖြတ်စေလိုကြောင်း လေးစားစွာ မေတ္တာ ရပ်ခံ အပ်ပါတယ်။

****************************************************************

END / 251