အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၈ ဧပြီ ၂၀၂၄

၂၀:၁၆:၃၇
1450086

ဆယက်ဒ်ဒသိုနေစာအေလ်အာလမီးန် အကြောင်း တစေ့ တစောင်း

ဆယက်ဒ်ဒသိုနေစာအေလ်အာလမီးန် ဆိုသည်မှာ စကြဝဠာအပေါင်းရှိ အမျိုးသမီးများ ၏ခေါင်းဆောင် ဖြစ်ပြီး ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ဘွဲ့တော်များ မှ ဘွဲ့တော် တစ်ခု နှင့် ကြီးကျယ်မြင့်မြတ်မှုများ မှ ကြီးကျယ် မြင့်မြတ် မှု တစ်ခု ဖြစ်ပါတယ်။အနည်းငယ်လေ့လာ နိုင်ရန် တင်ပြအပ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ   

ဆယက်ဒ်ဒသိုနေစာအေလ်အာလမီးန် ဆိုသည်မှာ စကြဝဠာအပေါင်းရှိ အမျိုးသမီးများ ၏ခေါင်းဆောင် ဖြစ်ပြီး ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ဘွဲ့တော်များ  မှ ဘွဲ့တော် တစ်ခု နှင့် ကြီးကျယ်မြင့်မြတ်မှုများ မှ ကြီးကျယ် မြင့်မြတ် မှု တစ်ခု ဖြစ်ပါတယ်။

ရှီအဟ် နှင့် အဲဟ်လေ့ စွန္နသ်တို့၏ ဟဒီးစ် တော် ရင်းမြစ်များအရ ဤအမည်ကို ဟဇရသ် ဖွာတွေမဟ် (စ.အ) သခင်မအား တမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) မှ ပေးတော်မူ ခဲ့ပါသည်။ အစ်ဗ်နေ အဘီ အလ်ဟဒီးဒ် ၏ အဆိုအရ ဤ စကားစု သည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ထံတော် မှ သဝါသိုရ် လဖ်ဇီ သို့မဟုတ် မအ်နဝီ ဖြင့် ဆင့်ပြန်လာ သည် ဟု ဖြစ်ပါတယ်။

အလ်ကာဖီ ကျမ်း၏ ဆင့်ပြန် ချက် အရ ဟဇရသ်ဖွာတွေမဟ် (စ.အ) ၏ စျာပန အတွင်း အေမာမ် အလီ (အ.စ) ၏ ခွသ်ဗဟ် ပေးချိန်တွင်လည်း သခင်မကြီး အတွက် ဤ အသုံး အနှုန်း ကို  အသုံးပြုထားပါတယ်။ ထို့အပြင် ဤဘွဲ့တော်  ဆယက်ဒ်ဒသိုနေစာအေလ်အာလမီးန်  အား အချို့ ဇေယာရသ် များတွင်  ပမာအား ဖြင့် အေမာမ် အလီ (အ.စ) ၏ ဇေယာရသ် ဟဇရသ် ဇဲဟ်ရာ (စ.အ) ၏ ဇေယာရသ် ဇေယာရသ် သေ ဝါရေစ်ဇေယာရသ် သေ အာရှုရာ  နှင့် အေမာမ် ရေဇာ (အ.စ) ၏ ဇေယာရသ် တို့တွင် ဟဇရသ် ဇဲဟ်ရာ (စ.အ) ၏ ဘွဲ့တော် အဖြစ်  ဖော်ပြထားပါတယ်။

စွန်နီရင်းမြစ်များတွင် ဖော်ပြထားသော အခြား ရီဝါယသ်တော်များ ၏ ဆင့်ပြန်ချက်အရ တမန်တော်မြတ် မိုဟမ္မဒ်(ဆွ) သည် ဖွာတွေမဟ် (စ.အ) သခင်မအား ယုံကြည်သက်ဝင်သူ အမျိုးသမီးများ ၏ ဦးသျှောင် ဦးဆောင် ၊ အစ္စလာမ့် အမျိုးသမီးများ ၏ ခေါင်းဆောင် ၊ရှေ့ဆောင် နှင့် ဂျန္နသ် သုခဘုံ ရှိ အမျိုးသမီးများ ၏ ခေါင်းဆောင် ဟူ ၍လည်း ခေါ်ဆိုထားပါတယ်။

အချို့ရီဝါယသ် တော်များတွင် ဟဇရသ် ဖွာတွေမဟ် (စ.အ) နှင့်အတူ အင်န်မရာန် ၏ သမီးတော် ဟဇရသ်အီစာ (ယေရူ ) ၏ မယ်တော်  ဟဇရသ် မရ်ယန်းမ်သခင်မ  နှင့် ဖေရ်အောင် ၏ ဇနီး သည် ဟဇရသ် အာစီယဟ် သခင်မ နှင့် ဟဇရသ် ခဒီဂျဟ် ဘင်န်သေ ခိုဝိုင်းလစ်ဒ် သခင်မ  (တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော် သခင်မကြီး ဖွာတွေမဟ်(စ.အ) ၏မယ်တော် ) တို့ အားလည်း ဘဲ  ဆယက်ဒ်ဒသိုနေစာ အေလ်အာလမီးန် ဟု ခေါ် ဆိုထားပါ တယ်။ သို့သော် ရီဝါယသ်တော် တစ်ခု အရ ဟဇရသ် မရ်ယန်းမ်   သခင်မ သည် မိမိခေတ် ကာလ  အမျိုးသမီးများ ၏ ခေါင်းဆောင် ဖြစ်ပြီး သခင်မကြီး ဖွာတွေမဟ် (စ.အ) စကြဝဠာအပေါင်းရှိ အမျိုးသမီးများ ပထမ နှင့် နောက်ဆုံး အမျိုးသမီးများ ၏ ခေါင်းဆောင် အဖြစ် ရွေးချယ်သတ်မှတ်ခြင်း ခံခဲ့ရသူ ဖြစ်ပါ တယ်။ ထိုနည်းတူစွာ အခြားအမျိုးသမီးများထက် ဖွာတွေမဟ် (စ.အ) သခင်မကြီး ၏  သာလွန်ကောင်းမွန်မှု အတွက် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ)သည် မိမိ ကိုယ်ခန္ဓာ ၏ အစိတ်အပိုင်း ဖြစ်ကြောင်း မိန့်ကြားထားသည့် ဟဒီးစ်တော် အကိုးအကားများ လာရှိပါ တယ်။

ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ မွေးနေ့နှင့် ရှဟာဒသ်နေ့  နှစ်ပတ်လည်နေ့ တွင် ရှီအဟ်များ အနေဖြင့် စုဝေးပွဲများကို အလှဆင် ရန် ပြင်ဆင်ရန်  ဤစာစုများပါရှိ သော အလံများ သို့မဟုတ် နဖူးစည်းများကို အသုံးပြုကြ  ပါ တယ်။

 

ရည်ညွှန်းများ

အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

1.       Ibn al-Mashhadī, Muḥammad. Al-Mazār al-kabīr. 1st edition. Qom: Daftar-i Intishārāt-i ʿIslamī, 1419 AH.

2.        Kulaynī, Muḥammad b. Yaʿqūb al-. Al-Kāfī. Tehran: al-Maktaba al-Islāmīyya, 1388 AH.

3.           Muntakhab faḍāʾil al-nabīyy wa Ahl Baytih min al-ṣiḥāḥ al-sitta wa ghayrihimā min al-kutub al-muʿtabara ʿind ahl al-sunna. Beirut: al-Ghadīr, 1423 AH.

4.           Rājī Kannāṣ, Muḥammad al-. Ḥayāt nisāʾ Ahl al-Bayt. Beirut: Dār al-Maʿrifa, 1429 AH.

5.       https://wikishia.net

6.           Ṣadūq, Muḥammad b. ʿAlī al-. ʿUyūn akhbār al-Riḍā. Edited by Mahdī Lājiwardī. Tehran: Nashr-i Jahān, 1378 AH.

7.       Ṣadūq, Muḥammad b. ʿAlī al-. Man lā yaḥḍuruh al-faqīh. Edited by ʿAlī Akbar Ghaffārī. Qom: Daftar-i Intishārāt-i Islāmī, 1413 AH.

8.       Ṭūsī, Muḥamamd b. al-Ḥasan al-. Miṣbāḥ al-mutahajjid. 1st edition. Beirut: Muʾassisat Fiqh al-Shīʿa, 1411 AH.

****************************************************************

END / 251