အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA ၏ အဆိုအရ ဆီးရီးယားနိုင်ငံ ကမ်းရိုးတန်းဒေသများတွင် လက်နက်ကိုင် ပဋိပက္ခများ ရက်အတော်ကြာ ဖြစ်ပွားနေခဲ့ပြီး ဂျောင်လာနီ သမ္မတ လက်ထက်တွင် ဒမတ်စကတ် အစိုးရသစ်၏ လက်နက်ကိုင် အဖွဲ့များနှင့် ဂျောင်လာနီ ၏ မူဝါဒများကို ဆန့်ကျင်သူများ အကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ဒီအစီရင်ခံစာအရ ဆီးရီးယားအစိုးရသစ်ရဲ့ မူဝါဒတွေဟာ နောက်ဆုံးမှာ အလဝီ တွေကြား မကျေမနပ်ဖြစ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ပြီးနောက် ကြာသပတေးနေ့ကတည်းက ကရ်ဒါဟဟ် ၊ လာဇီကီယဟ်၊ သရ်သူစ် ၊ ဟွမ်စ် နှင့် မတ်ဆ်ယာဖ် အပါအဝင် မြို့အသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြမှုများ စတင်ခဲ့ပါတယ်။
ဂျောင်လာနီ ၏ လက်နက်ကိုင်များက ဆန္ဒပြသူများအား ၎င်းတို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို နှိမ်နင်းရန် တိုက်ရိုက် ပစ်ခတ်ခဲ့ပါတယ်။
ဟွမ်စ် မြို့မှာ ဂျောင်လာနီ၏ လက်နက်ကိုင် သမားများ ၏ ပစ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အဲဒီနောက်ပိုင်း ကမ်းရိုးတန်းဒေသတွေမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။
သတင်းများအရ ဂျောင်လာနီ အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အဖွဲ့များအကြား အလ်ဟဖဟ် ၊ အလ်မွတ်ခ်သာရီယဟ် နှင့် အလ်ရှီးရ် မြို့ငယ်များ တွင် အပြင်းအထန် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာ လူဒါဇင် ပေါင်း များစွာ သေဆုံးခဲ့ ပါတယ်။
ဒမတ်စကတ်ရှိ ကြားဖြတ်အစိုးရ ၏ လက်နက်ကိုင်အဖွဲ့ဝင်များသည် အလဝီများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ကြ ကြောင်း မီဒီယာသတင်းရင်းမြစ်များက ဖော်ပြထားပါတယ်။
ထင်ရှားသော အလဝီ ဘာသာရေးခေါင်းဆောင် ရှိက်ခ် ရှအ်ဗာန် မန်ဆူရ် သည် မိမိ ၏ သားနှင့် အတူ ပထမဆုံး ပြန်ပေးဆွဲခံရပြီး ဂျောင်လာနီ အစိုးရ သစ် ၏ လက်နက်ကိုင်တပ်သားများက သတ်ဖြတ်ခဲ့ကြောင်း သတင်း ရရှိပါ တယ်။
မီဒီယာသတင်းရင်းမြစ်များက အလဝီ အစုလိုက်အပြုံလိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ရာဇ၀တ်မှု ၅ မှုတွင် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် လက်နက်မဲ့ အရပ်သား ၁၆၂ ဦးကို ဒမတ်စကတ် အစိုးရသစ်၏ လက်နက်ကိုင်အဖွဲ့များက သတ်ဖြတ်ခဲ့ပါတယ်။
ဂျောင်လာနီ အစိုးရသည် ဆီးရီးယားပြည်သူများ ၏ အစိုးရလား ? အစ္စရေး နှင့် ၎င်း ၏ မိတ်ဆွေ တူရကီ ၊ အေမရိကန် တို့၏ အစိုးရလား? ဆိုသည်ကို ထင်ရှားစွာ တွေ့မြင်နေရပြီး ဖြစ်ပါတယ်။ အကြောင်း မှာ မိမိတို့လုပ်ရပ်အမှားများ အား ငြိမ်းချမ်း စွာ ဆန့်ကျင်ဆန္ဒပြသည့် အလဝီများ ဆီးရီးယားပြည်သူများကို ရက်ရက်စက်စက် လူမြင်ကွင်း မှာ သတ်ဖြတ်နေပြီး ဆီးရီးယားမြေကို တစ်ခုပြီး တစ်ခု ကျူးကျော်လာသည့် အစ္စရေး ဇီယွန်အား တော်လှန်ရေး မပြောနှင့် ဆန့်ကျင်ပြီး ထုတ်ပြန်ချက်များ မိန့်ခွန်းများပင် မလုပ်ရဲကြသည် ကို တွေ့နေရပါတယ်။
ဂျောင်လာနီ အစိုးရ ၏လက်နက်ကိုင်များ သည် အကွက်ကျကျ ဖြင့် ရှီအဟ် ၊စွန်နီ ပြဿနာ လုပ်ရန် အဓိကရုဏ်း လုပ်ရန် မိမိတို့ တပ်အား ယဇီးဒ်ဘင်န် မိုအာဝေယဟ် (လ.န) တပ် ဟု အမည် ပေးခဲ့ကြပါတယ်။
.......................................................
END / 251
Your Comment